
လက္ခဏာပညာရပ်မှာ လူတို့၏ မတူကြတဲ့ လက်ပုံစံအမျိုးအစားကို ခွဲခြားနားလည်ရန် လိုအပ်ပါသည်။ လက်ပုံစံအနေအထားတွေကို ခွဲခြားရာမှာ လက်၏ထုထည်၊ ဗျက်အကျယ်နှင့် လက်ချောင်းပိုင်း၊ လက်ဝါးပြင်ပိုင်းဆိုပြီး ခွဲခြားကြည့်ရှုပြီး ဟောကြားကြပါသည်။ လက်အနေအထားတွေထဲက လက်ဝါးပြင်ပေါ်မှာ ရှိတဲ့ ဂြိုလ်ခုံတွေမှာ အမှတ်အသားတွေကနေလဲ လူတစ်ယောက်ချင်းစီရဲ့ ကံကြမ္မာတွေကို သိရှိနိုင်ပါသည်။ အခုအမှတ်အသားတွေကတော့ လက်ဖဝါးပေါ်က လေးထောင့်ကွက်တွေအကြောင်းပဲ ဖြစ်ပါတယ်။

၁။ လက်ညှိုးအောက် ကြာသပတေးဂြိုလ်ခုံပေါ်ရှိ Square= teacher square ဟုလည်း ခေါ်သည်။ ဂါထာ ၊ မန္တန် ၊ အင်းအိုင် လက်ဖွဲ့ပညာတတ်မည်။ အကျိုးပေးမည်။ ကြိုးစားလျှင် သိဒ္ဓိပေါက်မြောက်နိုင်သည်။ မည်သည့်ဘေးဒုက္ခရောက်နေသည် မဆိုကယ်တင်မည့်သူ ပေါ်လာမည်။ မယ်တော်များ စောင့်ရှောက်ပါသည်။
၂ ။ စေတီ ၊ ပုထိုး ၊ ကျောင်း တည်ဆောက်ရမည်။ ပါဝင်ရမည်။အစွမ်းထက်သည့် ဓာတ်လုံး ၊ အင်း ၊ ဂမ္ဘီရပစ္စည်းများ ရမည်။ ဝိဇ္ဇာစောင့်ရှောက်သည်။
၃။ ဘုရားကျောင်းကန်နားရှိသော မြေကွက်ပိုင်ဆိုင်မည်။
၄။ တခြားနေရာများ၌ မြေကွက်ပိုင်ဆိုင်မည်။ ဝယ်ရောင်းပြုရမည့် မြေကွက်ပိုင်ဆိုင်မည်။
၅။ မိမိခန္ဓာကိုယ်ကို ထိခိုက်လာမည့်မှန်သမျှကို ကာကွယ်ပေးထားပါသည်။
၆။ မြေကွက် အမွေရပါမည်။ နှစ်ခုရှိနေလျှင် နှစ်ကွက်ရပါမည်။ မိမိလုံ့လ မစိုက်ရဘဲဥစ္စာငွေအလုံးအရင်းဖြစ်ရပါမည်။
၇။ လက်မ၏ ပထမအဆစ်နှင့် မိသားစုလိုင်း အကြားရှိနေသည့် လမ်းကြောင်းငယ်။
မမြင်နိုင်သောပုဂ္ဂိုလ်တစ်ဦး စောင့်ရှောက်ပါသည်။ မည်သည့်ပုဂ္ဂိုလ်မျိုး စောင့်ရှောက်သည်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope