
ဒီနှစ် ဝါတွင်း (၃) လမှာ ကုသိုလ်ထူး ရယူလိုသူများအတွက် ၊ ဒါမှမဟုတ် အဓိဌာန်တစ်ခုခု ၊ ကျင့်စဉ်တစ်ခုခု ဝင်ပြီး လိုရာဆန္ဒ ပြည့်ဝလိုသူများအတွက် ထူးခြားထက်မြက်လှတဲ့ ကိုးနဝင်းအဓိဌာန်ကျင့်စဉ်ကို အများသူငါ အကျိုးရှိစေဖို့ရာ အသင့်တွက်ပြီးဇယားနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိ ၂၀၂၂ ခုနှစ် ၊ ဇူလိုင် ၁၂ ရက်နေ့ဟာ ပြက္ခဒိန်အရ ဝါဆိုလပြည့်နေ့ ကျရောက်ပြီး ဝါဆိုလပြည့်ကနေ စတင်ပြီးတော့ ကိုးနဝင်းအဓိဌာန်ကို စဝင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဝါခေါင် ၊ တော်သလင်းလတွေကနေ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၉ ရက်နေ့အရောက်မှာ ကိုးနဝင်းအဓိဌာန် ပြီးဆုံးမှာ ဖြစ်ပါတယ်။
ဝါတွင်းကာလ ရက်ပေါင်း ၉၀ အတွင်းမှာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော် ၉ ပါးကို နေ့စဉ် အဓိဌာန်ဝင် ပုတီးစိပ်သွားမှာ ဖြစ်လို့ အင်မတန် ကုသိုလ်ရပြီး လိုရာပြည့်စေနိုင်တဲ့အကျိုးထူးကို ရရှိစေမှာပါ။ အဓိဌာန်ကာလအတွင်း မိမိတို့ ဆန္ဒရှိသလို မွေးနေ့တိုင်း အသက်လွတ်စားပြီးတော့လည်း ကျင့်ကြံအားထုတ်နိုင်ပါတယ်။
ဝါဆိုလပြည့်ကနေ သီတင်းကျွတ်လပြည့်အထိ ရက်ပေါင်း ၉၀ လုံးလုံး မပျက်မကွက် ကျင့်ကြံအားထုတ်နိုင်မှ အဓိဌာန်ပေါက်မြောက်အောင်မြင်မှာ ဖြစ်ပြီး မဆုတ်နစ်တဲ့ ဇွဲလုံ့လနဲ့ အားထုတ်နိုင်မှ အောင်မြင်ပါလိမ့်မယ်။
အောက်ပါဇယားကွက်မှာ အဓိဌာန်စဝင်တဲ့ရက်ဟာ ဇူလိုင် ၁၂ ရက် (ဝါဆိုလပြည့်နေ့) ဖြစ်ပြီး (၉) ရက်ခြားစီ (၁၀) ကြိမ်နဲ့ ရက်ပေါင်း ၉၀ တိတိ ပုတီးစိပ်လာရင်း အောက်တိုဘာ ၉ ရက် (သီတင်းကျွတ်လပြည့်နေ့) မှာပဲ အဓိဌာန် ပြီးဆုံးမှာ ဖြစ်ပါတယ်။ ဘယ်အကြိမ်မှာ ဘာရွတ်ရမလဲဆိုတာ ဇယားမှာ ပြထားပါတယ်။

မှတ်ချက် - ပထမဆုံး (၉) ရက်အတွင်း အရဟံမှ ဘဂဝါအထိ နေ့စဉ် (၉) ပတ်ဆိုတာ ဂုဏ်တော်တစ်ပါးကို ပုတီးတစ်ပတ်နှုန်းနဲ့ တစ်ရက်ကို (၉) ပတ် စိပ်သွားဖို့ ရည်ညွှန်းပါတယ်။
ကျင့်ကြံအားထုတ်ရင်း လိုရာကိစ္စ ပြီးမြောက်လို့ ဆုတောင်းတွေလည်း ပြည့်ဝကြပါစေ…။
ဧက (ဗေဒင်သုတ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကိုသီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope