ဘဝရဲ့ Soulmate လို့ ပြောနိုင်လောက်တဲ့အထိ လိုက်ဖက်လွန်းတဲ့ ရာသီခွင် စုံတွဲ (၄) တွဲ
lifestylemyanmar.com
|
2022-10-15

ရာသီခွင်တွေထဲမှာမှ တချို့ရာသီခွင်တွေရဲ့ အမူအရာတွေဟာ တခြားရာသီခွင်ရဲ့ အမူအရာတွေအတွက် မွေးဖွားလာသလား ထင်မှတ်ရပါတယ်။ ဒီလိုစုံတွဲတွေဟာ ဘယ်လောက်ပဲ ရန်ပွဲတွေ များပါစေ အဆုံးသတ်မှာတော့ ပြန်ချစ်သွားကြတာပါပဲ။ သူတို့တွေဟာ စိတ်ချင်းဆက်ပြီး တစ်ယောက်ခံစားချက်ကို ထုတ်ပြောစရာမလိုဘဲ နားလည်ပေးကြပါတယ်။ ဘဝရဲ့ Soulmate လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုလိုက်ဖက်လွန်းတဲ့ ရာသီခွင် စုံတွဲ (၄) တွဲကတော့-

Gemini (May 21 – June 20) နဲ့ Sagittarius (November 22 – December 21)

Gemini နဲ့ Sagittarius သာ တွဲမိရင် နှစ်ကိုယ့်တစ်စိတ်လို ဖြစ်သွားကြပါတယ်။ နှစ်ယောက်လုံးက အပြင်သွားဖို့ ကြိုက်ပါတယ်။ အတွေ့အကြုံသစ်တွေကို သင်ယူရတာလည်း ကြိုက်ကြပါတယ်။ စိတ်ကူကိုယ်တူဖြစ်တာကြောင့် လိုက်ဖက်တဲ့ စုံတွဲပါပဲ။


Leo (July 23 – August 22) နဲ့ Libra (September 23 – October 22 )

Leo ရာသီဖွားတွေက လူတွေရဲ့ အာရုံစိုက်ခြင်း အမြဲခံရပြီး စကားနည်းကြပါတယ်။ သူတို့က အကြောင်းအရာတွေကို နှလုံးသားနဲ့ ဆုံးဖြတ်တတ်ပါတယ်။ ဒါကြောင့်သူတို့ဆုံးဖြတ်ချက်တွေကို ခန့်မှန်းလို့မရပါဘူး။ Libra ရာသီဖွားတွေကျတော့ တည်ငြိမ်ပြီး အေးအေးဆေးဆေးဆုံးဖြတ်တတ်တာကြောင့် Leo အနားမှာ Libra က ထောက်ပံ့ပေးတဲ့လူတစ်ယောက်အနေနဲ့ အမြဲရှိနေတတ်ပါတယ်။ ဒီစုံတွဲကတစ်ယောက်နဲ့ တစ်ယောက်စကားပြောရတာ အဆင်ပြေပြီး အပြန်အလှန်ထောက်ပံ့ပေးနိုင်တာကြောင့် ပြည့်စုံတာထက် ပိုတဲ့ Leo နဲ့ Libra ပါပဲ။


Aries ( March 21 – April 19) နဲ့ Pisces ( February 19 – March 20 )

ဆန့်ကျင်ဘက်တွေက တစ်ဘက်နဲ့တစ်ဘက် ဆွဲငင်တယ်လို့သိထားကြမှာပါ။ Aries နဲ့ Pisces က အမြဲဆန့်ကျင်ဘက်ပါပဲ။ Aries ရာသီဖွားတွေက အလုပ်ကြိုးစားကြပြီး အိပ်မက်ဆန္ဒတွေပြင်းပြကြပါတယ်။ Pisces တွေရဲ့ ဘဝမှာတော့ လုပ်စရာတွေများပြီး ရှုပ်နေတတ်ပါတယ်။ တစ်ယောက်လိုအပ်နေတဲ့အရာကို တစ်ယောက်က ဖြည့်ဆည်းတတ်တာမို့ ပြည့်စုံတယ်ဆိုတဲ့ အဆင့်ထိ သွားပါတယ်။


Virgo (August 23 – September 22 ) နဲ့ Aquarius (January 20 – February 18 )

ဒီရာသီခွင်နှစ်ခုက အပြန်အလှန်ကာကွယ်ပေးကြပါတယ်။ တစ်ယောက်အတွက် တစ်ယောက်အမြဲ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒီရာသီခွင်နှစ်ခုက တစ်ယောက်ရဲ့ တစ်နေ့တာအကြောင်း တစ်ယောက်ဝေမျှတတ်ပြီး အေးအတူပူအမျှ ရင်ဆိုင်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။


Lifestyle_Myanmar

ref-timesofindia.indiatimes.com


#ရာသီခွင်
#Aries
#Pisces
#Gemini
#Leo

Some text some message..