အလုပ်အကိုင် ကံဇာတာ ကောင်းမွန်လိုသူများအတွက် ယတြာ
lotaya.mpt.com.mm
|
2022-09-21

အခုလို ခေတ်ကာလထဲမှာ အလုပ်ရှင်က အခြေအနေ မကောင်းလို့ပဲ ဖြစ်ဖြစ်၊ တခြား အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်အလုပ်လေး မရေမရာ၊ မတည်မငြိမ် ဖြစ်လာရင် ဒီယတြာကို သေချာလေး လုပ်ပေးသင့်ပါတယ်။

ပထမဦးစွာ လက်ရှိ ကောဇာမြန်မာနှစ်အရ ကိုယ်ရဲ့ အလုပ်အကိုင်ကံဇာတာ ဘယ်လိုနေမလဲ ဆိုတာ အရင်ဆုံး စစ်ဆေးကြည့်ပါမယ်။ ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (အင်္ဂလိပ်လို ရှေ့နှစ် ၂၀၂၃ ဧပြီလလယ်ထိ) အတွင်း အောက်ဖော်ပြပါ နေ့နံ၊ နာမည်တွေဟာ အလုပ်အကိုင် မတည်မငြိမ် ဖြစ်တတ်ပါတယ်။

(၁) ဗုဒ္ဓဟူးသားသမီးများ (ဗုဒ္ဓဟူးနာမည်ရှင် ယ၊ ရ ၊ လ ၊ ဝ များ)

(၂) ကြာသပတေးသားသမီးများ (ကြာသပတေးနာမည်ရှင် ပ၊ ဖ၊ ဘ၊ ဗ၊ မ များ)

(၃) နာမည်အဖျားစာလုံးကို ကြာသပတေးနံနဲ့ မှည့်ထားသူများ (ဥပမာ - ခိုင်ဖြိုး၊ ဇော်မင်း၊ လင်းမောင် စသဖြင့်)

အထက်ပါ နေ့နံနဲ့ နာမည်ရှင်တွေဟာ ဒီတစ်နှစ်တာအတွင်း အလုပ်အကိုင် မတည်ငြိမ်တာ၊ အလုပ်ပြောင်းရတာ ၊ အလုပ် ပြုတ်သွားတာတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီနေရာမှာ မူလဇာတာတွေကိုတော့ ထည့်သွင်းတွက်ချက်မှု မလုပ်ဘဲ ယေဘုယျသဘောကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။

ဖော်ပြပါ နေ့နံ၊ နာမည်တွေလောက် မဆိုးပေမယ့် စနေနဲ့တနင်္ဂနွေတွေကလည်း အသက်မွေးဝမ်းကျောင်းမှာ အနည်းနဲ့အများ အခက်အခဲလေးတွေ၊ စိတ်ညစ်စရာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ပြောင်းရရွှေ့ရ၊ မသွားချင်ဘဲ သွားရတာ၊ စိတ်မောလူမော ဖြစ်ရတာတွေ များတတ်ပါတယ်။

တကယ်လို့ ကိုယ့်အလုပ်ရှင်ရဲ့အခြေအနေ မဟန်တော့ရင်၊ ကိုယ့်နေရာလေးကို မျက်စောင်းထိုး လိုချင်သူတွေ ပေါများနေရင်၊ ဒါမှမဟုတ် ကိုယ့်အလုပ်လေး တည်မြဲမှ မိသားစုဘ၀ အဆင်ပြေမယ်ဆိုရင် အခု ဖော်ပြပေးမယ့် ယတြာကို အလေးအနက်ထား ဆောင်ရွက်ပေးပါ။


ဖော်ပြပါ ဇယားအရ ဥပမာ ပြရရင် ကြာသပတေးသားသမီးတစ်ဦးဟာ အလုပ်အကိုင် ကောင်းမွန်စေဖို့ ယတြာ ပြုမယ်ဆိုရင် တနင်္လာနေ့ မနက်စောစော ဘုရားစေတီတစ်ဆူရဲ့တနင်္လာထောင့်မှာ သောကြာနံ အသီးအပွင့်၊ အစားအစာတွေ ကပ်လှူပြီး ဆုတောင်းရမှာ ဖြစ်ပါတယ်။

ယတြာကို ဘယ်နှကြိမ် လုပ်ရမလဲဆိုရင် အနည်းဆုံး သုံးကြိမ်လောက် လုပ်သင့်ပါတယ်။ ဒီတစ်နှစ်တာအတွင်း အလုပ်ကံ အားနည်းတဲ့ နေ့နံ၊ နာမည်ရှင်တွေဆိုရင် လုပ်ကို လုပ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒါလောက်ဆိုရင် နေ့သားအားလုံးအတွက် ယတြာလုပ်ပုံလုပ်နည်းကို သိလောက်ပြီလို့ ယူဆပါတယ်။ အားလုံးပဲ အလုပ်အကိုင်ကံဇာတာတွေ ကောင်းမွန်နိုင်ကြပါစေ…။

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အလုပ်အကိုင်
#ယတြာ
#ဧပြီ
#ကံဇာတာ
#ကြာသပတေး

Some text some message..