ဧပြီ ၁၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-04-18

တနင်္ဂနွေ - လုပ်စရာကိုင်စရာတွေကို တက်တက်ကြွကြွနဲ့ လုပ်နိုင်မယ့်နေ့ ဖြစ်တယ်။ ဒါပေမယ့် အကြောင်းမဲ့ စိတ်ပူတာ၊ သူများအတွက် ပူပန်ရတာတွေတော့ ဖြစ်တတ်တယ်။ နေရင်းထိုင်ရင်း စိုးရိမ်ပူပန်စရာတွေကို ကြံဖန် တွေးမိနေတတ်တယ်။ အလုပ်တွေ ကောင်းမယ်။ အကျိုးအမြတ်လည်း ဖြစ်ထွန်းမယ်။ ငွေဝင်ကိန်း ရှိနေတယ်။ လူမျိုးခြားကြောင့် စိတ်ညစ်ရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်မယ်။ သတင်းထူး ကြားရမယ်။ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၉၃ နဲ့ ၂၁ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ ရွှေရောင်အတွဲ ဖြစ်တယ်။

သင့်

တနင်္လာ - စိတ်ညစ်စရာတချို့ ဖြစ်တတ်ပေမယ့် ဒီနေ့မှာ ကိုယ့်ကို အများက ဦးစားပေးတာတွေ ကြုံလာရမယ်။ လုပ်ကိုင်ဆောင်ရွက်တာတွေလည်း အထမြောက် အောင်မြင်တာ များမယ်။ လုပ်ငန်းကိုင်ငန်း တိုးတက်မယ်။ လုပ်ပိုင်ခွင့်တွေ တိုးလာမယ်။ စီးပွားရေးအရ အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ ငွေကြေးအကျိုးအမြတ် တိုးမယ်။ အိမ်တွင်းသောကတွေတော့ ဖြစ်ပေါ်တတ်တယ်။ မေတ္တာရေးမှာ စိတ်မကောင်းစရာတွေနဲ့ ကြုံရတတ်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံသုပ် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၂ နဲ့ ၃၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ငွေရောင်နဲ့ အနီရင့်ရောင် ဖြစ်တယ်။

သင့်

အင်္ဂါ - အများအားဖြင့် ကံကောင်းတဲ့နေ့ ဖြစ်တယ်။ ရည်ရွယ်ထားသလိုတွေ မဖြစ်တတ်ပေမယ့် ကိုယ့်ဖာသာ အဆင်ပြေသလို လုပ်ချလိုက်တာတွေက အပေါက်အလမ်း တည့်သွားတတ်တယ်။ မိတ်ဆွေအပေါင်းအသင်း အကျိုးပြုမယ်။ အဆက်အသွယ်ကောင်းတွေ ရတတ်တယ်။ အလုပ်အကိုင်ကံ အားနည်းတယ်။ ငွေကြေးတွေ အဝင်အထွက် မြန်မယ်။ အသုံးအစွဲ လက်လွန်မိတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စကားများမယ်။ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဆီထမင်း ကပ်လှူပေးရမယ်။ တစ်နေ့တာအတွင်း အကျိုးပေးဂဏန်းက ၃၁ နဲ့ ၂၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ကတ္တီပါရောင်တစ်မျိုးပဲ ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ကိုယ့်အကျိုးထက် အများအကျိုးစီးပွားကို ကြည့်ရမယ့်နေ့ ဖြစ်တယ်။ သူများတွေ အဆင်ပြေလေလေ ကိုယ့်အတွက်လည်း အကျိုးရှိလေလေ ဖြစ်မယ်။ ဒါပေမယ့် သူများပြဿနာက ကိုယ့်ဆီလည်း ကူးတတ်တာမို့ ဒါကိုတော့ ဂရုစိုက်ရမယ်။ ကိုယ့်အိမ်မှာ မကပ်ဘဲ အသွားအလာ၊ အရွှေ့အပြောင်းတွေ များမယ်။ စိတ်ကလည်း မငြိမ်တတ်လို့ ဘာလုပ်လုပ် မပြီးဘဲ ဖြစ်နေမယ်။ အလုပ်တွေ ပျက်တတ်တယ်။ နှလုံးသားရေးကံကောင်းမယ်။ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ ရင်ပြင်တော် သန့်ရှင်းပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၄၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အဖြူဖျော့ရောင် ဖြစ်တယ်။

သင့်

ရာဟု - တစ်နေ့တာလုံး ဟိုသွားဒီသွားနဲ့ ဂဏှာမငြိမ်တွေ ဖြစ်နေတတ်တယ်။ စိတ်တွေလည်း မငြိမ်မသက်နဲ့ အာရုံများရလိမ့်မယ်။ အလိုလိုနေရင်း စိတ်ပျက်လွယ်၊ အားလျှော့လွယ်မိတတ်တယ်။ ဘာမှကို စိတ်မဝင်စားဘဲ စိတ်လေသလို ခံစားရတတ်တယ်။ အလုပ်တွေ ဘယ်လောက်လုပ်လုပ် အကျိုးမရှိသလို ဖြစ်မယ်။ ငွေကြေးကံ သင့်ပေမယ့် အားမလိုအားမရ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အားကိုးတိုင်ပင်ဖော် ရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဗောဓိညောင်ပင်မှာ ရေ ၈ ခွက် သွန်းလောင်းပေးရမယ်။ အကျိုးပေးဂဏန်းက ၈၁, ၈၂ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ကော်ဖီရောင်၊ သံချေးရောင် ဖြစ်တယ်။

သင့်

ကြာသပတေး - ဘယ်ကိစ္စမဆို မပြတ်မသားနဲ့ စိတ်တွေ ရှုပ်ထွေးလွယ်မယ်။ ဘာမှကို ယတိပြတ် မဆုံးဖြတ်နိုင် ဖြစ်မယ်။ အိမ်သူအိမ်သားတွေ၊ မိသားစုချင်းတွေကြား သဘောကွဲလွဲမှု ဖြစ်မယ်။ အခြေအတင် စကားများမယ်။ ကိုယ့်ကို ရန်လိုတိုက်ခိုက်သူတွေ၊ ဝေဖန်သူတွေနဲ့လည်း ရင်ဆိုင်ရတတ်တယ်။ အလုပ်မှာ အဆင်ပြေပေမယ့် အများနဲ့ လိုက်လျောညီထွေတော့ ဖြစ်ဖို့ လိုမယ်။ မေတ္တာရေးမှာ ကံကောင်းမယ်။ ကူညီဖေးမမှုတွေ ရရှိမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သာကူမုန့် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၅ နဲ့ ၉၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ နို့နှစ်ရောင်တွေ ဖြစ်တယ်။

သင့်

သောကြာ - ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာနဲ့ အေးအေးလူလူ ဖြစ်မယ်။ စိတ်ညစ်စရာတွေ ရှိတောင်မှ ခဏနဲ့ ပြေလည်အေးချမ်းသွားမယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံရမယ်။ အကူအညီကောင်းတွေလည်း ရတတ်တယ်။ သတင်းကောင်းတွေ ဝင်လာလိမ့်မယ်။ ရပ်ဝေးကနေ အဆက်အသွယ်ကောင်းတွေ ရလာမယ်။ အလုပ်တွေ နှေးကွေးကြန့်ကြာတတ်ပေမယ့် အချိန်တန်ရင် ဖြစ်သွားမယ်။ နှလုံးသားရေးတော့ ကံခေနိုင်တယ်။ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သစ်သီးတွေ ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၆ နဲ့ ၃၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ပန်းဆီရောင်နဲ့ အနီရင့်ရင့် ဖြစ်တယ်။

ကောင်း

စနေ - ကိုယ့်အရေးထက် အများအကျိုးကို ရှေးရှုရတတ်တယ်။ အနစ်နာခံရတာ၊ အပင်ပန်းခံ ကူညီပေးရတာ များမယ်။ တစ်နေ့တာအတွင်း အလုပ်တွေတော့ ကသိကအောက် ဖြစ်မယ်။ အလုပ်နဲ့ ပတ်သက်လို့ ပူပန်ရတာ၊ ငြင်းခုံဖြေရှင်းရတာတွေ ဖြစ်တတ်တယ်။ ဒါပေမယ့် စိတ်ညစ်ခံသလောက်လည်း အကျိုး ရှိမယ်။ ငွေဝင်ခါနီးမှာ စိတ်ရှုပ်ပြီး ရတတ်တယ်။ မိတ်ဆွေတွေက ဒုက္ခ ပေးတတ်တယ်။ မေတ္တာရေးမှာ အတွေးတွေ များတတ်တယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ အဝတ်အဟောင်းအနွမ်းတွေကို ပြန်စွန့်ကြဲလှူဒါန်းရမယ်။ အကျိုးပေးဂဏန်းက ၁၀ နဲ့ ၁၇ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါရင့်ရင့်နဲ့ နက်ပြာတွေ ဖြစ်တယ်။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#အချစ်ရေး
#အလုပ်အကိုင်
#မေတ္တာရေး
#ဂဏန်း

Some text some message..