
ကိုယ့်လက်တွဲဖော်နဲ့ သဟဇာတဖြစ်တယ်လို့ ထင်ပါသလား? တစ်စုံတစ်ယောက်ကို ဘာ့ကြောင့်အရမ်းစွဲလမ်းနေလဲဆိုတာ သင်တွေးဖူးပါသလား? ဒီမေးခွန်းတွေအတွက် အဖြေက သင့်ဘဝလမ်းကြောင်းနံပါတ်မှာ ရှိနေနိုင်ပါတယ်။ ဂဏန်းဗေဒင်ရဲ့ရှု့ထောင့်အရ သင့်ဘဝလမ်းကြောင်းနံပါတ်က သင့် birth date ရဲ့ပေါင်းလဒ်ဖြစ်ပြီး တစ်စုံတစ်ယောက်နဲ့ ကိုယ့်ရဲ့လိုက်ဖက်မှုကို နားလည်နိုင်စေမယ့် အရာဖြစ်ပါတယ်။ ဂဏန်းဗေဒင်နဲ့ ဘဝလမ်းကြောင်းနံပါတ် လိုက်ဖက်ညီမှု အကူအညီဖြင့် သင့်ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာတွေနဲ့ သင့်အနီးနားရှိသူတွေအကြောင်း ရှာဖွေနိုင်ပါတယ်။
သင့်ဘဝလမ်းကြောင်းနံပါတ်ကို ဘယ်လိုရှာဖွေနိုင်မလဲ?
သင့်မွေးသက္ကရာဇ်က နံပါတ်အားလုံးကို ရိုးရိုးရှင်းရှင်းပေါင်းပါ။ ဂဏန်းတစ်လုံးတည်းရတဲ့အထိ ဆက်ပေါင်းပါ။ ဥပမာအားဖြင့် သင်ဟာ ဇွန်လ ၇ရက် ၁၉၉၁ခုနှစ်မှာ မွေးတယ်ဆိုရင် သင့်ရဲ့မွေးသက္ကရာဇ်၊ လနဲ့ နှစ်ရဲ့မတူညီသော ဂဏန်းတန်ဖိုးတွေကို ဖော်ထုတ်ခြင်းဖြင့် စတင်ပါ။ ဂဏန်းတွေကို တစ်ခုတည်းရအောင် ပေါင်းခြင်းဖြင့် သင့်ဘဝလမ်းကြောင်းနံပါတ်ကို ရရှိမှာဖြစ်ပါတယ်။
သင့်မွေးနေ့က june 17,1991 ဖြစ်ရင်-
Year: 1 + 9 + 9 + 1 = 20 = 2 + 0 = 2
Month: 0 + 6 = 6
Day: 1 + 7 = 8
2 + 6 + 8 = 16 = 1 + 6 = 7
ဘဝလမ်းကြောင်းနံပါတ် = 7
၁။ ဘဝလမ်းကြောင်း နံပါတ်(၁)
သင်ဟာ တရားသေယူဆလေ့ရှိနိုင်ပြီး တစ်ခါတစ်ရံမှာ အနည်းငယ် လွှမ်းမိုးတဲ့ အပြုအမှု လုပ်နိုင်ပါတယ်။ ပြီးတော့ သင်ဟာ ဘဝလမ်းကြောင်းနံပါတ် ၃, ၅, ၆ ရှိတဲ့လူတွေနဲ့ အလိုက်ဖက်ဆုံးပါ။ နံပါတ် ၃နဲ့ ၅အောက်ရှိသူတွေဟာ ထိုသို့သော စရိုက်လက္ခဏာရှိသူတွေနဲ့ အလွယ်တကူ ဆက်ဆံနိုင်ပါတယ်။နံပါတ် ၁ဖြစ်ခြင်းကြောင့် သင်ဟာ တစ်ခါတစ်ရံမှာ အနည်းငယ် အလေးအနက်ထားနိုင်ပြီး တစ်ခါတလေ စိတ်ဖိစီးနိုင်ပါတယ်။
နံပါတ် ၃ရှိသူတွေက ချစ်စရာကောင်းပြီး အပူအပင်မရှိဘဲ ခပ်ပျော်ပျော်နေတတ်တဲ့သဘောထားရှိတာကြောင့် သူတို့က သင့်စိတ်ကို သက်သာရာရစေပြီး ဟန်ချက်ညီဖို့ အလွယ်တကူ ကူညီပေးနိုင်ပါတယ်။
နံပါတ် ၅က သင့်အား အပြုသဘောဆောင်ပြီး သွက်လက်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး သင့်ဆက်ဆံရေးအတွက် ထူးခြားတဲ့ စွမ်းအင်ကို ပေးစွမ်းနိုင်ပါတယ်။
နံပါတ် ၆ရှိသူတွေဟာ ဂရုစိုက်မှု၊ ချစ်ခင်မှုပေးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တာကြောင့် သင့်အတွက် ကောင်းမွန်တဲ့ လိုက်ဖက်မှု ဖြစ်နိုင်ပါတယ်။
၂။ ဘဝလမ်းကြောင်းနံပါတ် (၂)
သံတမန်ရေးရာ ငြိမ်းချမ်းရေးဖော်ဆောင်သူနဲ့ စိတ်ကူးယဉ်ဝါဒီတစ်ဦးဖြစ်ခြင်းကြောင့် သင်ဟာ အပြင်းထန်ဆုံးသော စိန်ခေါ်မှုတွေကို အလွယ်တကူ ရင်ဆိုင်နိုင်ပါတယ်။ ဘဝလမ်းကြောင်း နံပါတ် ၆၊ ၈၊ ၉ တို့နဲ့ အလွန်သင့်တော်ပါတယ်။
နှစ်ယောက်စလုံးက ဆုံးဖြတ်ချက် မပြတ်သားသူတွေဖြစ်တာကြောင့် သင်ဟာ နံပါတ် ၈နဲ့ သဘာဝအတိုင်း ရှေ့သွားနောက်လိုက်ညီပါတယ်။ ဒါမှသာ နှစ်ယောက်စလုံးရဲ့ ဘဝတွေကို ဟန်ချက်ညီစေမှာပါ။
နံပါတ် ၉က သင်နဲ့ဆင်တူတဲ့ စရိုက်လက္ခဏာများစွာရှိပြီး သင့်အတွက်လည်း ကိုက်ညီမှုရှိပါတယ်။ သူတို့က သင့်လိုပဲ ထက်မြက်မှု၊ ဖွဲ့စည်းမှုရှိပြီး အထက်တန်းကျပါတယ်။ သို့သော် သူတို့က အရမ်း funny ဖြစ်တာကြောင့် အချစ်ရေးကို ပျော်စရာနဲ့ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။
နောက်ဆုံးအနေနဲ့ နံပါတ် ၆က နံပါတ် ၂နဲ့ အရမ်းလိုက်ဖက်လွန်းပါတယ်။ သူတို့နှစ်ယောက်လုံးက အရမ်းချစ်တတ်ပြီး ဂရုစိုက်တတ်ကြတာကြောင့်ပါ။ ငြိမ်းချမ်းရေးကို ဖန်တီးသူဖြစ်ရင် တစ်ဦးနှင့်တစ်ဦး သဘာဝ chemistry တွေ ရှိလာမှာဖြစ်ပါတယ်။
၃။ ဘဝလမ်းကြောင်း နံပါတ် (၃)
တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားသူ၊ အမှီအခိုကင်းသူဖြစ်တာကြောင့် သင်ဟာ နံပါတ် ၁၊ ၅၊ ၇နဲ့ အသင့်တော်ဆုံးပါ။ မင်းရဲ့မှန်းဆလို့မရတဲ့ သဘာဝကို ဟန်ချက်ညီအောင် ထိန်းထားနိုင်တာကြောင့် နံပါတ် ၅နဲ့ ကိုက်ညီပါလိမ့်မယ်။ နံပါတ် ၅ဟာ စွန့်စားပြီး အလွန်သတ္တိရှိပါတယ်။ သူတို့က သင့်ဘဝရဲ့ အကြီးကျယ်ဆုံးခရီးကို ခေါ်ဆောင်သွားမှာ ဖြစ်ပါမယ်။
introvert ဖြစ်ပေမယ့် ဆန်းကြယ်သော နံပါတ် ၇ဟာ သင့်အားနည်းလမ်းသစ်တွေဖြင့် ဘဝကို တန်ဖိုးထားလေးမြတ်စေပြီး သင်ကိုယ်တိုင်နဲ့ သင့်ဝါသနာတွေရဲ့ လမ်းကြောင်းသစ်တွေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။ သင်ဟာ ဘဝလမ်းကြောင်း နံပါတ် ၁နဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။
၄။ ဘဝလမ်းကြောင်း နံပါတ် ( ၄)
သင်ဟာ စည်းကမ်းရှိပြီး လက်တွေ့ကျပါတယ်။ အလုပ်ကြိုးစားသူဖြစ်ပြီး သင်ဟာ နံပါတ် ၁၊ ၇၊ ၈ တို့နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။
ဘဝလမ်းကြောင်း နံပါတ် ၈ ဟာစည်းကမ်းရှိပြီး စည်းစနစ်ကျတာကြောင့် သင်တို့နှစ်ဦးက ကောင်းမွန်တဲ့အတွဲဖြစ်ပါလိမ့်မယ်။ သူတို့က အသေးစိတ်အချက်တွေအပေါ် အာရုံစိုက်ခြင်းဖြင့် သင့်ဘဝကို ဟန်ချက်ညီစေမှာ ဖြစ်ပါတယ်။
နံပါတ် ၇က အရမ်းစိတ်ဝင်စားစရာကောင်းပြီး စိတ်အားထက်သန်မှုနဲ့ ဝိညာဉ်ရေးအရလည်း သင့်အတွက် ကိုက်ညီမှုရှိပါတယ်။
၅။ ဘဝလမ်းကြောင်း နံပါတ် (၅)
သစ္စာရှိသော်လည်း အငြိမ်မနေသူတစ်ယောက်အနေဖြင့် နံပါတ် ၅ဟာ ဘဝရဲ့လမ်းစဉ်နံပါတ် ကိုက်ညီမှုက နံပါတ် ၁၊ ၃၊ ၇တို့နဲ့ အကောင်းဆုံး ကိုက်ညီပါတယ်။
နံပါတ် ၁ ဟာ အလွန် ရဲရင့်လေ့ရှိပြီး မခန့်မှန်းနိုင်တဲ့သူဖြစ်တာကြောင့် သင့်အတွက် အဖော်ကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်ရဲ့ comfort zone ထဲက ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။
အပျော်သဘောနဲ့ စိတ်ကူးယဉ်တတ်တဲ့ နံပါတ် ၃ဟာ ပေါင်းသင်းဆက်ဆံရေးမှာ မှန်းဆမရတဲ့အချက်ကို ယူဆောင်လာတာကြောင့် သင့်အတွက် ကိုက်ညီမှုတစ်ခုလည်း ဖြစ်ပါတယ်။
နံပါတ် ၇က နည်းနည်း အထီးကျန်ဆန်ပါတယ်။ အထီးကျန်ဆန်သူတွေကလည်း သင့်အတွက် romantic လိုက်ဖက်မှုဖြစ်စေနိုင်ပြီး သင့်အချစ်ရေးကို ဟန်ချက်ညီစေပါတယ်။
၆။ ဘဝလမ်းကြောင်း နံပါတ် (၆)
နွေးထွေးပြီး ချစ်တတ်သူတစ်ယောက်အနေနဲ့ သင်ဟာ နံပါတ် ၁၊ ၂ ၊ ၈၊ ၉နဲ့ အသင့်တော်ဆုံးပါ။
သင့်ရဲ့ သနားကြင်နာတတ်တဲ့ သဘာဝက သင့်ကို ရဲရင့်ပြီး မောင်းနှင်တတ်တဲ့ နံပါတ် ၁နဲ့ လုံးဝလိုက်ဖက်ပါတယ်။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် အရမ်းဂရုစိုက်ပြီး ချစ်နိုင်ကြပါတယ်။
ဘဝလမ်းကြောင်း နံပါတ် ၂ ဟာ သူတို့ရဲ့နှလုံးသားဖြင့် တိုက်တွန်းတဲ့သူ၊ သင်နဲ့ ကိုယ်ရည်ကိုယ်သွေး အများကြီးတူတဲ့သူဖြစ်တာကြောင့် သင့်အတွက် ကောင်းမွန်တဲ့ အတွဲဖြစ်လာနိုင်ပါတယ်။
နံပါတ် ၈ က သင့်ကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်ပါတယ်။ သူတို့က ကြံ့ခိုင်တဲ့သူတွေဖြစ်တာကြောင့်ပါ။ ကိုယ်ချင်းစာတတ်ပြီး ဂရုစိုက်တတ်တဲ့ နံပါတ် ၉ ကလည်း သင့်လို သနားကြင်နာတတ်တာမို့ သင့်အတွက် အဖော်ကောင်းဖြစ်လာနိုင်ပါတယ်။
၇။ ဘဝလမ်းကြောင်း နံပါတ် (၇)
အနည်းငယ် သီးသန့်ဆန်ပြီး အိမ်တွင်းပုန်းဖြစ်တာကြောင့် သင်ဟာ ဘဝလမ်းကြောင်းနံပါတ် ၃၊ ၅ တို့နဲ့ ကိုက်ညီပါလိမ့်မယ်။
အချစ်ကို ရှာဖွေခြင်းက သင့်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်သော်လည်း နံပါတ် ၃ဟာ ကောင်းမွန်တဲ့လိုက်ဖက်မှုဖြစ်ပါတယ်။ သူတို့က သင့်အား comfort zone ကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ကြပါတယ်။
သင့်အတွက် နောက်ထပ် အကောင်းဆုံးအတွဲအဖက်က နံပါတ် ၅ ဖြစ်ပါတယ်။ သူတို့က အနည်းငယ်ခန့်မှန်းရခက်ပြီး အချစ်ရေးကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ထိန်းသိမ်းထားနိုင်ပါတယ်။
၈။ ဘဝလမ်းကြောင်း နံပါတ် ၈
သင့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့ ပြင်းပြတဲ့ဆန္ဒ ၊ အောင်မြင်မှုနဲ့ တာဝန်ခံမှုတွေနဲ့အတူ ဂဏန်း ၂၊ ၄၊ ၆ နဲ့အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။
ဘဝလမ်းကြောင်း နံပါတ် ၂ဟာ ငြိမ်းချမ်းရေးကို ဖန်တီးသူဖြစ်ပြီး သင့်အတွက် ပြီးပြည့်စုံတဲ့ အတွဲအဖက်ဖြစ်ပါတယ်။ သူတို့က ဘယ်အခြေအနေမျိုးမှာမဆို နှစ်ဖက်စလုံးကို ခွဲခြမ်းစိတ်ဖြာပြီး သင်အရမ်းတောင်းဆိုနေချိန်မှာတောင် သင့်ကို နားလည်ဖို့ ကြိုးစားပါတယ်။
နံပါတ် ၄က သင့်လို အရမ်းလက်တွေ့ကျပြီး ပန်းတိုင်ကို ဦးတည်ထားတာကြောင့် သင့်အတွက် အရမ်းလိုက်ဖက်တဲ့ လက်တွဲဖော်လည်း ဖြစ်နိုင်ပါတယ်။
သနားကြင်နာတတ်သူ၊ ချစ်တတ်သူ နံပါတ် ၆ဟာ သင့်ကိုယ်ရည်ကိုယ်သွေးတွေကို လွှမ်းမိုးထားနိုင်တာကြောင့် သူတို့က သင့်အတွက် အဖော်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့က အပေးအယူတွေကို လိုလိုလားလားပြုလုပ်ပြီး သင့်ကို ထိန်းချုပ်ဖို့ ဘယ်သောအခါမျှ ကြိုးစားမှာ မဟုတ်ပါဘူး။
၉။ ဘဝလမ်းကြောင်း နံပါတ် (၉)
အထီးကျန်အချိန်တွေကို နှစ်သက်တဲ့ သိုသိပ်သော လူသားတစ်ယောက်အနေနဲ့ သင်ဟာ ဘဝလမ်းကြောင်း နံပါတ် ၂၊ ၆နဲ့ အလိုက်ဖက်ဆုံးဖြစ်ပါလိမ့်မယ်။
သင်ဟာ အားနည်းချက်ကို ထုတ်ပြရတာမျိုးကို မကြိုက်တာကြောင့် နံပါတ် ၂က သင့်အတွက် အကောင်းဆုံး လက်တွဲဖော်ဖြစ်နိုင်ပါတယ်။ သူတို့က သင့်ကို အလွယ်တကူမြင်နိုင်ပြီး သင့်ရဲ့အားနည်းချက်ရှိတဲ့ စရိုက်တွေကို တန်ဖိုးထားမှာပါ။ သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံဖို့ သင့်အတွက် ပိုလွယ်ကူစေမှာပါ။
ဘဝလမ်းကြောင်း နံပါတ် ၆က သင့်ရဲ့ စရိုက်လက္ခဏာများစွာကို မျှဝေပေးတာကြောင့် သင့်အတွက် ရှေ့သွားနောက်လိုက်ညီသူ ဖြစ်ပါလိမ့်မယ်။သူတို့က သင့်လိုပဲ တာဝန်ကျေပြီး စစ်မှန်ကြပါတယ်။ ဒါ့ကြောင့် သင်ဟာ တစ်ယောက်ကိုတစ်ယောက် ခိုင်မြဲတဲ့ ဆက်ဆံရေးကို အလွယ်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-themindsjournal.