
သင့်ရဲ့ကြယ်လက္ခဏာက သင့်အား တခြားသူတွေ ငြင်းရက်စရာမရှိနိုင်တဲ့အရာကို ခန့်မှန်းပေးနိုင်ပါတယ်။အချို့သော sign တွေက တခြားသူတွေထက် နှစ်လိုဖွယ်ကောင်းချိန်မှာ အချို့သော sign တွေက တခြားသူတွေကို ဆွဲဆောင်တဲ့ ဟာသဉာဏ်တွေ ရှိကြပါတယ်။ ဒါတွေကတော့ သူတို့ကို အလှဆုံးဖြစ်စေတဲ့ ရာသီခွင်တွေရဲ့ ငြင်းရက်စရာမရှိသော အင်္ဂါရပ်တစ်ချို့ပါ။
ဘယ်အချိန်က ကိုယ့်ကိုကိုယ် ကြည့်အကောင်းဆုံးလို့ ထင်သလဲ? ဆံပင်နဲ့ လက်သည်းတွေပြင်ပြီးလို့ အလှပြင်ဆိုင်က ထွက်လာတဲ့အချိန်လား? ဒါမှမဟုတ် Spa မှာ တစ်ကိုယ်လုံးပေါင်းတင်၊ အနှိပ်ခံပြီးသွားတဲ့အချိန်လား?
စိတ်ချမ်းသာတဲ့အခါ ကြည့်ကောင်းနေတယ်ဆိုတာ မှန်ပါတယ်။ သင်နေမကောင်းချိန် (သို့) စိတ်ဆိုးနေချိန်မှာ ဆွဲဆောင်မှုရှိတယ်လို့ ခံစားရဖို့ ခက်ခဲပါတယ်။ မိတ်ကပ်လိမ်းပြီး ဆံပင်ကို ပြင်လို့ရပေမယ့် ဝမ်းနည်းမှု ၊ ဒေါသတွေကို ဖုံးကွယ်ဖို့ သင့်မျက်လုံးက ခက်ပါတယ်။ လူအများစုက အသည်းကွဲပြီး ငိုတဲ့အခါ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဒေါသထွက်တဲ့အခါ ဆွဲဆောင်မှုရှိမှာ မဟုတ်တော့ပါဘူး။ အခြားတစ်ဖက်ကကြည့်ရင်လည်း သင်ဟာ အေးဆေးတည်ငြိမ်နေရုံမျှဖြင့် ကြည့်ကောင်းနေတယ်လို့ မဆိုလိုပါဘူး။
စစ်မှန်တဲ့ အလှတရားမှာ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်အားထက်သန်မှုနဲ့စွမ်းအင်တွေ ပါဝင်ပါတယ်။ သွားတွေကို သပ်သပ်ရပ်ရပ် ပြုပြင်ထားပေမယ့် ရုပ်ဆိုးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိရင်တော့ သင်ဟာ မလှပပါဘူး။
သင့်ခန္ဓာကိုယ်ကို ဂရုစိုက်ခြင်း – ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအစာတွေကို ဂရုတစိုက်စားတာမျိုး၊ ဗီတာမင်တွေ စားသုံးတာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးက သင့်ရုပ်ရည်ကိုသာ လှပစေပါတယ်။ စိတ်ချမ်းသာပြီး ယုံကြည်မှုရှိတဲ့အခါ သင့်ရဲ့ အလှဆုံးကို သင်မြင်ရပါတယ်။ ပျော်ရွှင်မှု (သို့) ကျေနပ်မှုက သင့်အသွင်အပြင်အပေါ် သက်ရောက်ပါသလား? အဖြေကတော့ ဟုတ်ပါတယ်။ သင့်ရဲ့ရာသီခွင်လက္ခဏာအရ ဘယ်အရာက သင့်ရဲ့အလှဆုံးပုံပေါ်စေလဲဆိုတာ ပြောပြပေးနိုင်ပါတယ်။
၁။ Aries (မတ်လ ၂၁ မှ ဧပြီလ ၁၉)
သင်ဟာ ကိုယ့်ကိုယ်ကို challenge လုပ်တဲ့အခါ၊ ကိုယ်မျှော်လင့်ထားတာထက် ကျော်လွန် အောင်မြင်တဲ့အခါ မှာ အလှဆုံးပါပဲ။ အနိုင်ရတာကို နှစ်သက်ပြီး အထူးသဖြင့် သင်မမျှော်လင့်ထားတဲ့ အရာတွေမှာ အောင်မြင်တာကို နှစ်သက်ပါတယ်။ အောင်မြင်ခြင်းမှာ သင့်ရဲ့ဂုဏ်ယူမှုက သင့်မျက်နှာမှာ ပြသနေပါတယ်။

၂။ Taurus (ဧပြီ ၂၀ မှ မေ ၂၀)
သက်တောင့်သက်သာနဲ့ နွေးထွေးသော ပတ်ဝန်းကျင်မှာ ကိုယ်ချစ်ရသူတွေရဲ့ အနီးအနားမှာ ရှိနေတဲ့အခါ ကိုယ့်ကိုကိုယ် အလှဆုံးလို့ မြင်ပါတယ်။ သင်ဟာ ကိုယ့်ကို ပျော်ရွှင်စေပြီး မိသားစု၊ အစားအသောက်၊ ပျော်ရွှင်စရာတွေ ပါဝင်တဲ့ အားလပ်ရက်တွေ၊ စုဝေးပွဲတွေ၊ မွေးနေ့တွေမှာ ရှင်သန်ပါတယ်။

၃။ Gemini (မေ ၂၁ မှ ဇွန်လ ၂၀)
သင်ဟာ အထူးသဖြင့် ဆွေးနွေးခြင်း၊ အကြံဉာဏ်တွေ ဖလှယ်ခြင်း များစွာရှိသော သင်ကြားရေးပတ်ဝန်းကျင်မှာဆိုရင် တောက်ပနေတတ်ပါတယ်။ ပညာရေးက သင့်အတွက် ကောင်းနေပုံရပါတယ်၊ သင်ဟာ ဉာဏ်ရည်ဉာဏ်သွေး လှုံ့ဆော်မှုနဲ့ စိန်ခေါ်ခံရတဲ့အခါ ရှင်သန်လာပုံရပါတယ်။

၄။ Cancer(ဇွန် ၂၁ မှ ဇူလိုင် ၂၂)
အချစ်နဲ့တွေ့တဲ့အခါ အံသြစရာကောင်းလောက်အောင် ကြည့်ကောင်းတဲ့သူတွေကို သင်သိပါသလား? သင်ဟာ အချစ်နဲ့တွေ့တဲ့အခါ မျက်လုံးတွေ တောက်ပနေပြီး အပြုံးတွေကလည်း လန်းဆန်းနေတက်ပါတယ်။ ပြီးတော့ ပျော်ရွှင်မှုတွေကိုလည်း ဖော်ထုတ်ပြသတတ်ပါတယ်။ ရယ်စရာကောင်းတာက သင်ရဲ့ချစ်သူဟာ တစ်ခန်းထဲမှာ ဖြစ်စရာတောင်မလိုတာပဲ ဖြစ်ပါတယ်။ သင့်မှာ အချစ်ကို တစ်ချိန်လုံး မြင်နေရလို့ပါ။

၅။ Leo (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂)
သင်က လူတိုင်းနီးပါးရဲ့ အာရုံကို ဖမ်းစားနိုင်တဲ့သူ တစ်ယောက်ပါ။ သင်ဟာ အမြဲတစေ ပေါင်းသင်းဆက်ဆံတတ်သူ၊ သားနားသပ်ရပ်စွာ ဝတ်စားတတ်သူ၊ ယုံကြည်မှုအပြည့်ရှိသူပါ။ အခန်းတစ်ခန်းထဲကို ဝင်သွားရင် အားလုံးရဲ့အကြည့်က သင့်အပေါ်မှာပါပဲ။ ဒါကို သင်လည်း ကြိုက်ပါတယ်။ သင်ဟာ နေရောင်ကြောင့် ပွင့်နေတဲ့ ပန်းတစ်ပွင့်လို လူတွေ သင့်ကို ကြည့်တဲ့အခါ ပိုလို့တောင် လှလာပါသေးတယ်။

၆။ Virgo (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)
ဘယ်သူမှ အဖြေရှာလို့မရတဲ့ ပြဿနာရဲ့အဖြေကို ရလာတဲ့အခါ သင်က အလှဆုံးပါပဲ။ သင်ဟာ ဘယ်အရာကိုပဲဖြစ်ဖြစ် သိနေခြင်းအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ပြီး ကိုယ့်ရဲ့ အသိပညာကို ထုတ်ဖော်ပြသရတာကို နှစ်သက်ပါတယ်။ အဖြေအားလုံးရှိနေခြင်း (သို့) သူတို့ကို ဘယ်လိုရယူရမယ် ဆိုတာကို သိရှိခြင်းက ကိုယ့်ကိုယ်ကို စိတ်ချမှုကို ခံစားရစေပါတယ်။

၇။Libra (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)
သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရတဲ့အချိန်က သင့်ရဲ့အတောက်ပဆုံး အချိန်ပါပဲ။ သင်ဟာ ကိုယ့်ကိုချစ်ပြီး နားလည်ပေးသူတွေနဲ့ အတူရှိနေတဲ့အခါ ပိုကောင်းသလို ခံစားရပါတယ်။ လူတိုင်းကို သင့်လိုပဲ ပျော်ရွှင်ပြီး သက်တောင့်သက်သာ ဖြစ်စေချင်ပါတယ်။ သင်နဲ့ သင့်နှလုံးသားနှစ်ခုလုံးက အရမ်းလှပနေပါတယ်။

၈။ Scorpio (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)
တစ်ခုခုကို စိတ်အားထက်သန်စွာနဲ့ ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ သင့်ရဲ့ အလှဆုံးလို့ မြင်ပါတယ်။ သင်ဒေါသထွက်နေ၊ ရယ်မောပျော်ရွှင်နေနိုင်သော်လည်း အရမ်းပြင်းထန်တဲ့ စိတ်ခံစားမှုအချို့ရှိနေတတ်ပါတယ်။ သင်ဟာ ကိုယ်ရဲ့ စိတ်ဆန္ဒထဲကို တစ်ကိုယ်လုံး ပစ်ထည့်ထားလို့၊ အဲဒီရဲ့စွမ်းအင်တွေက ယစ်မူးစေလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၉။ Sagittarius (နိုဝင်ဘာ 22 မှ ဒီဇင်ဘာ 21)
အခက်အခဲ၊ အသစ်အဆန်းတစ်ခုခုဖြင့် လှုံ့ဆော်ခံရတဲ့အခါမှာ အရမ်းဆွဲဆောင်မှု ရှိလာပါတယ်။ သင်ဟာ အသစ်သောအရာတွေကို သင်ယူခြင်း၊ ပြောင်းလဲခြင်းနဲ့ စိန်ခေါ်မှုရှိတဲ့ အတွေးအခေါ်တွေပေါ်မှာ ရှင်သန်ပါတယ်။ သင်ဟာ အဟောင်းကိုပဲ တစ်နေ့ပြီးတစ်နေ့ ဆက်ဆံရတဲ့အခါ ကြည့်မကောင်းတော့တာ မဟုတ်ပါဘူး။ သင်က အခြေအနေသစ်တွေအောက်မှာ ရှင်သန်နေလို့ပဲ ဖြစ်ပါတယ်။

၁၀။ Capricorn (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)
ရယ်မောနေတဲ့အခါမှာ သင်က ဆွဲဆောင်မှု အရှိဆုံးပါပဲ။ သင်ဟာ အမြဲတမ်း စိတ်အေးလက်အေး ဖြစ်နေတဲ့သူတော့ မဟုတ်ပါဘူး။ သင်ဟာ မျှတစွာ သီးသန့်ထားတတ်ပါတယ်။ ဒါ့ကြောင့် လွှတ်ချလိုက်ပြီး ရယ်မောတဲ့အချိန် သင့်ရဲ့ sideကို မြင်ရတာ လန်းဆန်းစေပါတယ်။

၁၁။ Aquarius (ဇန်နဝါရီ 20 မှ ဖေဖော်ဝါရီ 18)
ရေချိုးခန်းထဲက ချက်ချင်းထွက်လိုက်တဲ့အခါ( လန်းဆန်းနေတဲ့အချိန်က) သင့်ရဲ့ အကောင်းဆုံးပုံပါပဲ။ ဘာအံ့သြစရာတွေ ဖြစ်လာနိုင်မလဲ၊ ဘယ်နေ့ ယူဆောင်လာလိမ့်မလဲဆိုတာ မသိခြင်းကို နှစ်သက်ပါတယ်။ သင့်ရဲ့ အကောင်းမြင်စိတ်က သင့်ကို အရမ်းလှပစေပါတယ်။

၁၂။ Pisces (ဖေဖော်ဝါရီ 19 မှ မတ်လ 20)
တီထွင်ဖန်တီးမှု ပရောဂျက်တစ်ခုအလယ်မှာ ရောက်နေချိန်က သင့်ရဲ့အလှဆုံးအချိန်ပါပဲ။ အနုပညာဖန်တီးနေတာပဲဖြစ်စေ သင့်ရဲ့စွမ်းအင်နဲ့ အာရုံစူးစိုက်မှုက သင့်ကို အံ့သြဖွယ်ဖြစ်စေပါတယ်။

Lifestyle_Myanmar
LM_Nandar
Source-themindsjournal.