နတ်ဖက်တဲ့ဖူးစာ (သို့) အလိုက်ဖက်ဆုံးရာသီခွင် စုံတွဲ (၈)ယောက်
lifestylemyanmar.com
|
2022-02-25

ရာသီခွင်စုံတွဲတွေမှာ ချစ်ခြင်းမေတ္တာနဲ့ လိုက်ဖက်မှုတွေ ပြည့်စုံနေတဲ့ ဆက်ဆံရေးမျိုးရှိကြပါတယ်။ ချိန်းတွေ့နေသည်ဖြစ်စေ ဒါမှမဟုတ် အချစ်ကို ရှာနေသည်ဖြစ်စေ သင့်ရာသီခွင်လက္ခဏာက သင့်အားမှန်ကန်သောလူကို ရှာဖွေရာမှာ ကူညီပေးနိုင်ပါတယ်။ ရာသီခွင်တစ်ခုစီဟာ မြေ၊ လေ၊ ရေ၊ မီးဆိုတဲ့ အထူးဒြပ်စင်တစ်ခုခုနဲ့ ဆက်စပ်နေပါတယ်။ သင်တို့နှစ်ယောက်ကြားမှာ တူညီတာတွေ အများကြီးရှိတာကြောင့် သင်ဟာ တူညီတဲ့ ဒြပ်စင်ရှိသူတွေနဲ့ သဟဇာတဖြစ်လေ့ရှိပါတယ်။ ဘယ်သူတွေက အကောင်းဆုံးစုံတွဲတွေလဲဆိုတာ သိချင်ရင် အောက်မှာ ဆက်ဖတ်ကြည့်လိုက်ပါ။

၁။ Gemini နဲ့ Aquarius (မေထုန်ရာသီဖွားနဲ့ ကုံရာသီဖွား)

ဒီ Air signs နှစ်ယောက်ဟာ သူတို့ရဲ့တည်ငြိမ်တဲ့ စိတ်နေစိတ်ထားနှင့်အတူ တစ်ယောက်ကို တစ်ယောက် ပါရမီဖြည့်ပေးကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခုမှာ သူတို့အများဆုံးရှာတဲ့အရာက သူတို့ရဲ့လက်တွဲဖော်ကို ပေးစွမ်းမယ့် စိတ်အေးချမ်းမှုပါပဲ။ အမှီအခိုကင်းဖို့အတွက် တဖက်သားရဲ့ လိုအပ်ချက်ကို အသိအမှတ်ပြုကြပါတယ်။ အပြန်အလှန်နားလည်မှုက သူတို့ရဲ့ တိုးတတ်မှုအတွက် အထောက်အကူပြုပါတယ်။

ပေါင်းသင်းဆက်ဆံရေးမှာ သူတို့ရဲ့ဖန်တီးနိုင်စွမ်းတွေ ပွင့်လန်းလာပါတယ်။ နှစ်ယောက်စလုံးဟာ အမြဲတမ်း စိတ်ကူးသစ်တွေ ပြည့်နှက်နေပြီး စိတ်ဝင်စားမှု အမျိုးမျိုး ရှိကြပါတယ်။ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး လုံးလုံးနားလည်နိုင်စေမယ့် အလွန်နက်နဲသော ဆက်သွယ်မှုတစ်ခုရှိပါတယ်။ နှစ်ယောက်စလုံးက ဉာဏ်ရည်ထက်မြက်ပါတယ်။


၂။ Cancer နဲ့ Pisces (ကရကဋ်ရာသီဖွားနဲ့ မိန်ရာသီဖွား)

ဒီ Water sign နှစ်ယောက်ဟာ သူတို့ရဲ့ထိခိုက်လွယ်မှုဖြင့် ချိတ်ဆက်ထားပါတယ်။ သူတို့ဟာ ပင်ကိုသဘာဝ ကိုယ်ချင်းစာတတ်သူတွေမို့ သူတို့မှာ တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်က နားလည်ဖို့ ခိုင်မာသော စိတ်ခံစားမှုဆိုင်ရာ နှောင်ကြိုးတစ်ခု ရှိကြပါတယ်။ သူတို့နှစ်ဦးလုံးက ဆတ်ဆတ်ထိမခံသလို အလိုလိုသိနားလည်ပြီး ဘဝအပေါ် အကောင်းမြင်စိတ်ရှိကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်စေပါတယ်။ အိမ်မက်တွေရှိတဲ့ မိန်ရာသီဖွားတွေဟာ ကရကဋ်ကို သူတို့ရဲ့ spiritual journey မှာ ကူညီပေးနေချိန်မှာ တစ်သီးပုဂ္ဂလဆန်တဲ့ ကရကဋ်တွေက သူတို့ရဲ့အပြင်းထန်ဆုံး အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဖန်တီးမှုရှိသော မိန်ရာသီတွေကို ကူညီပေးတတ်ပါတယ်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနိုင်ပေမယ့် သူတို့နှစ်ယောက်စလုံးက လက်တွဲဖော်ရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။


၃။ Virgo နဲ့ Taurus ( ကန်ရာသီဖွားနဲ့ ပြိဿရာသီဖွား)

Earth signs တွေဖြစ်တဲ့ ကန်ရာသီဖွားနဲ့ ပြိဿရာသီဖွားတို့ဟာ သူတို့ဘဝကို ချဉ်းကပ်ရာမှာ အလွန်လက်တွေ့ကျပြီး တစ်ယောက်နဲ့ တစ်ယောက် စံပြဖြစ်နိုင်ကြပါတယ်။ သူတို့နှစ်ယောက်စလုံးက ဘဝအပေါ် စိတ်ကူးယဉ်ဆန်တဲ့ အမြင်ရှိသော perfectionists တွေဖြစ်ကြပါတယ်။ သူတို့က အလုပ်ကြိုးစားရုံသာမက ရိုးသားမှုကိုလည်း အလွန်တန်ဖိုးထားကြပါတယ်။ ကတိကဝတ်ကို အရမ်းအလေးအနက်ထားပါတယ်။

တစ်ယောက်နဲ့တစ်ယောက်က နွေးထွေးဖို့ အချိန်တစ်ခု ယူရပေမယ့် သံယောဇဉ်ခိုင်မာသွားပြီဆိုရင်တော့ ကြာရှည်စွာ လက်တွဲသွားကြရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လုံးလုံးလျားလျား နှစ်မြှုပ်ထားလိုက်တဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက ပွင့်လန်းလာမှာပါ။


၄။ Libra နဲ့ Gemini (ရာသီဖွားနဲ့ မေထုန်ဖွား )

သူတို့နှစ်ယောက်စလုံးက Air signs တွေဖြစ်ပြီး ဉာဏ်ပညာမှာ သဟဇာတဖြစ်ပါတယ်။ သူတို့က စိတ်ပို်ငးဆိုင်ရာ လှုံ့ဆော်မှုတွေ အဆက်မပြတ်လိုအပ်ပေမယ့် အချင်းချင်း နားလည်သဘောပေါက်ကြခြင်းက ပြီးပြည့်စုံတဲ့ အတွဲတစ်တွဲ ဖြစ်စေပါတယ်။ ချစ်မိသွားတဲ့အခါ စိတ်ကူးကောင်းတွေ အများကြီးကို အကောင်အထည်ဖော်ပြီး အတူတူလုပ်ဆောင်နိုင်ကြပါတယ်။

Libra ဟာ Gemini ရဲ့အပေါင်းအသင်းကောင်းပြီး ဘွင်းဘွင်းပျော်ပျော်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးကို နှစ်သက်မြတ်နိုးကြပါတယ်။ မေထုန်ဖွားက တူရာသီဖွားရဲ့ ဆန်းပြားမှုနဲ့ အကောင်းမြင်မှုကို ချီးကျူးနေချိန်မှာ မေထုန်တွေက ကောင်းမွန်တဲ့ စကားစစ်ထိုးမှုကို နှစ်သက်ကြပေမယ့် တူရာသီတွေကတော့ တတ်နိုင်သလောက် အငြင်းပွားမှုတွေကို ရှောင်ရှားလိုကြပါတယ်။ သူတို့နှစ်ဦးစလုံးက လူမှုရေးတွေ့ဆုံပွဲတွေကို နှစ်သက်ကြပြီး အခြားစုံတွဲတွေ မနာလိုတဲ့ ဆက်ဆံရေးမျိုးရှိကြပါတယ်။


၅။ Scorpio နဲ့ Cancer (ဗြိစ္ဆာရာသီဖွားနဲ့ ကရကဋ်ရာသီဖွား)

ဒီ water sign နှစ်ယောက်လုံးက ခိုင်မာတဲ့ စိတ်ခံစားချက်ဆိုင်ရာ နှောင်ကြိုးကို မျှဝေကြပါတယ်။ ဗြိစ္ဆာ နဲ့ ကရကဋ်နှစ်ယောက်လုံးက အချစ်ရေးမှာ လုံခြုံမှုကို ရှာဖွေကြပြီး သူတို့ရဲ့ စိတ်ခံစားမှု လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးကြမှာဖြစ်ပါတယ်။ ဒါက သူတို့နှစ်ယောက်ကို ထူးချွန်တဲ့ စုံတွဲတစ်တွဲဖြစ်စေပါတယ်။

သူတို့ရဲ့ အချစ်ရေးက စိတ်အားထက်သန်မှုနဲ့ သစ္စာရှိမှုပေါ် အခြေခံပါတယ်။ သူတို့က တစ်ဦးနဲ့တစ်ဦး တည်ငြိမ်မှုကို ပေးစွမ်းတာကြောင့် ရေရှည်တည်တံ့ပြီး ပြည့်စုံတဲ့ ဆက်ဆံရေးရှိပါတယ်။ တရင်းတနှီးရှိရုံမျှမက သူတို့ရဲ့ ကိစ္စတွေမှာ အခြားသူတွေကို ဝင်စွက်ဖက်ခွင့်မပြုပါဘူး။ သူတို့က အချစ်ရေးမှာ လုံခြုံကြပြီး မိသားစုကို တန်ဖိုးထား ချစ်မြတ်နိုးကြပါတယ်။


၆။ Sagittarius နဲ့ Leo ( ဓနုရာသီဖွားနဲ့ သိဟ်ရာသီဖွား)

သူတို့နှစ်ယောက်လုံးက Fire sign တွေဖြစ်ကြပါတယ်။ Sagittarius နဲ့ Leo ဟာတစ်ယောက်ကို တစ်ယောက် နှစ်သက်သဘောကျကြပြီး နွေးထွေးတဲ့ ဆက်ဆံရေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ ခိုင်မာတဲ့ စုံတွဲတစ်တွဲဖြစ်ကြပြီး ရေရှည်ခိုင်မြဲတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီစုံတွဲဟာ ဘဝကို တန်ဖိုးထားတတ်ပြီး သူတို့ရဲ့အရည်အသွေးတွေကို မျှဝေသူတွေနဲ့ ချစ်ကြိုက်တတ်ကြပါတယ်။

သူတို့က တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီကြပြီး သူတို့ရဲ့ အသွင်အပြင်က သူတို့ပတ်ဝန်းကျင်မှာ ပျော်ရွှင်စရာကောင်းတဲ့ စုံတွဲတစ်တွဲ ဖြစ်စေပါတယ်။ ဓနုရာသီဖွားတွေက သိဟ်တွေကို ဒဿနတွေ ပေးကြပေမယ့် သိဟ်တွေက သူတို့ရဲ့ ဒဿနိက ပါတနာကို သြဇာတိက္ကမနဲ့ ပြည့်စုံစေ၊ ကျက်သရေတိုးစေပါတယ်။

၇။ Capricorn နဲ့ Taurus (မကရရာသီဖွားနဲ့ ပြိဿရာသီဖွား)

ဒီ Earth Signs နှစ်ခုက သူတို့ရဲ့ ရိုးရှင်းမှုဖြင့် ချိတ်ဆက်ထားပါတယ်။ သူတို့နှစ်ဦးစလုံးက အရမ်းအခြေအမြစ်ရှိပြီး လက်တွေ့ကျပါတယ်။ သူတို့က လုံးဝရိုးသားပြီး long-term relationship ကိုယုံကြည်ပါတယ်။ သူတို့က အခြားအရာအားလုံးထက် ကြိုးစားအားထုတ်မှုကို တန်ဖိုးထားကြပြီး ငွေကြေးနဲ့ ပိုင်ဆိုင်မှုကို မြတ်နိုးခြင်းက သူတို့အား ထူးချွန်တဲ့ စုံတွဲဖြစ်လာစေပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ခိုင်ခံ့စေမယ့် နောက်ထပ်အချက်ကတော့ တည်ငြိမ်မှုပါပဲ။ သူတို့က ဇိမ်ကျကျ နေထိုင်မှုပုံစံကို နှစ်သက်ကြပါတယ်။

၈။ Aries နဲ့ Sagittarius (မိဿရာသီဖွားနဲ့ ဓနုရာသီဖွား)

စွန့်စားရတဲ့ Aries နဲ့ Sagittarius တွေ အတူတူရှိတဲ့အခါ သူတို့က အရမ်းကောင်းတဲ့ စုံတွဲတစ်တွဲပါ။ သူတို့နှစ်ဦးစလုံးက Fire signs တွေဖြစ်ကြတာကြောင့် သူတို့ရဲ့ စိတ်အားထက်သန်မှုကို သူတို့ဘဝကဏ္ဍပေါင်းစုံမှာ မြင်နိုင်စေဖို့ နွေးထွေးတဲ့ စုံတွဲတစ်တွဲကို ဖန်တီးခဲ့ကြပါတယ်။ သူတို့မှာ တစ်ယောက်နဲ့တစ်ယောက် connection ကောင်းတွေ ရှိပါတယ်။

သူတို့မှာ စိန်ခေါ်မှုအသစ်တွေကို အတူတကွ လုပ်ဆောင်ဖို့ ကမ္ဘာအနှံ့ခရီးထွက်ဖို့ ၊ အသစ်သောအရာတွေကို စမ်းကြည့်ဖို့ အမှတ်တရတွေ ဖန်တီးဖို့နဲ့ အချင်းချင်းရှာဖွေဖို့ ကူညီပေးတဲ့ စွမ်းအင်တွေ ရှိကြပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-themindsjournal


#အချစ်ရေး
#ပေါင်းသင်းဆက်ဆံရေး
#ပေါင်းသင်းဆက်ဆံရေး
#စုံတွဲ
#လိုအပ်ချက်

Some text some message..