အလုပ်အမြန် ရလိုသူများအတွက် ယတြာ
lotaya.mpt.com.mm
|
2021-12-15

မည်သည့်နေ့သားသမီးမဆို အသက်ကို တည် ၇ နှင့်စား၍ (၂) ကြွင်း ၊ (၅) ကြွင်း ၊ (၆) ကြွင်းသော နှစ်များတွင် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်း မတည်မငြိမ် ဖြစ်ခြင်း၊ အလုပ်ပြောင်းနေရာပြောင်းရခြင်း၊ အလုပ်နေရာ  မမြဲခြင်း၊ အလုပ် ရှာဖွေရ ခက်ခဲခြင်း စသည့်အခြေအနေတို့နှင့် ကြုံတွေ့ရတတ်သည်။

အကယ်၍ မိမိသည် အလုပ်တစ်နေရာ ရရှိရေး အသည်းအသန် ကြိုးပမ်းနေရပြီဆိုလျှင် ၊ အလုပ်တစ်နေရာ ရဖို့ မဖြစ်မနေ လိုအပ်လာပြီဆိုလျှင် အောက်ဖော်ပြပါ ယတြာနည်းလမ်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်မည် ဆိုပါက များမကြာမီအတွင်း မိမိအရည်အချင်းနှင့်သင့်လျော်ထိုက်တန်သောအလုပ်တစ်ခုကို ရရှိလာပါလိမ့်မည်။

ယတြာ (၁)

အလုပ်အကိုင်ကိစ္စအတွက် ဖြစ်သောကြောင့် မည်သည့်နေ့သားသမီးမဆို ယတြာလုပ်ရမည့်နေ့မှာ တနင်္ဂနွေနေ့ ဖြစ်သည်။ တနင်္ဂနွေနေ့ မနက် ၉ နာရီမှ ၉ နာရီခွဲအတွင်း မိမိအိမ်ရှိ ဘုရားကျောင်းဆောင်တွင် မုန့်ဟင်းခါးထဲကို ဘူးသီးကြော်ထည့်၍ ကပ်လှူပါ။ ကပ်လှူပြီးနောက် အောက်ဖော်ပြပါ ဂါထာကို သက်စေ့ရွတ်ဖတ်ပူဇော်ပေးပါ။

“ဥုံ တာပုန္န ဂဗ္ဘိမာတာတော ကတွာ ဟေတွာ ဗလံ ဝိဇ္ဇာရိတံ ပုတ္တံ သုခေနစ”

လှူဒါန်း ရွတ်ဖတ်စရာကိစ္စများ ပြီးစီးသည့်နောက် မိမိလိုရာ အလုပ်ကိစ္စ အဆင်ပြေရေးကို အလေးအနက်ထား ဆုတောင်းရပါမည်။ ထို့နောက် မိမိအပေါ် ကျေးဇူးရှိသော၊ မေတ္တာကြီးမားသော မိဘ (သို့မဟုတ်) မိဘကဲ့သို့ အလေးထားရသော အကြီးအကဲများကို မုန့်ဟင်းခါး၊ဘူးသီးကြော်ကို ကျွေးမွေး၍ မိမိအလုပ်အဆင်ပြေရေးကို ဆုတောင်းပေးပါရန် ပန်ကြားပါ။ ၎င်းတို့ထံမှ ဆုတောင်းစကား ကြားပြီးပါက ဤတွင် ယတြာ (၁) ပြီးပါသည်။ (မှတ်ချက် - ယတြာကို တစ်ကြိမ်မှ သုံးကြိမ်အထိ ပြုလုပ်နိုင်ပြီး ဂါထာကိုမူ နေ့စဉ် ရွတ်ဖတ်ပေးသင့်ပါသည်)

ယတြာ (၂)

ယတြာ (၁) ပြီးစီးပါက ယခုဖော်ပြမည့် ယတြာ (၂) ကို ဆက်လုပ်ရပါမည်။ ယတြာပြုလုပ်ပုံမှာ မိမိမွေးနေ့နံနက် ၉ နာရီတွင် တန်ခိုးကြီးစေတီတစ်ဆူသို့ အရောက်သွား၍ အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ရပါမည်။

ဥပမာ တနင်္လာသားသမီးတစ်ဦးသည် မွေးနေ့နံနက် ၉ နာရီတွင် စေတီတစ်ဆူရှိ သောကြာထောင့်တွင် အင်္ဂါနံ ပန်းအညွန့်များ လှူဒါန်းကာ မိမိအလုပ်ရရေးကို စိတ်အားထက်သန်စွာ ဆုတောင်းရပါမည်။ ထို့နောက် မိမိနံ၏ သီရိအရပ်မျက်နှာဖြစ်သော သောကြာထောင့်တွင် သန့်ရှင်းရေးလုပ်အားဒါန ပြုလုပ်ပေးပါ။ ထိုနည်းအတိုင်း ကျန်နေ့သားသမီးများ ဆောင်ရွက်နိုင်ရန် ဇယားဖြင့် ဖော်ပြပေးလိုက်ပါသည်။ (မှတ်ချက် - ဤယတြာကိုလည်း တစ်ကြိမ်မှ သုံးကြိမ်အထိ လုပ်ဆောင်ပေးသင့်ပါသည်)


အလုပ်ကံပွင့်လန်းပြီး လိုရာဆန္ဒပြည့်ဝကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope


#အလုပ်အကိုင်
#ယတြာ
#ဆုတောင်း
#သားသမီး
#မွေးနေ့

Some text some message..