ဒီတစ်နှစ်တာ မေတ္တာရေးကံဇာတာ
lotaya.mpt.com.mm
|
2022-06-22

ဒီတစ်နှစ် မြန်မာလို ၁၃၈၄ ခုနှစ် (၂၀၂၂ ဧပြီမှ ၂၀၂၃ ဧပြီအထိ) တစ်နှစ်တာအတွင်း နေ့နံသားသမီးအလိုက် အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာကို ဆန်းစစ် သိရှိနိုင်ဖို့ တင်ပြလိုက်ပါတယ်။

ဒီနှစ်မှာ ဘယ်နေ့ဖွားတွေက မေတ္တာရေး ကံကောင်းကြမလဲ၊ ဘယ်နေ့ဖွားကတော့ နှလုံးသားရေးမှာ ကံခေပြီး ပြဿနာတွေ ဖြစ်နိုင်လဲဆိုတာ မြန်မာ့ရိုးရာဗေဒင်ပညာနဲ့ အဖြေရှာ ဟောကိန်းထုတ်ထားပါတယ်။

တနင်္ဂနွေနေ့ဖွား

အချစ်ရေးမှာ ဆုံးဖြတ်ရခက်တဲ့အခြေအနေတွေနဲ့ တစ်ဦးထက်မကတဲ့ သံယောဇဉ်တွေ ပေါ်လာတတ်ပါတယ်။ အိမ်ထောင်ရှင်တွေလည်း စဉ်းစားရကျပ်တတ်ပြီး လူလွတ်တွေကတော့ သွားရင်းလာရင်း ကံပေါ်တတ်ပါတယ်။

တနင်္လာနေ့ဖွား

ပျိုရွယ်သူတွေရော၊ အိမ်ထောင်ရှင်တွေပါ ဒီတစ်နှစ်မှာ မေတ္တာရေး စိတ်ချမ်းသာမှုတွေ ရရှိတတ်ပြီး ကံကောင်း ပျော်ရွှင်ရမယ့်နှစ်ကို ဖြတ်သန်းရပါလိမ့်မယ်။ ဒါပေမယ့် အိမ်ထောင်ပြုမယ်ဆိုရင်တော့ ခက်ခဲမှု ရှိတတ်ပါတယ်။

အင်္ဂါနေ့ဖွား

လက်တွဲဖော် (သို့) အိမ်ထောင်ဖက် ကျန်းမာရေး အားနည်းတတ်ပါတယ်။ အဝေးမှာ ခွဲခွာနေရသူတွေအတွက် မသိသာပေမယ့် အတူနေသူတွေမှာ ပြဿနာ ဖြစ်လွယ်တတ်ပါတယ်။ မေတ္တာရေး အားနည်းနေတတ်ပါတယ်။


Super Lan သို့သွားရန်နှိပ်ပါ

ဗုဒ္ဓဟူးနေ့ဖွား

ဒီတစ်နှစ် မေတ္တာရေးမှာ ဘေးကနေ ဝင်စွက်တာ၊ သူများအပူ ကိုယ့်ဆီ ကူးစက်တာတွေနဲ့ ကြုံရတတ်ပါတယ်။ ချစ်သူ၊ အိမ်ထောင်ရှင်တွေကြား သည်းခံမှု နည်းတတ်ပါတယ်။ လက်တွဲဖော်ရှာနေသူတွေ ကံကောင်းပါမယ်။

ရာဟုနေ့ဖွား

အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပြိုင်အဆိုင်တွေ ပေါများလာတတ်ပါတယ်။ အများနဲ့တစ်ယောက်လို ဖြစ်နေပြီး ကြီးကဲသူတွေကပါ နှောင့်ယှက်တတ်ပါတယ်။ နှလုံးသားရေးမှာ မတည်မငြိမ်နဲ့ စိတ်သောက များရတတ်တယ်။

ကြာသပတေးနေ့ဖွား

မေတ္တာရေးမှာ ကံဇာတာ လျှမ်းလျှမ်းတောက်မယ့် နေ့ဖွားတွေ ဖြစ်ပြီး လူပျိုလူလွတ်တွေမှာ စန်းပွင့်တတ်သလို အိမ်ထောင်ရှင်တွေမှာလည်း လက်တွဲဖော်ဆီက စိတ်ချမ်းသာစရာတွေ၊ အကူအညီတွေ ရမယ့်နှစ် ဖြစ်ပါတယ်။


MPT IPTV သို့သွားရန်နှိပ်ပါ

သောကြာနေ့ဖွား

ဒီနှစ်မှာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဒွိဟ ဖြစ်ရတာ၊ တွေဝေရတာတွေ ပိုများလာတတ်ပါတယ်။ နှစ်ဦးကြား ဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာတတ်သလို အချင်းချင်း အမြင်မကြည်ဘဲ ဖြစ်တတ်ပါတယ်။

စနေနေ့ဖွား

တစ်နှစ်တာ မေတ္တာရေးကံ အတက်အကျ များတတ်ပါတယ်။ လူပျိုလူလွတ်ဖြစ်စေ၊ အိမ်ထောင်ရှင်တွေ ဖြစ်စေ ဒီနှစ်မှာ လက်တွဲဖော်နဲ့ နားလည်မှု ရဖို့ ခက်ခဲလာနိုင်ပါတယ်။ စကားမှားတာ၊ ငြင်းခုံရတာတွေ များနေပါမယ်။

နေ့ဖွားအားလုံး မေတ္တာရေးမှာ အေးချမ်းသာယာ ရှိကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#အချစ်ရေး
#မေတ္တာရေး
#ကံကောင်း
#ကံဇာတာ

Some text some message..