ထူးထူးခြားခြားလာဘ်ဝင် လာဘ်ရွှင်စေသော နှစ်ဆန်း ၁ ရက်အလှူနှင့် အခါကောင်းရက်အဖြာဖြာ
lotaya.mpt.com.mm
|
2023-04-14

နေ့တစ်နေ့ချင်းအလိုက် ကောင်းမကောင်း၊ ဘယ်နေ့ဘယ်ရက်က ဘယ်လိုအလုပ်တွေ လုပ်နိုင်တယ် စသည်ဖြင့် ရွေးချယ်ရာ၌ နေ့, တိထီ, နက္ခတ်, ကရိုဏ်း၊ ယုဂ်တို့အပြင်၊ ကောဇာ  တနင်္ဂနွေ ဂြိုဟ်ရပ်တည်မှု အရ အခါမပေးရသောလများ၊ ကြာသာပတေးဂြိုဟ် ရပ်တည်မှုအရ တစ်နှစ်ပတ်လည် အခါမပေးရသော နှစ်များစသည်ဖြင့်သတ်မှတ်ချက်များစွာရှိပါသည်။ အပြည့်အဝစင်ကြယ်စွာ၊ လုံးဝ သန့်စင်သောအခါအရက် များကိုကားရရှိရန်မလွယ်ပါ သို့သော် သူ့ကိစ္စနှင့်သူ၊ လုပ်ငန်းအလိုက်လုပ်နိုင်သော ကိစ္စများလည်း ရှိပါသည်။

ဥပမာ၊    ၊ နတ်ပြည်ပြဿဒါးဆို၊ လူ့ပြည်မှာပြုလုပ်ရသော လူမှုရေး၊ ဘာသာရေးပွဲများပြုလုပ်နိုင် သည်။ မြေတူးခြင်း၊ ရေတူးခြင်း၊ ကျောက်တူးခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း ကိစ္စများမှာ တိထီမြေခံကောင်း လျှင်ပြုလုပ်နိုင်သည်။ လက်သမားမြေခံမကောင်းလျှင်သော်မှ တိထီမြေခံကောင်းလျှင်၊ ဆောင်ရွက်က အောင်မြင်နိုင်ပါသည်။ တိထီမြေခံသာမက လက်သမားမြေခံရော၊ အခြားအချက်အလက်များပါ ကောင်း လျှင်တော့ ပို၍အောင်မြင်မှုရရှိနိုင်ပါသည်။ တစ်ခုချင်းကိုအရေးကြီးစွာ လုပ်ကိုင်လိုလျှင်တော့ တတ်ကျွမ်း သောပညာရှင်ထံမှာ သီးသန့်ယူမှ အဆင်ပြေမည်ဖြစ်ပါသည်။

                        ဤအခန်းကဏ္ဍ၊ ဤနေရာမှာတော့ ကိစ္စတိုင်းကိုဆရာသမားများထံ ငွေကုန်ခံ မမေးနိူင်သူ များ၊ ကိစ္စတိုင်းကိုသိပ်အရေးမကြီး၊ ငွေမကုန်ဘဲ မိမိတို့ဆောင်ရွက်သောကိစ္စတိုင်း အောင်မြင်လိုသူများ အတွက် သိပ်အရေးမကြီးတဲ့ကိစ္စလည်းဖြစ် အခါရက်ကောင်း၏အထောက်အကူကိုလည်း ရယူပြီး လုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်လိုသူတိုင်း ဤအခါရက်များကို အလွယ်တကူ ရယူဆောင် ရွက်နိူင်ရန် စီစဉ်တင် ပြပေးထားခြင်းဖြစ်ပါသည်။

၂၀၂၃-ခုနှစ်၊ ဧပြီလအတွက် ကိစ္စအလိုက် မင်္ဂလာအခါကောင်းရက်များမှာ

၁။         ရေတွင်းရေကန်တူးရန်၊ အင်းအိုင်၊ ရေကန်၊ ဆည်၊ တာတမံများ စတင်တူးဖော်ရန်

ကောင်းသောရက် များ

            ၁-၂-၄-၆-၈-၉-၁၀-၁၂-၁၄-၁၆-၁၇-၁၈-၂၂-၂၃-၂၅-၂၆-၂၇-၃၀

၂။         အချစ်ရေးကိစ္စစတင်ရန်၊ ကြင်သူသက်ထား ရွေးချယ်ရန် လက်ထပ်ရန် ကောင်းသော ရက်များ

            ၂-၄-၅-၆-၇-၉-၁၀-၁၃-၁၈-၁၉-၂၃-၂၄-၂၉

၃။         ပညာရေးဝန်ဆောင်မှုများ၊ စာတမ်းဖတ်ပွဲများ၊ ပညာသင်ခြင်းများ စတင်ရန် ကောင်းသော ရက်များ

            ၁-၂-၃-၅-၆-၇-၁၂-၁၃-၁၆-၁၉-၂၀-၂၁-၂၂-၂၄-၂၆-၃၀

၄။         အိမ်ခြံ မြေတိုက်ခန်း အရောင်းအဝယ်လုပ်ရန် ကောင်းသောရက်များ

            ၁-၂-၃-၄-၉-၁၀-၁၁-၁၂-၁၃-၁၇-၁၉-၂၄-၂၆-၂၇-၂၈-၂၉-၃၀

၅။         ပဉ္ဇင်းခံ၊ ရှင်ပြုရန်ကောင်းသောရက်များ

            ၁-၂-၆-၇-၁၀-၁၃-၁၆-၁၇-၂၄-၂၅

၆။         အမည်ပေးဆိုင်းဘုတ်တင်ရန် ကောင်းသောက်ရက်များ

            ၁-၈-၉-၁၁-၁၂-၁၅-၁၆-၂၂-၂၃-၂၅-၂၇-၃၀

"ထူးထူးခြားလာဘ်ဝင် လာဘ်ရွှင်စေသော နှစ်ဆန်း ၁ ရက်အလှူ"

၁၃၈၅.ခုနှစ်ကို တည်ပြီး ၇.ဖြင့် စားသော် ၆.ခုကြွင်းပါတယ်။ မဟာဘုတ်ခွင်၌ ဗုဒ္ဓဟူးဂြိုဟ် ၄.ဂဏန်း သည် ရာဇဟုခေါ်သောနေရာတွင်ရှိ၏။ ထိုရာဇအိမ်ကိုပင် ဆန်းပညာရှင်ကြီးများက လာဘဂြိုဟ်ခွင်ဟု လမ်းပြထားခဲ့ကြပါတယ်။ ထိုနေရာရှိ ဂြိုဟ်ကို အဓိကအားပြုလျှက် တစ်နှစ်တာအတွင်း လာဘ်ဝင် လာဘ်ရွှင်စေရန်ဓာတ်ဆင်ခြင်းများပြုလုပ်ကြရသည်။ ထို့ကြောင့် ရွက်လှ ၁၇ ညွန့် သို့မဟုတ် လီလီပန်း  သို့မဟုတ် ရွှေပန်း ၁၇.ပွင့်ကို လာဘ်ဝင်လာဘ်ရွှင်စေသောပန်းအဖြစ် ပန်းအိုးပြုပြီးလှူဒါန်းဆုတောင်းရ၏.. သူ့တစ်မျိုးတည်းတော့ မရပေ.. မိမိ၏ မူလမြန်မာမွေးသက္ကရာဇ်ကိုလည်း ၇.ဖြင့်စားရ၏..ပြီးလျှင်အကြွင်းကိုကြည့်ရပါမယ်။

၁.ကြွင်းသူများသည် သပြေညွန့် သို့မဟုတ် သောကြာနံပန်း..၂၁.ညွန့်

၂.ကြွင်းလျှင် နှင်းဆီပန်း သို့မဟုတ် စနေနံပန်း.၁၀.ပွင့်

၃.ကြွင်းလျှင် အုန်းညွန့် သို့မဟုတ် တနင်္ဂနွေနံပန်း..၆.ညွန့်

၄.ကြွင်းလျှင် ကံ့ကော်/ကြာဖြူပန်း သို့မဟုတ် တနင်္လာနံပန်း ၁၅.ပွင့်

၅.ကြွင်းလျှင် ဇော်စိမ်း/ဇော်ကြား/စံပယ် သို့မဟုတ် အင်္ဂါနံပန်း ၈.ညွန့်

၆.ကြွင်းလျှင် ရွက်လှပန်း/လီလီပန်း/ရွှေပန်း သို့မဟုတ် ဗုဒ္ဓဟူးနံပန်း ၁၇.ညွန့်

၀.ကြွင်းလျှင် မေမြို့ပန်း/ပိတောက်ညွန့် သို့မဟုတ် ကြာသပတေးနံပန်း ၁၉ ပွင့်

တို့ကိုရှာဖွေထားရပါမယ်။

နှစ်ဆန်း ၁.ရက်နေ့ နှစ်သစ်ကူးပြီးသည်နှင့် မိမိ၏အကြွင်းအလိုက် ရရှိထားသော လာဘ်လာဘဂြိုဟ်ဖြစ်သော ပန်းအညွန့်များနှင့်  ၁၃၈၅.ခုနှစ်အတွက် လာဘ်ရွှင်စေသော ဗုဒ္ဓဟူးနံပန်းအညွန့်  ၁၇ ညွန့်တို့ကိုဂြိုဟ်သက်အလိုက် အညွန့်အရေအတွက်များပေါင်းပြီး ပန်းအိုးတစ်အိုးတွင်ရေထည့်၍ ပန်းအိုးထိုးပြီး.မြတ်စွာဘုရားနှင့်ရဟန္တာရှင်သူမြတ်အပေါင်းတို့အားလှူဒါန်းပါ..

မိမိ၏မူလမဟာဘုတ်နှင့် ယခုရောက်ရှိလာမည့် ကောဇာမဟာဘုတ်ခွင်တို့အကြွင်းတူလျင်လည်း

ရာဇအိမ်ရှိပန်းမှာတူသွားတတ်ပြီး နံတူသောပန်း လာဘပန်းနှစ်မျိုးကိုပေါင်း၍လှူရမည်ဟုသိထား

ရမည်။ ပန်းအိုးထိုးလှူပြီးသည်နှင့်မိမိရွတ်ဆိုပူဇော် တတ်သော ဂါထာတော် ဂုဏ်တော် ပရိတ်တော် လာဘ်ရွှင်မန္တာန်တော်မျာ းဥာဏ်ရှိသလိုပူဇော်ခြင်း ပုတီးစိပ် မေတ္တာပို့ခြင်းသစ္စာပြုဆုတောင်းခြင်းများပြုလုပ်ရပါမည်။

ယခုပန်းလှူနည်းကိုလည်း ၁.လ ၁.ကြိမ် သို့မဟုတ် ၄.လ ၁ကြိမ်ပြုလုပ်လှူဒါန်းခြင်းဖြင့် လာဘ်လာဘအပေါင်းကို ကောင်းမွန်စွာရှာဖွေနိုင်မည်ဖြစ်ပါသည်။.. ထို့ကြောင့် ထူးထူးခြားလာဘ်ဝင် လာဘ်ရွှင်ပြီး ကောင်းသော စင်ကြယ်သောလာဘ်လာဘများ ပိုင်ဆိုင်နိုင်ကြပါစေ..

ဆရာဉီးစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အချစ်ရေး
#ဧပြီလ
#တနင်္ဂနွေ
#ဗုဒ္ဓဟူး
#ကြာသပတေး

Some text some message..