ကိုယ့် Zodiac Sign ကို ကိုယ်စားပြုပေးမယ့် ဂျင်းဘောင်းဘီအမျိုးအစား (၁၂) မျိုး
mystylemyanmar.com
|
2023-03-26

သင်က ကိုယ့် Zodiac Sign အလိုက် သင့်အမူအကျင့် စရိုက်နဲ့ လိုက်ဖက်မယ့် ဂျင်းဘောင်းဘီစတိုင်ကို သိချင်တယ်ဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ဒါ့အပြင် သင်နဲ့ ဘယ်ဂျင်းဘောင်းဘီစတိုင်က အဆင်ပြေမလဲ အချိန်ကုန်ခံ လိုက်မရွေးချင်ရင် သင့်ရဲ့ Zodiac Sign ကို အားကိုးနိုင်ပါတယ်။ ဒီထဲ ဖော်ပြထားတဲ့ ဂျင်းဘောင်းဘီနဲ့ ဂျင်းအဝတ်အစားတွေက သင့်အမူအကျင့်နဲ့ သင့် ရာသီခွင်ကို ကိုယ်စားပြုနေပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

TAURUS


သင်က စိတ်ရှည်ပြီး နွေးထွေးမှု ရှိတဲ့ သူတစ်ယောက်ဖြစ်ပြီး သင့်နဲ့ လိုက်ဖက်တဲ့ Jeans က Boyfriend Jeans ပါ။

GEMINI


လူပေါင်းဆန့်ကာ လူချစ်လူခင်များတဲ့ Gemini အဖို့တော့ ပွဲတွေသွားဖို့ Skinny Jeans လေး လိုအပ်ပါတယ်။

CANCER


သင်က စိတ်နုကာ အထိအရှမခံန်ိုင်တဲ့ သူဖြစ်တာကြောင့် တခြားသူနဲ့ မတူဘဲ ကွဲပြားနေစေဖို့ ဂျင်းဂါဝန်စတိုင်က ကူညီပေးမှာပါ။

Leo


Leo က ပွဲတွေနဲ့ နွေရာသီကို ကိုယ်စားပြုနေတာကြောင့် ဂျင်းဘောင်းဘီတိုလေးက အံကိုက်ပါပဲ။

VIRGO


VIRGO ရာသီဖွားတွေက လုံလုံခြုံခြုံ ရိုးရိုးရှင်းရှင်း ဖက်ရှင်စတိုင်ကို သဘောကျတတ်ပြီး ဂျင်းဘောင်းဘီရှည်နဲ့ လိုက်ဖက်ပါတယ်။

LIBRA


ချစ်ဖို့ကောင်းတဲ့ Libra နဲ့ လိုက်ဖက်တာကတော့ Denim Cigarette Pants ပါ။

SCORPIO


ဂျစ်ကန်ကန် အမူအကျင့်ရှိတဲ့ SCORPIO တွေအဖို့ ဂျင်း ဂျက်ကတ်ကို သဘောကျကြမှာပါ။

SAGITTARIUS


ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး တက်တက်ကြွကြွ နေတတ်တဲ့ SAGITTARIUS ရာသီဖွားတွေနဲ့ လိုက်ဖက်တာကတော့ ဂျင်းဝမ်းဆက်ပါ။

CAPRICORN


ရင်းနှီးလွယ်ကာ လက်တွေ့ကျတဲ့ CAPRICORN တွေနဲ့ အဆင်ပြေမှာက ဂျင်း လက်ရှည်အင်္ကျီ ဖြစ်ပါတယ်။

AQUARIUS


သွက်သွက်လက်လက် ဖြစ်လေ့ရှိတဲ့ AQUARIUS အဖို့တော့ ဂျင်းဝမ်းဆက် စတိုင်လေးက အဆင်ပြေနေမှာပါ။

PISCES


တီထွင်မှု အားကောင်းကာ အနုပညာ ဆန်တဲ့ PISCES တွေအဖို့တော့ အရောင်တွေ ခြယ်တာပါတဲ့ ဂျင်းဘောင်းဘီရှည်နဲ့ လိုက်ဖက်နေမှာပါ။

ARIES


စွန့်စားမှုတွေကို ကြိုက်တဲ့ ARIES ရာသီဖွားတွေက Denim Jumpsuit ကို နှစ်သက်မှာပါ။

Source: Allwomenstalk
By MyStyle Myanmar


#ဖက်ရှင်
#ဂျင်းဘောင်းဘီ
#ဝမ်းဆက်
#ဘောင်းဘီ
#Zodiac

Some text some message..