
တရုတ်နက္ခတ်ဗေဒင်မှာ တရုတ်လက္ခဏာ ၁၂ လုံးအပြင် ရာသီခွင်ငါးခုပါ၀င်ပြီး တရုတ်ရာသီခွင်ကို ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက်တို့နဲ့ ကိုယ်စားပြုဖော်ပြထားပြီး တရုတ်နှစ်သစ်ကူးက တရုတ်ရာသီခွင်နှစ်များရဲ့ အစနဲ့အဆုံးပါ။
တရုတ်ရာသီခွင်တစ်ခုစီနဲ့ ကိုက်ညီပြီး သင့်စွမ်းအင်များနဲ့ လိုက်ဖက်ညီတဲ့ ကံကောင်းတဲ့ ကျောက်တုံးတစ်ခုစီရှိပါတယ်။ ရာသီခွင်တွေအတွက် ကျန်းမာဖို့နဲ့ ကံကောင်းစေဖို့ ဒီကျောက်တွေက ကူညီပေးနိင်တယ်လို့ ယုံကြည်ထားကြတာကြောင့် ရာသီခွင်တိုင်း ဆောင်ထားသင့်တဲ့ကျောက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
Dragon ; Birth Years: 1928, 1940, 1952, 1964, 1976, 1988, 2000, 2012Lucky Stone: Amethyst
နဂါးအတွက် ကံကောင်းစေတဲ့ Amethyst က ကိုယ်ခံအားနှင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး အသားအရေအသွင်အပြင်ကို မြှင့်တင်ပေးကာ စိုးရိမ်ပူပန်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို တားဆီးပေးတယ်လို့ ယုံကြည်ကြပါတယ်။
Snake ; Birth Years: 1917, 1929, 1941, 1953, 1965, 1977, 1989, 2001, 2013Lucky Stone: Opal
မြွေနှစ်ဖွားတွေအတွက် အဆောင်ကျောက်ဖြစ်တဲ့ Opal က အပြုသဘောဆောင်ပြီး ထင်ရှားပေါ်လွင်မှုကို ဆောင်ကြဉ်းပေးပါတယ်။ ဒါ့အပြင် မျက်စိဝေဒနာများကို ပျောက်ကင်းစေပြီး အလုံးစုံ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းပေးပါတယ်။
Horse ; Birth Years: 1918, 1930, 1942, 1954, 1966, 1978, 1990, 2002, 2014Lucky Stone: Topaz
မြင်းနှစ်နဲ့သက်ဆိုင်တဲ့သူတွေက ရွှင်လန်း၊ စာနာတတ်ပြီး စိတ်အားထက်သန်ကြတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ လူတွေပါ။ အချစ်နဲ့ ကံကြမ္မာကျောက်တုံးလို့ အများကသတ်မှတ်ထားတဲ့ ဥဿဖရားကျောက်က မြင်းနှစ်တွေရဲ့ အဆောင်ကျောက်ဖြစ်ပြီး ယုံကြည်မှုနဲ့ သတ္တိကို တိုးစေပါတယ်။
Goat ; Birth Years: 1919, 1931, 1943, 1955, 1967, 1979, 1991, 2003, 2015Lucky Stone: Emerald
Emerald ကျောက်က ဆိတ်နှစ်ဖွားတွေအတွက် လူတစ်ဦးချင်းစီရဲ့ ဆင်ခြင်နိုင်စွမ်းကို ဖွံ့ဖြိုးစေပြီး ဉာဏ်ပညာကို ထက်မြက်စေတဲ့အပြင် စည်းစိမ်ဥစ္စာကို ပိုမိုတိုးပွားစေတယ်လို့ ယုံကြည်ကြပါတယ်။
Monkey ; Birth Years: 1920, 1932, 1944, 1956, 1968, 1980, 1992, 2004, 2016Lucky Stone: Peridot
အစိမ်းရင့်ရောင် ပြောင်ခေါင်းစိမ်က စိတ်နဲ့ စိတ်ခံစားမှုများကို ဟန်ချက်ညီစေခြင်းဖြင့် ငြိမ်းချမ်းမှုကို တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ကျန်းမာခြင်းနဲ့ကံကြမ္မာကို ယူဆောင်လာပေးတဲ့ ပြောင်ခေါင်းစိမ်းက မျောက်နှစ်ဖွားတွေအတွက် ကံကောင်းစေဖို့ ဆောင်ထားသင့်ပါတဲ့ကျောက်ပါ။
Rooster ; Birth Years: 1921, 1933, 1945, 1957, 1969, 1981, 1993, 2005, 2017Lucky Stone: Citrine
Citrine က အကောင်းမြင်နိုင်စွမ်းကို မြှင့်တင်ပေးတာကြောင့် ကြက်ဖနှစ်ဖွားတွေအတွက် ပြီးပြည့်စုံတဲ့ ကျောက်ပါ။ စည်းစိမ်ဥစ္စာကျောက်လို့ လူသိများတဲ့ Citrine က ကံကောင်းခြင်းတွေကို ယူဆောင်လာဖို့အတွက် အကောင်းဆုံးပါပဲ။
Dog ; Birth Years: 1922, 1934, 1946, 1958, 1970, 1982, 1994, 2006, 2018Lucky Stone: Diamond
စိန်ဟာ စည်းစိမ်ဥစ္စာ၊ ကျော်ကြားမှု၊ ချမ်းသာမှုနဲ့ အချစ်တို့ကို ခွေးနှစ်ဖွားတွေရဲ့ ဘဝထဲကို ယူဆောင်လာပေးတယ်လို့ ယူဆထားကြပါတယ်။
Pig ; Birth Years: 1935, 1947, 1959, 1971, 1983, 1995, 2007, 2019Lucky Stone: Ruby
ဝက်နှစ်ဖွားတွေရဲ့ အဆောင်ကျောက်ဖြစ်တဲ့ ပတ္တမြားဟာ စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ပေးစွမ်းပြီး မကောင်းမှုများကို တားဆီးကာ ပေါင်းသင်းဆက်ဆံရေးကို အားကောင်းစေပါတယ်။
Rat ; Birth Years: 1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020Lucky Stone: Garnet
ကြွက်နှစ်ဖွားတွေရဲ့အဆောင်ကျောက်ဖြစ်တဲ့ Garnet က ချစ်ခြင်းမေတ္တာနဲ့ အကောင်းမြင်စိတ်တို့အတွက် တကယ်ကိုဆောင်ထားသင့်တဲ့ ကျောက်ပါ။
Ox ; Birth Years: 1913, 1925, 1937, 1949, 1961, 1973, 1985, 1997, 2009, 2021Lucky Stone: Aquamarine, Tourmaline, Citrine
Aquamarine stone ကျောက်က စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရရှိစေဖို့ ကူညီပေးပါတယ်။ Tourmaline က ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်ကို မြှင့်တင်ပေးပြီး Citrine က ကံကောင်းခြင်းများကို ယူဆောင်လာကာ ငွေကြေးနှင့် စီးပွားရေးကဏ္ဍများတွင် ကြီးပွားလာစေဖို့ ကူညီပေးပါတယ်။
Tiger ; Birth Years: 1926, 1938, 1950, 1962, 1974, 1986, 1998, 2010, 2022Lucky Stone: Sapphire, Jade
ကျားနှစ်ဖွားတွေဆောင်ထားသင့်တဲ့ကျောက်ဖြစ်တဲ့ နီလာကျောက်က စိတ်ကိုတည်ငြိမ်စေပြီး အဆိုးမြင်အတွေးများကို ဖယ်ရှားပေးပြီး ကျောက်စိမ်းဟာ စိတ်ကို အေးချမ်းစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။
Rabbit ; Birth Years – 1927, 1939, 1951, 1963, 1975, 1987, 1999, 2011, 2023Lucky Stone – Pearl, Moonstone
Moonstone က လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်အစစ်အမှန်ကို လိုက်လျောညီထွေဖြစ်အောင် ကူညီပေးနိုင်တဲ့အပြင် အစာခြေစနစ်နဲ့ မျိုးပွားမှုစနစ်ကို အားကောင်းစေပါတာမလို့ ယုန်နှစ်ဖွားတွေအတွက် ဆောင်ထားသင့်တဲ့ကျောက်ပါ။