မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွက် နေ့ဖွားအလိုက် တစ်နှစ်စာဟောစာတမ်း
lotaya.mpt.com.mm
|
2023-04-12

မြန်မာနှစ်သစ် ၁၃၈၅ ခုနှစ် (ခရစ်နှစ်အရ ၁၇.၄.၂၀၂၃ မှ ၁၆.၄.၂၀၂၄ အတွင်း)  နေ့သားသမီး အားလုံးအတွက် တစ်နှစ်စာ ကံဇာတာဟောစာတမ်းကို တင်ပြလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

မိတ်ဆွေ ၊ ဆရာ ၊ အကြီးအကဲတွေက ကူညီမစမယ်။ အိုးအိမ်၊ နေရာကောင်း ရတတ်တယ်။ အလုပ်ဟောင်း ရပ်ပြီး အလုပ်သစ် စတင်ရတတ်တယ်။ ရပ်ဝေးမြေခြားက အကျိုးစီးပွား ဖြစ်ထွန်းမယ်။ ငွေကြေးကိစ္စအတွက် ရုန်းကန်ရလိမ့်မယ်။ မိသားစုအရေး၊ နှလုံးသားရေးကိစ္စတွေမှာလည်း စိတ်နှလုံးပင်ပန်းစရာတွေ ဖြစ်လိမ့်မယ်။

တနင်္လာသားသမီး

ဒီနှစ်မှာ နံပါတ်တစ် ဦးစားပေးရမှာက ကျန်းမာရေး ဖြစ်တယ်။ ရောဂါဝေဒနာ အခံရှိသူတွေ ပိုဂရုစိုက်ရလိမ့်မယ်။ အလုပ်စီးပွားကိစ္စမှာ ပူပန်သောကတွေ များရတတ်တယ်။ ငွေအတွက် စိတ်ဆင်းရဲရမယ်။ စွန့်စားရတဲ့အလုပ်မျိုး ရှောင်ရမယ်။ အိုးအိမ်နေရာဌာနတွေ ပြောင်းရွှေ့ရတတ်တယ်။ ယာဉ်၊ ကားနဲ့ပတ်သက်လို့ ဘေးဖြစ်တတ်တယ်။

အင်္ဂါသားသမီး

အလုပ်အကိုင်ကံ၊ ငွေကြေးစီးပွားကံ တိုးတက်မြင့်မားမယ့်နှစ် ဖြစ်တယ်။ ကြံစည်ကြိုးစားသမျှတွေ အရာထင်ပြီး အောင်မြင်ကိန်း ရှိတယ်။ တာဝန်တွေ တိုးလာသလို စိတ်ပူစရာတွေ၊ ခေါင်းခံစရာတွေလည်း များမယ်။ ဒီနှစ်မှာ မိသားစုအသိုင်းအဝိုင်းက ကိုယ့်ကို ကူညီမစမယ်။ လူငယ်တွေ နှလုံးသားရေးမှာ စန်းပွင့်ကံကောင်းတတ်တယ်။

ဗုဒ္ဓဟူးသားသမီး

ဒီနှစ်မှာ ဦးစားပေးခံရတာ၊ အခွင့်ထူးခံစားရတာတွေ ကြုံလာမယ်။ လုပ်ငန်းစီးပွား ကံကောင်းပြီး အောင်မြင်မယ်။ စပ်တူရှယ်ယာတွေ အကျိုးပေးမယ်။ ဒါပေမယ့် အာဏာပိုင်နဲ့ ငြိစွန်းနိုင်တဲ့ ဥပဒေ ပြင်ပအရာတွေ ရှောင်ရမယ်။ နိုင်ငံရပ်ခြား (သို့) မရောက်ဖူးတဲ့ဒေသတွေဆီ ရွှေ့ပြောင်းရတတ်တယ်။ မေတ္တာရေးကံတော့ အညံ့ ရှိနေမယ်။

ကြာသပတေးသားသမီး

ဒီတစ်နှစ်မှာ ကောင်းကျိုးချမ်းသာ အများစုကို ခံစားရလိမ့်မယ်။ အညံ့တွေ ကြုံရင်တောင်မှ ယာယီသာ ဖြစ်မယ်။ ကြီးကဲသူတွေနဲ့မိတ်ဆွေအသိုင်းအဝိုင်းက ကူညီပံ့ပိုးကြလိမ့်မယ်။ အလုပ်တာဝန် အပြောင်းအလဲ ရှိတတ်တယ်။ ပြဿနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ဒါပေမယ့် ဒီနှစ်မှာ အိုးအိမ်၊မြေယာကိစ္စတွေ ကံကောင်းတတ်တယ်။

သောကြာသားသမီး

တစ်နှစ်တာလုံးမှာ ဘယ်အရာပဲ လုပ်လုပ် တခါတည်းနဲ့ အဆင်မပြေဘဲ အကြိမ်ကြိမ် ကြိုးစားရုန်းကန်နေရမယ်။ ဘေးဥပဒ်လည်း သင့်တတ်လို့ သွားသတိလာသတိ ရှိရမယ်။ သူခိုး၊ ခါးပိုက်နှိုက်တွေက ဒုက္ခ ပေးတတ်တယ်။ ချစ်မေတ္တာရေးမှာ စန်းပွင့်ပြီး ကံကောင်းလိမ့်မယ်။ အလုပ်တစ်ခုမက ပေါ်မယ်။ အိုးအိမ်နေရာကောင်း ဝင်မယ်။

စနေသားသမီး

ဒီနှစ်မှာ ဆုံးဖြတ်ရခက်၊ ရွေးရခက်တဲ့ အခြေအနေတွေနဲ့ မကြာခဏ ကြုံရလိမ့်မယ်။ မတတ်သာလို့ သည်းခံရ ၊  မျိုသိပ်ရတဲ့အဖြစ်အပျက်တွေလည်း များမယ်။ မိသားစုနဲ့မိတ်ဆွေတွေက ကူညီစောင့်ရှောက်မယ်။ အလုပ်စီးပွား အဆင်ပြေပေမယ့် မေတ္တာရေးမှာတော့ ပဋိပက္ခတွေ ဖြစ်တတ်တယ်။ ခရီးကိစ္စတွေ နှောင့်နှေးပျက်ပြားနိုင်တယ်။

အခုဖော်ပြထားတဲ့ တစ်နှစ်စာ ကံဇာတာ ဟောစာတမ်းဟာ လူတစ်ဦးချင်းရဲ့ မူလဇာတာအလိုက် အသေးစိတ် တွက်ချက် ဟောဆိုတာ မဟုတ်ဘဲ ကောဇာနှစ်အကူးအပြောင်းအရ ဖြစ်ပေါ်လာတဲ့ ဂြိုဟ်နေဂြိုဟ်ထားတွေကို သုံးသပ်ပြီးတော့ ယေဘုယျ ဟောချက်ထုတ်ထားခြင်းသာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းနိုင်ပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#မေတ္တာရေး
#ကံဇာတာ
#စာတမ်း
#စန်းပွင့်

Some text some message..