
ကဗျာဆန်တဲ့ စာသားလေးတွေ၊ ရင်ထဲထိသွားစေတဲ့ စာသားလေးတွေကို သင်မြင်ဖူးမှာပါ။ ငယ်ငယ်က ရည်းစားစာရဖူးသူတွေဆိုရင် ဒါမျိုးကိုပိုသိမှာပါ။ တချို့လူတွေက တဖက်သားကို သူတို့ဆီ လုံးဝကျသွားအောင် စကားလုံးလှလှလေးတွေနဲ့ သိမ်းပိုက်တတ်ပါတယ်။ အထူးသဖြင့် Messenger မှာစကားပြောတဲ့အချိန်ဆို တဖက်လူက ကိုယ့်ကိုပိုချစ်လာအောင် ချစ်စရာကောင်းတဲ့ စာသားလေးတွေပို့တတ်ကြပါတယ်။ ဒီလိုချစ်စရာ Message လေးတွေပို့တတ်တဲ့ ရာသီခွင် (၄)ခုကတော့-
၁။ Taurus (April 20 – May 20)
Taurus တွေက လူတစ်ယောက်ကို ချီးကျူးတဲ့နေရာမှာ ပညာသားပါပါတယ်။ သင်တော်တဲ့နေရာတွေကို သိနှင့်ထားပြီးသားဖြစ်ရင်တောင် အဲ့တော်တဲ့အရာကို စကားလှလှလေးတွေနဲ့ ပြောတတ်ပါတယ်။ သင်က Taurus နဲ့စကားပြောတဲ့အချိန်တိုင်း ချီးကျူးစကားတစ်ခွန်းတော့အမြဲကြားနေရမှာပါ။ ဒီအရာတွေကြောင့်ပဲ Taurus ရာသီဖွားတွေကို ခေါင်းထဲ ထည့်မိနေတတ်ပါတယ်။

၂။ Cancer (June 21 – July 22)
Cancer ရာသီဖွားတွေက သူတို့ဘဝမှာကြုံလာရတဲ့ ကျေးဇူးတင်သင့်တဲ့လူတွေအကြောင်း တစ်ခမ်းတစ်နားပြောတတ်ပါတယ်။ သူတို့ဘဝမှာ ပိုင်ဆိုင်ထားရတဲ့ အရာတွေကြောင့် ဘယ်လောက်ထိ ပျော်မိကြောင်းသေချာပြောတတ်ပါတယ်။

၃။ Capricorn (December 22- January 19)
Capricorn တွေက သူတို့နဲ့မရင်းနှီးတဲ့လူတွေဆိုရင် အေးစက်စက်နဲ့ဆက်ဆံတတ်ပါတယ်။ သူတို့ရင်းနှီးပြီဆိုတာနဲ့ အေးစက်တဲ့ပုံစံမဟုတ်ဘဲ အနူးညံ့ဆုံးပုံစံအဖြစ်ပြောင်းလဲသွားပါတယ်။ လူတစ်ယောက်နဲ့ အတွင်းကျကျသိပြီဆိုတာနဲ့ စကားလုံးလှလှလေးတွေအမြဲ တဖွဲ့တနွဲ့ပြောတတ်ပါတယ်။ ကိုယ့်စိတ်ထဲ ပြောနေမှန်းမသိအောင်ကို နဂိုတည်းက ပြောတတ်ပြီးသားဖြစ်နေတာပါ။

၄။ Aquarius (January 20 – February 18)
Aquarius ရာသီဖွားတွေက လူတစ်ယောက်ကို ကြွေကျအောင်ချီးကျူးတတ်ပါတယ်။ Message ပို့တဲ့နေရာမှာလည်း ဖတ်သူတိုင်းကို ချစ်လာအောင် စာလုံးစီပြီးပို့တတ်ပါတယ်။ ရယ်စရာဟာသလေးတွေလည်းပြောတတ်ပြီး ဒီအရာတွေကပဲ သူတို့ကို ဆွဲဆောင်မှုရှိစေတာပါ။
Lifestyle_Myanmar
ref-thoughtcatalog