
တစ်ချို့သော ဆက်ဆံရေးတွေက အစကတည်းက ဖြစ်မလာသင့်တဲ့ လုံးဝမရည်ရွယ်သင့်သော ဆက်ဆံရေးတွေဖြစ်ပါတယ်။ သင့်ရဲ့ ရာသီခွင် နိမိတ်တွေက သင့်ရဲ့ အချစ်ရေးအပေါ် လွှမ်းမိုးမှုရှိတာကြောင့် သင်ဘယ်တော့မှ မချိန်းတွေ့သင့်ဘူးဆိုတဲ့ တိကျတဲ့ ရာသီခွင်တစ်ခုအမြဲရှိနေပါတယ်။ သင်နဲ့ မလိုက်ဖက်တဲ့ ရာသီခွင်က ဘယ်ရာသီခွင်များဖြစ်မလဲ?
၁။ Aries (March 21 – April 19)

Aries, သင့်ရဲ့ စိတ်ရှည်မှုနှင့် Cancer ရဲ့ ဆတ်ဆတ်ထိမခံနိုင်မှုတွေက လုံးဝတွဲလို့ မဖြစ်နိုင်တဲ့ ရေနှင့် ဆီလိုပါပဲ။ သင့်အနေနဲ့ အရဲစွန့်ပြီး အလိုအလျောက် စွန့်စားခန်းတွေနဲ့ ရှင်သန်ရတာကို နှစ်သက်သူဖြစ်ပြီး Cancer ရဲ့ ချီတုံချီချဖြစ်မှုတွေက သင့်ကို တော်တော်စိတ်အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်။ သင့်လို စွန့်စားသူတွေက သူတို့နဲ့ ဘယ်လိုမှ ပေါင်းသင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။
၂။ Taurus (April 20 – May 20)
ပြောင်းလဲခြင်းက သင့်အတွက် အမှန်တကယ်အဆင်မပြေတဲ့အရာပါ။ ပြုပြင်မွမ်းမံပြီးချိန်မှာတောင် ပစ္စည်းတွေက အကောင်းအတိုင်းဆက်ရှိနေတာကို သင်ပိုကြပါတယ်။ ဒါပေမယ့် Aquarius တွေက စည်းကမ်းဖျောက်ဖျက်တယ်ဆိုတာ သူတို့အတွေးထဲမှာ သာမန်ကိစ္စပဲဖြစ်ပါတယ်။ သူတို့ကို သင်မကိုင်တွယ်နိုင်တာကြောင့် သင်ဒိတ်ဖို့ မဖြစ်နိုင်ပါဘူး။
၃။ Gemini (May 21 – June 21)

သင့်ဘဝမှာ Capricon တွေလောက် ပျင်းစရာကောင်းတဲ့လူဆိုတာ မရှိတော့လောက်ပါဘူး။ သူတို့က ချစ်စရာကောင်းပေမယ့် သူတို့ဆီမှာ စိတ်လှုပ်ရှားစရာမရှိသလောက်ပါပဲ။ အခြေအနေတွေက ပိုဆိုးစေမယ်ဆိုရင်တောင် သူတို့က အမှန်တရားကို အမြဲပြောနေတာကြောင့် သူတို့ရဲ့ ရိုးသားမှုတွေက သင့်ကို ထိခိုက်စေပါတယ်။ အလိုလိုနေရင်း သူတို့ရဲ့ စီစဉ်ထားသော စည်းစနစ်ကျလွန်းတဲ့ ဘဝနဲ့ သင်နဲ့ လုံးဝမလိုက်ဖက်ပါဘူး။
၄။ Cancer (June 22 – July 22)
စိတ်ပိုင်းဆိုင်ရာ ခက်ခက်ခဲခဲအားဖြည့်ရသူတစ်ဦးအနေနဲ့ သင့်လက်တွဲဖော်က သင်ဖြတ်သန်းနေရတဲ့အရာတွေကို နားလည်နိုင်ပြီး သင်လိုအပ်တဲ့အခါ သင့်ကို ပံ့ပိုးကူညီပေးမယ့်သူမျိုးဖြစ်ရပါမယ်။ သူတို့ရဲ့ လေးနက်သော ဖိနှိပ်ချုပ်ချယ်ထားတတ်တဲ့ ခံစားတွေနှင့် အရာအားလုံးကို ဝေဖန်ဖို့ စောင့်နေတဲ့ Virgos တွေနဲ့ လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ချိန်လုံး နောင်ဂျိန်ချနေရပါလိမ့်မယ်။
၅။ Leo (July 23 – August 22)

သဘာဝအတိုင်း ရယ်စရာပြောတတ်သော၊ ပရောပရည်လုပ်တတ်ပြီး ကြီးကျယ်ခမ်းနားသော Leo တွေအနေနဲ့ မနာလိုတတ်သော Scorpio တွေနဲ့ အဆင်မပြေနိုင်ပါဘူး။ ချီးမွမ်းခံလိုသော Scorpio နှင့် အတည်ပြုခြင်းတွေ ရှာဖွေနေသော Leo တို့ဟာ ဘယ်တော့မှ လိုက်ဖက်တဲ့စုံတွဲတွေဖြစ်လာမှာမဟုတ်ပါဘူး။
၆။ Virgo (August 23 – September 22)
Sagittarius တွေက လွတ်လပ်မှုကို နှစ်သက်တာမှန်ပေမယ့် အလှမ်းဝေးတာနဲ့အမျှ အမှုမဲ့ အမှတ်မဲ့နေတတ်ကြပါတယ်။ သူတို့လုပ်နေတဲ့အရာတွေက တစ်ခြားဘယ်သူတွေကို ထိခိုက်သွားနိုင်မလဲဆိုတာ သိပ်မစဉ်းစားကြသူတွေပါ။ Virgo တစ်ယောက်အနေနဲ့ Sagittarius က အမြင်မတူ ဆိုးရွားတဲ့ လက်တွဲဖော်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
၇။ Libra (September 23 – October 23)

စိတ်အားထက်သန်မှုနှင့် ပြင်းထန်မှုတွေပြည့်နှက်နေသော scorpio တွေက သူတို့နှစ်သက်သော အရာအားလုံးအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ။ Libra တစ်ယောက်အနေနဲ့ လူတိုင်းနဲ့ သဟဇာတဖြစ်ဖို့ ကြိုးစားနေတတ်ပြီး သဘာဝအရ ငြိမ်းချမ်းရေးဖန်တီးသူဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက်လူနှစ်ဦး ထိပ်တိုက်တွေ့ဖို့က တော်တော်မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။
၈။ Scorpio (October 24 – November 21)
ပေါင်းသင်းဆက်ဆံရေးအရ Scorpio နှင့် Aries တို့က အပြန်အလှန်လက်တွဲဖို့ဖြစ်နိုင်ပေမယ့် လက်တွဲဖော်အနေနဲ့က နှစ်ယောက်စလုံးက ခေါင်းဆောင်ဖြစ်ချင်ကြပါတယ်။ ဒါ့ကြောင့် ပါတနာအနေနဲ့ဆိုရင် ပြင်းထန်သော ကိုယ်ရည်ကိုယ်သွေးတွေအကြား တိုက်ပွဲတွေက အဆက်မပြတ်ဖြစ်ပါလိမ့်မယ်။
၉။ Sagittarius (November 22 – December 21)
သင်က အပြောင်းအလဲတွေ၊ အသွင်ကူးပြောင်းမှုနှင့် သူငယ်ချင်းအသစ်တွေ ဖန်တီးရတာကို နှစ်သက်ပါတယ်။ ဒီအချိန်မှာ Taurus တွေက သင့်ကို နားမလည်ဖြစ်ရပါလိမ့်မယ်။ သူတို့က ဆင်ခြင်တုံတရားတော်တော်မြင့်ကြပြီး ပျော်ရွှင်မှုရဖို့ဆိုရင် အရာအားလုံးကို အမြစ်က လှန်ရလည်း အဆင်ပြေကြပါတယ်။
၁၀။ Capricorn (December 22 – January 19)
ရယ်မောခြင်းနှင့် ပျော်ရွှင်ခြင်းက Sagittarius တွေရဲ့ ဘဝဖြစ်ပြီး သူတို့က အဲ့ဒီ့အရာတွေနဲ့ တစ်နေ့တစ်နေ့ ကုန်ဆုံးနေကြပါတယ်။ Capricorn လိုမျိုး လက်တွေ့ကျလွန်းသူနဲ့တော့ အဆင်မပြေပါဘူး။
၁၁။ Aquarius (January 20 – February 18)

ထူးခြားပြီး မှီခိုမှုကင်းမဲ့သော Aquarius ဖြစ်တဲ့ သင်က သင့်လိုလူမျိုးနဲ့ပဲ လိုက်ဖက်ပါတယ်။ Pisces လိုမျိုး တစ်ချိန်လုံး ဂရုစိုက်ခံချင်ပြီး အချစ်ခံချင်လွန်းတဲ့ ရာသီခွင်မျိုးကို ရှောင်သင့်ပါတယ်။
၁၂။ Pisces (February 19 – March 20)
သင့်ကမ္ဘာမှာ အမြဲရှိနေပေးပြီး သင်ရှာနေတဲ့အရာအားလုံးက သင့်အချစ်နှင့် ဂရုစိုက်မှုအားလုံးကို ပေးနိုင်ဖို့ မှန်ကန်သော လက်တွဲဖော်ဖြစ်တယ်ဆိုတာပါပဲ။ ပေါ့ပေါ့ပါးပါးချိန်းတွေ့မှုတွေနဲ့ သင်နဲ့ လုံးဝလိုက်ဖက်မှာ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း Gemini တွေက အပြည့်အဝလွတ်လပ်ချင်ကြပြီး သူတို့ကို ထိန်းချုပ်ရင် လုံးဝမကြိုက်ကြသူတွေပါ။ အချိန်ကြာလာတာနဲ့အမျှ Gemini တွေရဲ့ အေးစက်မှုတွေကို ကြောက်စရာကောင်းတယ်လို့ ထင်လာပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
ref-themindsjournal