သွေးထွက်အောင်မှန်တဲ့ ရာသီခွင်တစ်ခုချင်းစီမှာ တွေ့ရတတ်တဲ့အမူအကျင့်များ
mystylemyanmar.com
|
2022-03-05

ကိုယ်မွေးဖွားတဲ့ ရာသီခွင်အလိုက် လူတိုင်းမှာ ထူးခြားတဲ့ ပင်ကိုစရိုက်၊ အမူအရာ တစ်ခုခုကတော့ အမြဲရှိနေပါတယ်။ ခံစားချက်ကို သိမ်းထားတာ၊ စိတ်ညစ်စရာ တွေကို ခေါင်းထဲမတွေးတာ၊ အေးအေးဆေးဆေး နေတတ်တာ စတဲ့ အမူအကျင့် တစ်ခုချင်းစီ ရာသီခွင်တိုင်းမှာ ရှိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရာသီခွင် တစ်ခုချင်းစီအလိုက် အတိအကျ တွေ့ရမယ့် အမူအကျင့်၊ ပုံစံတွေကို ဖော်ပြလိုက်ပါတယ်။ သင့်ရာသီခွင်နဲ့ အမှန်တကယ်ကော ကိုက်ညီရဲ့လား သိနိုင်ဖို့ ဆက်ကြည့်လိုက်ပါနော်-

၁။ Aries


Aries ရာသီဖွားတွေက အကြောင်းအရာတစ်ခုခုကို သိပေမယ့် ဒီအရာကို မသိချင်ယောင်ဆောင်တတ်ပါတယ်။ ဥပမာ- တစ်ခုခု ပြောင်းလဲနေတာကို သိလျက်နဲ့ကို မသိချင်ယောင်ဆောင်တတ်ကြတဲ့ သူမျိုးတွေပါ။ သူတို့ အကုန်သိနေပေမယ့် မသိသလိုဘဲ နေတတ်ကြပါတယ်။

၂။ Taurus


ရာသီခွင်တွေထဲမှာ ခေါင်းအမာဆုံး ရာသီခွင်ကို ပြောပါဆိုရင် Taurus ပါပဲ။ သူတို့ လုပ်ချင်တဲ့အရာကို ဘယ်သူပြောပြော နားမထောင်ဘဲ လုပ်တတ်ပါတယ်။

၃။ Gemini


Gemini တွေကတော့ သူတို့ရဲ့ ခံစားချက်ကို ဖုံးကွယ်ရာမှာ Pro Max လို့ ပြောရလောက်အောင် ကျွမ်းကျင်လှပါတယ်။

၄။ Cancer


Cancer ရာသီဖွားတွေက ဂရုစိုက်တာ ခံချင်ပါတယ်။ အချစ်ခံချင်ပါတယ်။ တစ်ခုခု လုပ်ပေးရင်လည်း ဒီအရာအတွက် ကျေးဇူးတင်ခံချင်ကြပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးတဲ့ ရာသီခွင် ဖြစ်ပါတယ်။

၅။ Leo


Leo ရာသီဖွားတွေက ကိုယ်ချစ်တဲ့သူတွေကို အစွမ်းကုန် ကာကွယ်သူတွေလို့ နာမည်ကျော်ကြားပါတယ်။ သူတို့ ချစ်ရတဲ့ မိသားစု၊ သက်ဆိုင်ရာတွေကို တစ်ခုခု လုပ်မိတာနဲ့ Leo လက်ထဲက လွတ်မယ် မထင်ပါနဲ့။

၆။ Virgo


Virgo ရာသီဖွားတွေကလည်း Gemini တွေလိုပါပဲ။ သူတို့ ဘယ်လောက်နာကျင်ရပါစေ ဒီအရာကို လူမမြင်အောင် ဖုံးကွယ်တတ်ပါတယ်။

၇။ Libra


Libra က အင်အားတွေ ပြန်လည် ရရှိဖို့၊ စိတ်ခွန်အားတွေ ပြန်တက်လာဖို့ အမြဲ တစ်ယောက်တည်းနေနိုင်တဲ့ ကမ္ဘာတစ်ခု လိုအပ်ပါတယ်။ သူတို့ ကမ္ဘာငယ်လေးမှာ အေးအေးဆေးဆေး ပျော်မွေ့ပြီး အားအင်ပြန်ယူတတ်ပါတယ်။

၈။ Scorpio


Scorpio ရာသီဖွား အများစုက Introvert တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို Introvert လို့ မသိနိုင်အောင်ကို Extrovert ပုံစံ အရောင်ပြောင်းကာ နေတတ်ကြပါတယ်။

၉။ Sagittarius


ဒီရာသီဖွားတွေက သစ္စာဖောက်တာကို အင်မတန်မုန်းသူတွေ၊ အတုအယောင်ကို မနှစ်သက်သူတွေ ဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဒရာမာခင်းသူတွေကို ကြည့်မရကြပါဘူး။

၁၀။ Capricorn


Capricorn တွေက အတွေးကမ္ဘာထဲမှာ ချာချာလည်နေတတ်ကာတစ်ခါတလေ အတွေးများပြီး သူတို့အနားက လူတွေကိုတောင် ရှိလို့ ရှိမှန်းမသိ မေ့သွားတတ်ကြပါတယ်။

၁၁။ Aquarius


Aquarius တွေရဲ့ ဘဝမှာ ဂီတသံက မရှိမဖြစ် လိုအပ်တဲ့ အရာပါပဲ။ ပုံမှန်လူအများစုက သီချင်းသံတွေကို နားထောင်ရုံပဲ နားထောင်ပေမယ့် Aquarius တွေက ကိုယ်တိုင် သီချင်းထဲ စီးမြော ခံစားတာပါ။

၁၂။ Pisces


Pisces တွေရဲ့ စိတ်က ရေခဲတုံးနဲ့ တူပါတယ်။ တစ်ခုခု အရေးကြီးတယ်ဆိုလည်း သူတို့ တုံ့တုံ့ မလှုပ်ပါဘူး။ အန္တရာယ်ကြုံရချိန်မှာတောင် ဂိမ်းဆော့နေမယ့်သူတွေ ဖြစ်ပါတယ်။

သင့်ရာသီခွင်က အပေါ်က ပြောထားတဲ့ အချက်တွေနဲ့ ကိုက်ညီရဲ့လား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar


#ရာသီခွင်
#Virgo
#ခံစားချက်
#အရာ
#လောက

Some text some message..