မှဲ့ပါသောသူ၊ ဖတ်မှတ်ယူ
lotaya.mpt.com.mm
|
2023-03-06

မှဲ့တည်ရှိရာအရ ဖြစ်တတ်သောအကျိုးအပြစ်များမှာ

၁။ နဖူးပြင် ညာဘက်ခြမ်းမှာ မှဲ့ပါရှိလျှင် ယောကျ်ားလေးဖြစ်က့ ကိုယ်ပိုင်ကိုယ့်အစွမ်းအစဖြင့် ချမ်းသာ ကြွယ်ဝတတ်သူဖြစ်ပါသည်။ ငွေရှင်ကြေးရှင် ဓနရှင်ကြီးဖြစ်တတ်ပါသည်။

            မိန်းကလေးဖြစ်ခဲ့မည်ဆိုလျှင်၊ မိန်းကလေးမှာ အဲသည်လိုပါခဲ့မည်ဆိုရင် ဘုန်းကံကြီးမားသော လင်ယောကျ်ား၊ အိမ်ထောင်ဘက်မျိုးကို ရရှိတတ်ပါသည်။ ချမ်းချမ်းသာသာနေရတတ်ပါသည်။ အသက် လည်းရှည်ရှည်နေရတတ်ပါသည်။


မှတ်ချက်။         ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်းဆိုခြင်းကို ကျိန်းသေ ပြော၍ မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။

၁။        မှဲ့အဖြူ

            မှဲ့ဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးသာ ပေးတတ်သည် ဟုမှတ်ယူရ ပါမည်။

၂။         မှဲ့အနီ

            မှဲ့နီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်း ကျိုးပေးသည့်နေရာဆိုပါက အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။

၃။        မှဲ့အညို

            မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။


၄။        မှဲ့အနက်

            မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။

၅။        မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါ သည်။

၆။        မှဲ့အစိမ်း

            မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပုဂိ္ဂုလ်များ၌သာ ပါလေ့ရှိတတ်ပါသည်။

၇။        မှဲ့ရှင်

            မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲ့စွာ ပေးတတ်ပါသည်။ အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။

            ထို့ကြောင့် မိမိမှာ အထက်မှာ ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက်ဖြည့် စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ်နေရာမှာ ပါသည့် မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန်မည်သာ ဖြစ် ပါသည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#မိန်းကလေး
#နဖူး
#မှဲ့အနီ
#မှဲ့အညို
#မှဲ့အဖြူ

Some text some message..