
လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ မွေးရာပါ ရှိနေကြတဲ့ မှဲ့တွေကို ကြည့်ပြီး အဲသည့်လူရဲ့ ဘဝမှာ ဘာတွေဖြစ်လာနိုင်တယ် ဆိုတာကို ပြောပြနိုင်တယ်လို့ ဟိန္ဒူဗေဒင်ပညာရှိကြီးတွေက ယုံကြည်ထားပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ မှဲ့တွေရဲ့ နေရာအလိုက် အဆိုးအကောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကလည်း မတူညီကြပါဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်က မှဲ့တွေနဲ့ တိုက်ဆိုင်စစ်ဆေးရင်း ကိုယ်ဟာ ချမ်းသာတဲ့လူဖြစ်မလား၊ အောင်မြင်တဲ့သူ ဖြစ်မလား ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ အဖြေရှာကြည့်ရအောင်..။
တစ်ချို့မိန်းကလေးတွေမှာ မျက်နှာ၊ လည်ပင်းစတဲ့နေရာတွေမှာ ထင်ရှားတဲ့ မှဲ့တွေ ရှိနေတတ်ကြပါတယ်။
ရတနာဆီမီးထွန်းမှဲ့

သင့်နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ရှိနေမယ်ဆိုရင် သင်ဟာ အလွန်ကံကောင်းတဲ့ အမျိုးသမီးဖြစ်တယ်။ ဒီမှဲ့ကို ရတနာဆီမီးထွန်းလို့ခေါ်ပါတယ်။ ဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေက အိမ်ထောင်ရေးကံအလွန်ကောင်းတဲ့အပြင် သားလိမ္မာ သမီးလိမ္မာတွေ ထွန်းကားကြပါတယ်။ ဘာသာရေးလိုက်စားပြီး ဘုရားတရားလုပ်တယ်။ တရားထူး တရားမြတ် ရတတ်ပါတယ်။
နှုတ်တဆိတ်မှဲ့

ဒီမှဲ့ ပိုင်ရှင်တွေဟာ မူယာမာယာ များတယ်၊ စကားအရမ်းတတ်တယ်၊ စကားပြော ပရိယာယ် ကြွယ်ဝသူများဖြစ်ကြတယ်။ ယောကျ်ားများကို လှည့်ဖြားတတ်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှားရှိနေမယ့် တစ်လုံးတည်းသောမှဲ့ဖြစ်ပါတယ်။
ရတနာရွှေအိုးမှဲ့

သင့်ရင်ဘတ်အလယ်တည့်တည့်မှာ ထင်ထင်ရှားရှား မှဲ့ တစ်လုံးတည်း ရှိနေမယ်ဆိုရင်တော့ သင်ဟာ ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒီမှဲ့ကို ရတနာရွှေအိုးမှဲ့လို့ ခေါ်ပြီး ဒီမှဲ့တစ်လုံးတည်း ရှိတဲ့သူတွေဟာ အရမ်းကို ချမ်းသာကြွယ်ဝကြတယ်။ သင်ဟာ နာမည်ကြီးပြီးထင်ပေါ်ကျော်ကြားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်။ ဆင်းရဲတဲ့ဒဏ်ကို ခံရလည်း တစ်ခဏပဲ။ ပြန်ပြီး ချမ်းသာကြွယ်ဝတဲ့ ကံရှိပါတယ်။ မိန်းကလေးတွေ ရင်ညွန့်မှာ မှဲ့ပါခဲ့ရင်တော့ မိခင်ကောင်းတယောက်ဖြစ်ပြီး အိမ်မှုကိစ္စ နိုင်နင်းသူဖြစ်ပါတယ်။
စံပယ်တင်မှဲ့
အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ နှစ်ယောက်ကြုံရတတ်တဲ့သူတွေမှာ ရှိတတ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ထင်ရှားကျော်ကြားမှုရှိပြီး အလွယ်တကူ ချစ်ကြိုက်လွယ်တယ်။ အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတတ်ကြပါတယ်။
မှဲ့စလွယ်
မှဲ့စလွယ် ပါရှိလျှင် ငယ်စဉ်က ဆင်းရဲစေကာမူ ချမ်းသာကြွယ်ဝလာတတ်သည်။ လူသိများပြီး ထင်ရှားကျော်ကြားသော လင်ယောကျာ်းကို ရတတ်ပါသည်။ မည်မျှဆိုးသွမ်းသော ယောကျာ်း ဖြစ်စေကာမူ မိမိ၏သြဇာကို နာခံမည့်လင်ယောကျာ်းနှင့် ပေါင်းဖက် နိုင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးတွေအနေဖြင့် ကိုယ့်မှာ ဘယ်လိုမှဲ့တွေရှိနေလဲဆိုတာကို တိုက်ဆိုင်စစ်ဆေးရင်း ကိုယ်ဟာ ချမ်းသာတဲ့လူဖြစ်မလား၊ အောင်မြင်တဲ့သူ ဖြစ်မလား ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ အဖြေရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope