
ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂၀အတွင်း မွေးဖွားသော မိန်ရာသီ(Pisces)တွေဟာ ရာသီခွင်ရဲ့ နောက်ဆုံးသင်္ကေတ ဖြစ်ပါတယ်။ ဘဝနဲ့ အချစ်ကို စွဲလမ်းနှစ်သက်တဲ့ water sign(ရေဓါတ်လွှမ်းမိုး)ဖြစ်သော မိန်ရာသီဟာ ရာသီခွင်ရဲ့ ရိုမန်တစ်အဆန်ဆုံး သင်္ကေတတွေထဲမှ တစ်ခုဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့ပါတနာပေါ်မှာ တုန်နေအောင် ချစ်တတ်ပါတယ်။ သူတို့က အရမ်းထိလွယ်ရှလွယ်ပြီး မကြာခဏ တွေးတောမနေဘဲ မြန်မြန်ဆန်ဆန် ချစ်တတ်ကြပါတယ်။ အခုဖော်ပြပေးမှာကတော့ မိန်ရာသီဖွားတွေအတွက် အံ့သြစရာကောင်းတဲ့ လက်တွဲဖော်တွေ ဖြစ်စေနိုင်တဲ့ signs တွေပါ။
၁။ Cancer (ဇွန် ၂၁ မှ ဇူလိုင် ၂၂)
မိန်ရာသီနဲ့ ကရကဋ်ကဲ့သို့သော water signs နှစ်ယောက်ဟာ အခြားသူတွေလို မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးနိုင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက စိတ်ခံစားချက် နက်ရှိုင်းစွာ ဆက်နွယ်မှုကို လိုလားကြပြီး သဘာဝအတိုင်း ဂရုစိုက် ပျိုးထောင်ကြပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ပြခြင်းဖြင့် သူတို့အချစ်ကို ပြသပါတယ်။ ဒါ့ကြောင့် ဒီအတွဲမှာ ချစ်ခင်မှု ပြတ်တောက်လိမ့်မှာ မဟုတ်ပါဘူး။ သင်္ကတနှစ်ခုလုံးက ထိလွယ်ရှလွယ်သူတွေ ဖြစ်တာကြောင့်အချင်းချင်းရဲ့ ခံစားချက်တွေကို ကိုယ်ချင်းစာ နားလည်နိုင်ပြီး တစ်ဖက်သား ဘယ်ကလာတယ်ဆိုတာကို နားလည်နိုင််ကြပါတယ်။ ဒီနှောင်ကြိုးက နက်နဲပါတယ်။

၂။ Leo (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂)
သိဟ်ရာသီဖွားဟာ အပေါ်ယံအားဖြင့်ကြည့်ရင် မိန်ရာသီဖွားအတွက် ရှေ့သွားနောက်လိုက်ညီတယ်လို့ မထင်ရပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ကွဲပြားမှုတွေကြားထဲမှာတော့ ဒီနှစ်ယောက်ဟာ တကယ့်ကို စိတ်အားထက်သန်တဲ့ ဆက်ဆံရေးကို မျှဝေနိုင်ချေရှိပါတယ်။ နှစ်ယောက်စလုံးက သူတို့ရဲ့အချစ်ကို လှစ်ပြတတ်ကြပြီး ချစ်မိသွားတဲ့အခါ ရှိသမျှ ပုံအပ်တတ်ကြပါတယ်။ သိဟ်နဲ့ မိန်တို့ရဲ့ ခံစားချက်တွေက အရမ်းနက်ရှိုင်းပြီး လေးနက်ကြပါတယ်။ ဒီဆက်ဆံရေးမှာ Leo ဟာ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လေ့ရှိပြီး Pisces ကတော့ ပြုစုပျိုးထောင်တဲ့ အနေအထားကို လက်ခံလေ့ရှိပါတယ်။

၃။ SCORPIO (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)
နောက်ထပ် Water sign ဖြစ်တဲ့ ဗြိစ္ဆာရာသီဖွားဟာ မိန်အတွက် အရမ်းကောင်းတဲ့ အဖော်ဖြစ်ပါတယ်။ ဒီလက္ခဏာနှစ်ရပ်က အခြားသူတွေ နားမလည်နိုင်တဲ့ အရာများစွာမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်နေနိုင်ပါတယ်။ သူတို့က အခြေအနေတွေကို တူညီတဲ့ နည်းဖြင့် တုံ့ပြန်လေ့ရှိကြပြီး နှစ်ယောက်စလုံးက သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာစောင့်သိကာ ကတိသစ္စာပြုကြပါတယ်။ signs နှစ်ခုစလုံးက သူတို့ရဲ့ လွတ်လပ်မှုနဲ့ အထောက်အထားတွေ နောက်ကွယ်မှာ နေရာယူထားတဲ့ အလုံးစုံသော ချစ်ခြင်းမေတ္တာထဲသို့ ကျရောက်လေ့ရှိတာကြောင့် တစ်ခါတစ်ရံမှာ သူတို့ဟာ ပူးတွဲမှီခိုမှုနဲ့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ self-awareness ကိုထိန်းသိမ်းထားသရွေ့တော့ တစ်ယောက်နဲ့ တစ်ယောက် အရမ်း အသည်းစွဲဖြစ်လာတဲ့အခါ ဘရိတ်တပ်ရမှန်း သိလာပါတယ်။ ဒီနှစ်ယောက်စလုံးက perfect ဖြစ်နိုင်ပါတယ်။

၄။ ARIES (မတ် ၂၁ မှ ဧပြီလ ၁၉ ရက်)
သူတို့ကိုယ်သူတို့ အားနည်းသွားအောင် လေးနက်စွာ ချစ်တတ်ကြတဲ့ မိန်ရာသီလို sign မှာ သစ္စာရှိမယ့် sign လိုအပ်ပါတယ်။ မိဿရာသီဖွားတွေဟာ သစ္စာအရှိဆုံး sign တွေထဲမှ တစ်ခုဖြစ်ပါတယ်။ အသည်းကွဲခြင်းက မိန်ရာသီလို အချစ်ရေးမှာ ချစ်စိတ်ပြင်းပြသူဖြစ်လိမ့်မယ့် ဒီမီးသင်္ကေတဆီကို သဘာဝအတိုင်း မရောက်လာပါဘူး။ သူတို့ရဲ့ ဒေါသက တစ်ခါတစ်ရံမှာ မိန်ရာသီတွေကို လမ်းမှားရောက်စေတတ်သော်လည်း ယေဘုယျအားဖြင့် သူတို့နှစ်ဦးက ကတိကဝတ်နဲ့ သစ္စာစောင့်သိမှုတို့အပေါ် အပြန်အလှန် နားလည်မှုကြောင့် ကောင်းစွာ လိုက်ဖက်ပါတယ်။

၅။ LIBRA (စက်တင်ဘာ 23 – အောက်တိုဘာလ 22)
တူရာသီနဲ့ မိန်ရာသီဟာ ကောင်းစွာလိုက်ဖက်နိုင်သော်လည်း သူတို့နှစ်ယောက်စလုံးက အမြဲတမ်းအကောင်းဆုံးစုံတွဲတွေ မဟုတ်ပါဘူး။ တစ်ဖက်မှာ တူရာသီက အရမ်းရိုမန့်တစ်ဆန်ပြီး မိန်ရာသီကတော့ မြန်မြန်နဲ့ လေးနက်စွာ ချစ်ရတာကို နှစ်သက်တတ်ကြပါတယ်။ သို့သော် တခြားတစ်ဖက်မှာ တူရာသီက အခြား air signsတွေလို ဂနာမငြိမ်ဖြစ်နိုင်ပါတယ်။ ဒါက မိန်တွေအား အချစ်ရေးမှာ သူတို့ရပ်တည်နေတဲ့နေရာ မလုံခြုံသလို ခံစားရစေနိုင်ပါတယ်။

၆။ Capricorn (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)
မိန်တွေက စိတ်ကူးယဉ်ရတာကို နှစ်သက်သော်လည်း မကရတွေက လုပ်ဆောင်ရတာကို နှစ်သက်ပါတယ်။ မိန်တွေက နှလုံးသားနဲ့တွေးပြီး မကရတွေက ဦးနှောက်ဖြင့် တွေးပါတယ်။ မကရတွေက အရာရာကို ကြိုတင်စီစဉ်နေတတ်ချိန်မှာ မိန်တွေကတော့ မလုပ်ခင်မှာ လုပ်ဆောင်ချက်တစ်ခုရဲ့ ဖြစ်နိုင်ခြေဆိုးကျိုးတွေကို တွေးနေတတ်ကြပါတယ်။ ဒီခြားနားချက်က ဟန်ချက်ညီကိုယူလာနိုင်ပြီး လူတစ်ဦးချင်းစီကို တိုးတတ်လာစေဖို့ ကူညီပေးပါတယ်။ ဒါမှမဟုတ် အချစ်ရေးက နိဂုံးချုပ်သွားနိုင်ပါတယ်။

၇။ AQUARIUS (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)
ကုံရာသီနဲ့ မိန်ရာသီတို့ဟာ ကောင်းမွန်တဲ့အတွဲ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေရှိပြီး သူတို့ကို လိုက်ဖက်မှုမရှိစေတဲ့ အချက်တွေလည်း ရှိပါတယ်။ ရာသီခွင်မှာပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘေးချင်းကပ်နေခြင်းက ဒီ sign နှစ်ခုလုံးဟာ လွတ်လပ်သောစိတ်နှင့် အပြုသဘောနှစ်မျိုးလုံး ဖြစ်ပါတယ်။ သို့သော်လည်း မိန်တွေက စိတ်ကူးယဉ်သမားတွေဖြစ်ပြီး ကုံတွေကို လုပ်ဆောင်ဖို့ မတိုက်တွန်းတတ်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ အတူတူ ဖြစ်ထွန်းနိုင်ဖွယ်မရှိတာကြောင့် ပြဿနာတွေ ပေါ်လာတတ်ပါတယ်။ ကုံရာသီတွေက မိန်တွေအတွက် အေးတိအေးစက်နိုင်ပြီး အရမ်းအလှမ်းကွာလွန်းနိုင်ပါတယ်။

၈။ Taurus (ဧပြီ ၂၀ မှ မေ ၂၀)
ပြိဿရာသီခွင်တွေဟာ earth sign ဖြစ်တာကြောင့် မိန်ရာသီတွေအတွက် လိုက်ဖက်မှုကောင်း မဟုတ်ပါဘူး။ ဒီ sign က ကြိုစီစဉ်ရတာကို ပိုနှစ်သက်ပါတယ်။ ရုပ်ဝါဒီဆန်လွန်းပါတယ်။ တစ်ဖက်မှာ မိန်တွေက ပင်ကိုစေ့ဆော်မှု ရှိကြတယ်၊ လွတ်လပ်တဲ့စိတ်ရှိကြတယ်၊ စိတ်ဝင်စားမှုတွေ နက်ရှိုင်းတာမျိုး ရှိကြပါတယ်။ မိန်ရာသီတွေက ပြောင်းလဲနိုင်တဲ့ sign ဖြစ်တာကြောင့် သူတို့ပတ်ဝန်းကျင်က လူတွေရဲ့ ခံစားချက်တွေကို စူးစမ်းလေ့လာပြီး လိုက်လျောညီထွေနေတတ်ကြပါတယ်။

၉။ Sagittarius (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
ဓနုနဲ့ မိန်တွေဟာ စုံတွဲတွေအဖြစ် ပတ်သက်လာတဲ့အခါ သတင်းကောင်းတွေနဲ့ မကောင်းသတင်းတွေ ရှိပါတယ်။ သတင်းဆိုးကတော့ ဒီလက္ခဏာနှစ်ခုက သိသိသာသာ ကွဲပြားပါတယ်။ သူတို့က မီးနဲ့ရေ ၊ ကြမ်းတမ်းသူနဲ့ ထိလွယ်ရှလွယ်သူ ၊ ရည်မှန်းချက်ကြီးသူနဲ့ ပျင်းရိသူတို့ဖြစ်ကြပါတယ်။ သို့သော် သတင်းကောင်းက ဒီ sign နှစ်ခုလုံးဟာ ပြောင်းလဲနိုင်တာကြောင့် သူတို့ပတ်ဝန်းကျင်ကလူတွေနဲ့ လိုက်လျာညီထွေ ရှိနိုင်ပါတယ်။

၁၀။ GEMINI (မေလ ၂၁ မှ ဇွန် ၂၀)
မေထုန်ရာသီနဲ့ မိန်ရာသီဟာ တစ်ဦးနဲ့ တစ်ဦးဆွဲဆောင်မှုမရှိကြသလို သဟဇာတလည်း မဖြစ်ကြပါဘူး။ မေထုန်တွေက စွန့်စားမှုနဲ့ အတွေ့အကြုံသစ်တွေကို ငတ်မွတ်မှုဖြင့် အငြိမ်မနေနိုင်သော air sign ဖြစ်ပါတယ်။ ဒီသင်္ကေတဟာ သူတို့ရဲ့ ခံစားချက်အစစ်အမှန်ကို ထိန်းသိမ်းထားပြီး အရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးလူတွေဖြစ်တယ်လို့ သိကြပါတယ်။ တစ်ချိန်တည်းမှာပဲ မိန်တွေဟာ vulnerable ဖြစ်နိုင်တဲ့ နက်ရှိုင်းသော ဆက်ဆံရေးမျိုးကို လိုချင်တောင့်တကြပါတယ်။ တဖန် သူတို့ဟာ ကိုယ့်ရဲ့အဖော်ကို ပြုစုစောင့်ရှောက်လိုကြပါတယ်။

၁၁။ VIRGO (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
စုံတွဲတွေအဖြစ် အစေးမကပ်တဲ့ သင်္ကေတနှစ်ခုကို ပြပါဆိုရင် ကန်ရာသီနဲ့ မိန်ရာသီတို့ ဖြစ်နိုင်ပါတယ်။ စေ့စပ်သေချာပြီး အနည်းငယ် ဝေဖန်တတ်တဲ့ သဘောသဘာဝရှိတဲ့ ကန်သီတွေဟာ မိန်ရဲ့ ခံစားချက်တွေကို ထိခိုက်စေနိုင်ပါတယ်။ မိန်ရာသီတွေဟာ သူတို့ရဲ့ စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျတဲ့ စိတ်ကူးတွေနဲ့ ကန်ရာသီဖွားတွေကို အနှောက်အယှက်ဖြစ်စေမှာ သေချာပါတယ်။ သို့သော် လက္ခဏာနှစ်ခုစလုံးက လိုက်လျောညီထွေရှိပြီး အခြေအနေက မှန်ကန်ရင် သူတို့ပတ်ဝန်းကျင်ရှိလူတွေနဲ့ လိုက်လျောညီထွေနေနိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-bolde.