
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ကြိုးစားအားထုတ်မှုတွေ အောင်မြင်လာမယ့်ကာလ ဖြစ်တယ်။ လုပ်ငန်းမှာ နေရာကောင်းတွေ၊ မျက်နှာကောင်းတွေ ရလာမယ်။ လူကြီးသူမတွေက စောင့်ရှောက်ကူညီမယ်။ ဒါပေမယ့် ဘယ်အလုပ်မျိုးမှာမဆို စိတ်သောကတော့ မကင်းဘဲ လုပ်ကိုင်နေရမယ်။ ငွေကြေးကိစ္စအတွက်နဲ့လည်း အငြင်းပွားရတာတွေ ဖြစ်မယ်။
ကျန်းမာရေး - အကြောအချဉ် ၊ အရိုးအဆစ် မကောင်းဘဲ ဖြစ်တတ်တယ်။ ဒါပေမယ့် ဘေးဥပဒ်တော့ မရှိပါ။
လူမှုအိမ်ထောင် - မေတ္တာရေးကံဇာတာ အထူးကောင်းမွန်လာမယ့်သီတင်းပတ် ဖြစ်တယ်။ ချစ်သူလက်တွဲဖော် မရှိသေးသူတွေ လူကောင်းသူကောင်းနဲ့ ဖူးစာဆုံရတတ်တယ်။ ပျိုရွယ်သူတွေ စန်းပွင့်လာမယ်။ အိမ်ထောင်ရှင် စုံတွဲတွေကြား ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမယ်။ လူမှုဆက်ဆံရေးမှာတော့ ငယ်သူတွေကြောင့် စိတ်ညစ်မယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ခရမ်းဖျော့ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆ ၊ ၉
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ
ယတြာ - အိမ်ကဘုရားမှာ မနက်တိုင်း ကိတ်မုန့်နဲ့ ကော်ဖီ ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းကိုင်ငန်းတွေ အရှိန်အဟုန်နဲ့ ကြီးထွားလာမယ်။ အလုပ်သစ် စတင်တာ၊ လုပ်ငန်းနေရာ တိုးချဲ့တာတွေ လုပ်ရင် အောင်မြင်ကိန်း ရှိတယ်။ ငွေကြေးကံဇာတာလည်း ပွင့်လန်းလာမယ်။ လုပ်ပိုင်ခွင့်တွေ၊ အခွင့်ထူးတွေ ခံစားရမယ်။ ဒါပေမယ့် ဆိုင်၊ လုပ်ငန်းနေရာဌာနကိစ္စမှာ စိတ်ညစ်ရလိမ့်မယ်။
ကျန်းမာရေး - ဘေးဥပဒ် ကင်းတဲ့ကာလ ဖြစ်မယ်။ သွေးသားပိုင်းတော့ ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အားနည်းချက်တွေ ရှိလာမယ်။ အထူးသဖြင့် တနင်္လာနေ့ဖွား (အမျိုးသား) တွေမှာ အညံ့ ပိုများတတ်တယ်။ ချစ်သူ၊ လက်တွဲဖော်နဲ့ အကြီးအကျယ် စကားများရတတ်တယ်။ ပျော်စရာထက် စိတ်ညစ်ရတာ ပိုများမယ်။ လူမှုရေးကဏ္ဍမှာလည်း မရိုးမသားလူတွေနဲ့ချည်း တိုးမိတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - ပုလဲရောင် ၊ အနီရင့်ရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ
ယတြာ - မွေးနေ့ရယ် ၊ ကြာသပတေးနေ့ရယ်မှာ ဘုန်းကြီးကျောင်းကို ကြာဆံကြော် ဆွမ်းချိုင့် ပို့ပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာတော့ အလုပ်တွေက ထင်သလို မဖြစ်တာ၊ အလွဲအချော် များတာတွေ ကြုံရမယ်။ လုပ်ကိုင်နေရင်းက အခက်အခဲတွေ ပေါ်လာပြီး အမှားအယွင်းတွေ ဖြစ်တတ်တယ်။ စာရင်းအင်း လွဲမှားတာနဲ့ နားလည်မှု လွဲတာတွေ ကြုံလာရမယ်။ စွန့်စားရတဲ့အလုပ်မျိုးတော့ ကောင်းမယ်။ ငွေအကုန်အကျ များမယ်။
ကျန်းမာရေး - ကိုယ်ခံအားကောင်းပြီး ဘေးကင်းကျန်းမာမယ့်ကာလ ဖြစ်တယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကံ အနည်းငယ် ညံ့နိုင်တယ်။ ကိုယ့်လက်တွဲဖော်နဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ၊ ပူပန်နေရတာတွေ များလာတတ်တယ်။ ဘေးပယောဂ အနှောင့်အယှက်တွေ ရှိနေတတ်တယ်။ နှစ်ဦးကြားထဲကို ဘေးလူ ဝင်ရှုပ်တတ်တယ်။ လူမှုရေးမှာတော့ ကိုယ့်အပေါ်ကောင်းတဲ့ မိတ်ဆွေအသိုင်းအဝိုင်းမျိုး ရရှိလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်ရောင် ၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ
ယတြာ - အားလပ်ရက်မှာ ဗောဓိညောင်ကို သွားပြီး ရေသွန်းလောင်းပါ။ အမွှေးတိုင် ၈ တိုင် ပူဇော်ပေးပါ။
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - လုပ်မှားကိုင်မှားတွေ ဖြစ်လို့ စီးပွားရေးမှာ ထိရောက်သင့်သလောက် မထိရောက်ဘဲ ဖြစ်မယ်။ အလုပ်တွေ များပြီး အကျိုးအမြတ်က နည်းတတ်တယ်။ စွန့်စားရတဲ့၊သေချာမှုနည်းတဲ့အလုပ်တွေ ရှောင်ရမယ်။ အလုပ်တစ်ခုမက လျှောက်လုပ်ရတတ်တယ်။ ဟိုဟာမပြီး ဒီဟာမပြီး ဖြစ်မယ်။ ဝင်ငွေလည်း နည်းတတ်တယ်။
ကျန်းမာရေး - အာရုံကြော အားနည်းတာ၊ ဝမ်းပျက်တာတွေ ဖြစ်ပွားတတ်တယ်။ ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ စိတ်ချမ်းသာပျော်ရွှင်စရာတွေ ဖြစ်လာမယ်။ လက်တွဲဖော် အိမ်ထောင်ဖက်ဆီက အောင်မြင်မှုတွေ ကြားရမယ်။ အကူအညီလည်း ရရှိမယ်။ လူငယ်တွေ နှလုံးသားရေးမှာ လိုအင်ဆန္ဒ ပြည့်ဝမယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာလည်း အားကိုးရတဲ့မိတ်ဆွေတွေနဲ့ ကြုံဆုံရလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ အနီ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ
ယတြာ - စေတီတစ်ဆူရဲ့မွေးနံထောင့်မှာ ဂြိုဟ်တိုင်ရော ဘုရားကိုပါ သန့်ရှင်းရေးကုသိုလ် လုပ်ပေးပါ။
ရာဟုဖွား
အလုပ်အကိုင် - အလုပ်မှာ အရပ်ကူပါ၊ လူဝိုင်းပါအခြေအနေမျိုး ဖြစ်တတ်တယ်။ တစ်ယောက်တည်း လုပ်နေလို့ အဆင်မပြေဘဲ အများနဲ့ ပေါင်းစပ်လုပ်မှ အောင်မြင်တတ်တယ်။ ကိုယ့်ဖာသာ မှန်းဆလုပ်ရင် တလွဲတချော်တွေ များလိမ့်မယ်။ အလုပ်မှာ အကောင်းရောအဆိုးပါ ဒွန်တွဲကြုံမယ်။ ငွေကြေးကံလေးတော့ အသင့်အတင့် ရှိမယ်။
ကျန်းမာရေး - တစ်ပတ်လုံးမှာ စားသတိ၊ သွားသတိ ရှိရမယ်။ ရင်၊ ဝမ်း ဥပဒ် ပေးတတ်တယ်။
လူမှုအိမ်ထောင် - လူငယ်တွေ နှလုံးသားရေးမှာ အပျော်လွန်ရာက ပျက်တတ်တယ်။ အစအနောက် ကြမ်းမိလို့ စကားများရတတ်တယ်။ စုံတွဲ၊အိမ်ထောင်ရှင်တွေ လိုလားချက်၊ ရည်ရွယ်ချက်တွေ ပြည့်စုံမယ့်ကာလ ဖြစ်တယ်။ လူမှုရေးကဏ္ဍမှာ သတိထားပေါင်းသင်းရမယ့်သူတွေ ရှိနေလိမ့်မယ်။ မကောင်းသတင်း အလွှင့်ခံရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အဖြူ ၊ ခရမ်းရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၉
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့ မွန်းလွဲနောက်ပိုင်း
ယတြာ - လေလွင့်ကလေးငယ်တွေကို မုန့် ၊ အာဟာရ တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - အကြံအစည်တွေ ပျက်လွယ်တတ်တဲ့ ကာလဖြစ်လို့ ဒီအပတ်မှာ သေချာအကွက်ကျ စီစဉ်ပြီးမှ လုပ်ကိုင်တာထက် ကြုံသလို အဆင်ပြေသလို ကြည့်ကျက်လုပ်ချလိုက်တာ ပိုကောင်းမယ်။ စပ်တူရှယ်ယာကိစ္စ အကျိုးဖြစ်ထွန်းမယ်။ လုပ်ချင်တာ များပြီး အာရုံများနေလို့ အလုပ် ပျက်တတ်တယ်။ ငွေဝင်ကိန်းတော့ ရှိတယ်။
ကျန်းမာရေး - ရှောင်တခင် ကျန်းမာရေး ညံ့တာမျိုး ဖြစ်မယ်။ ဒါပေမယ့် ခဏနဲ့ ပြန်သက်သာမယ်။
လူမှုအိမ်ထောင် - မေတ္တာရေးက အရမ်း ညံ့တာမျိုး မဟုတ်ပေမယ့် အချင်းချင်း အမြင်တူတာတွေ များလာမယ်။ ဆူဆူပူပူနဲ့ တကျက်ကျက် မတည့်အတူနေလို ဖြစ်နေမယ်။ သဘောထားကွဲလွဲမှု များမယ်။ အိမ်တွင်းမိသားစုနဲ့ အဆင်မပြေ ဖြစ်လွယ်မယ်။ ပြင်ပလူမှုရေးကဏ္ဍမှာလည်း ခင်မင်ရင်းနှီးသူတွေနဲ့ ကတောက်ကဆ ဖြစ်လိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ခရမ်းရောင် ၊ ငွေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္ဂနွေ
ယတြာ - အိမ်ကဘုရားမှာ ငှက်ပျောသီး ၅ လုံးပေါ် သကြားဖြူးပြီး မကြာခဏ ကပ်လှူဆုတောင်းပါ။
သောကြာနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွား အရှိန်တန့်သွားတတ်တယ်။ ပုံမှန်ထက် နှစ်ဆ ကြိုးစားနိုင်ပါမှ တော်ရုံ ကျမယ်။ လုပ်ငန်းလည်ပတ်မှု မူမမှန်တာ့ဘဲ ဟိုဟာပျက်လိုက်၊ ဒီဟာရပ်လိုက်နဲ့ မနည်း ရုန်းကန်ရလိမ့်မယ်။ ငွေကြေးကံ အားနည်းပြီး ရစရာပေးစရာတွေအကုန် နောက်ကျတတ်တယ်။ ကြီးကဲသူတွေ၊ အာဏာပိုင်တွေက ငြိုငြင်မယ်။
ကျန်းမာရေး - ဘေးကင်းကျန်းမာမယ့်သီတင်းပတ် ဖြစ်တယ်။ အစားမှန်၊ အအိပ်မှန်ဖို့ သတိပြုပါ။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကြားလူတွေကြောင့် စိတ်ညစ်ရမယ်။ ကူညီမယောင်နဲ့ဒုက္ခပေး ဝင်မွှေသူတွေနဲ့ပဲ ကြုံရတတ်ယ်။ အချင်းချင်းကြား သံသယတွေ များမိတတ်တယ်။ ဒါပေမယ့် ပြဿနာတွေကို ပြေလည်အောင် ရှင်းလင်းနိုင်မယ်။ လူမှုရေးပိုင်းမှာတော့ ကိုယ့်အပေါ်ကောင်းတဲ့၊ ကူညီမယ့်သူတွေ ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် - အပြာရောင်၊ ခရမ်းဖျော့ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၃
ကံကောင်းစေတဲ့ အရပ် - မြောက်၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ
ယတြာ - အင်္ဂါနေ့မနက် အိမ်ကဘုရားမှာ စံပယ်ပန်း ၆ ကုံး ကပ်လှူပြီး ဆုတောင်းပါ။
စနေနေ့ဖွား
အလုပ်အကိုင် - အလုပ်မှာ အေးအေးချမ်းချမ်း မရှိဘဲ စိတ်သောကတွေ များလာမယ်။ အတိုက်အခိုက်တွေနဲ့ပါ ရင်ဆိုင်ရတတ်တယ်။ လုပ်စရာတွေ ဆက်တိုက် ပေါ်လာလို့လည်း လူရောစိတ်ပါ အပင်ပန်းခံ လုပ်ကိုင်ရမယ်။ ငွေကြေးပိုင်းမှာတော့ သိပ်အခြေအနေ မကောင်းဘဲ ဖြစ်မယ်။ အစိုးရ၊ အာဏာပိုင်ကိစ္စတွေ ဂရုစိုက်လုပ်ရမယ်။
ကျန်းမာရေး - အရိုးအကြောဆိုင်ရာ ဝေဒနာတွေ ဖြစ်တတ်တယ်။ ခေါင်းမူးခေါင်းကိုက် ဖြစ်လွယ်မယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကံဇာတာ အကောင်းအဆိုး မျှတနေမယ်။ ဒါပေမယ့် အချင်းချင်း သံသယတွေပါ ဝင်မိလို့ စိတ်ညစ်ညူးရတတ်တယ်။ စိတ်လိုက်မာန်ပါတွေလည်း ဖြစ်ရတတ်တယ်။ နှစ်ဦးကြားမှာ တတိယလူ ပေါ်တတ်တယ်။ စဉ်းစားရခက်တဲ့အရာတွေ ဖြစ်မယ်။ လူမှုရေးမှာလည်း အပေါင်းအသင်းကံ ညံ့နေလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အဝါ ၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၁ ၊ ၅ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - သောကြာ
ယတြာ - မသန်စွမ်းတွေ (သို့) သက်ကြီးရွယ်အိုတွေကို စားစရာသောက်စရာ လှူပေးပါ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope