နက္ခတ်ဗေဒင်အရ 2023 ခုနှစ်မှာ ဆိုးသင့်တဲ့ လက်သည်းအရောင်များ
mystylemyanmar.com
|
2023-01-27

မင်္ဂလာပါ… ပျိုမဒီတို့ရေ…. လက်သည်းပြင်ဆိုင်ရောက်လို့ လက်သည်းအတွက် အရောင်ရွေးရတော့မယ်ဆိုရင် လက်သည်းအရောင်ရွေးတာက အရေးမကြီးပေမယ့်လည်း ရွေးချယ်စရာတွေ အများကြီးထဲကနေ ရွေးရတာကြောင့် ရွေးရခက်လွန်းပါတယ်နော်။ အရောင်ရွေးတဲ့အခါ ခံစားချက်နဲ့လည်း ရွေးလို့ရသလို ခေတ်ရေစီးကြောင်းကို အမှီလိုက်ပြီး ရွေးလို့လည်းရပါတယ်။ ခုတစ်ခေါက်မှာတော့ နက္ခတ်ဗေဒင်အရ ရာသီဖွားတွေ 2023 မှာ ဆိုးသင့်တဲ့အရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Water Signs (Cancer, Scorpio, Pisces) Chrome Silver


Cancer, Scorpio, Pisces ရာသီဖွားလေးတွေအတွက် ၂၀၂၃ မှာ ဆိုးပေးသင့်တဲ့အရောင်လေးတွေက Silver ဒါမှမဟုတ် Chrome ပါ။ Silver က ပျော်ရွှင်မှုကို အမှတ်ရစေပြီး Chrome တော့ တောက်ပမှုနဲ့ ပြည့်စုံစေမှာပါ။

Fire Signs (Aries, Leo, Sagittarius): Lavender



ဂျူပီတာက ဒီနှစ်မှာ Aries ကို ပြန်ရောက်လာတာကြောင့် ကံကောင်းခြင်းတွေက ပြန်လည်ရောက်ရှိလာပြီး ဘဝကို ပြန်လည်တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ Aries, Leo, Sagittarius ရာသီဖွားလေးတွေအတွက် ၂၀၂၃ မှာ ဆိုးပေးသင့်တဲ့အရောင်လေးတွေက Lavender ပါ။

Earth Signs (Virgo, Taurus, Capricorn): Champagne


မြေကြီးရဲ့သင်္ကေတဖြစ်တဲ့ ရှန်ပိန်အဝါရောင်လေးက Virgo, Taurus, Capricorn ရာသီဖွားလေးတွေအတွက် ၂၀၂၃ မှာ မဖြစ်မနေရွေးသင့်တဲ့ အရောင်လေးပါပဲ။

Air Signs (Aquarius, Gemini, Libra): Maroon


Aquarius, Gemini, Libra တို့ အရောင်ရွေးဖို့ခက်နေရင် ၂၀၂၃ အတွက် အကောင်းဆုံးဖြစ်တဲ့ ကြက်သွေးရောင်လေးကိုဘဲ ရွေးချယ်လိုက်ပါ။


#Aries
#Taurus
#Pisces
#Cancer
#WaterSigns

Some text some message..