
တနင်္ဂနွေ - အပြောင်းအလဲတွေ၊ အတက်အကျတွေ များတတ်တဲ့နေ့ ဖြစ်တယ်။ ပင်ပန်းခံရတာ၊ စိတ်ရောလူပါ မွန်းကြပ်ရတာတွေ ဖြစ်မယ်။ ကျန်းမာရေးလည်း အနည်းနဲ့အများ ချူချာတတ်တယ်။ ယာယီဆိုပေမယ့် သေချာ ဂရုစိုက်ဖို့တော့ လိုမယ်။ အလုပ်တွေ အရမ်းများမယ်။ မနားမနေ လုပ်ရတတ်တယ်။ စိတ်သောကတွေ ဖြစ်ပြီး ငွေရဖို့ အတော်လေး ရုန်းရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်မကြည်မသာတွေ ဖြစ်နေမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့သက်ကြီးရွယ်အိုကို ဆေးဝါး လှူဒါန်းပေးရမယ်။ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၆၂ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ ရောင်စုံကွက်တွေ ဖြစ်တယ်။
သင့်
တနင်္လာ - ကိုယ့်ကိစ္စရော သူများအတွက်နဲ့ပါ အလုပ်ရှုပ်ရတတ်တဲ့နေ့ ဖြစ်တယ်။ စိတ်လိုက်မာန်ပါတွေလည်း လုပ်မိတတ်တယ်။ အလုပ်အကိုင် ကောင်းပေမယ့် ဘေးကျပ်နံကျပ်အခြေအနေတွေကိုတော့ ဖြတ်သန်းရမယ်။ ငွေဝင်လမ်း ဖြောင့်မယ်။ ငွေကြေးလာဘ်လာဘ ရွှင်မယ်။ ပုံမှန်မဟုတ်တဲ့နည်းလမ်းကနေ ငွေရလာတတ်တယ်။ အကြီးအကဲတွေကြောင့် စိတ်ညစ်ရတတ်တယ်။ ပြဿနာဟောင်း ပေါ်မယ်။ မေတ္တာရေးမှာ ကံကောင်းမယ်။ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အသက်လွတ်ကြာဆံသုပ် လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၃ နဲ့ ၉၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အနက်ရောင် ဖြစ်တယ်။
သင့်
အင်္ဂါ - အခက်အခဲတွေကြားက စိတ်ချမ်းသာကျေနပ်စရာလေးတွေ မြင်တွေ့ရမယ်။ အလုပ်အကိုင်ကိစ္စတွေမှာ မရည်ရွယ်ဘဲ အဆင်ပြေသွားတာတွေ၊ မမျှော်လင့်ဘဲ ပွပေါက်တိုးတာတွေ ကြုံရတတ်တယ်။ အလုပ်သစ်တွေ၊ စီးပွားသစ်တွေ စဉ်းစားတွေးတောမိလိမ့်မယ်။ အများနဲ့တော့ သိပ်အဆင်မပြေဘဲ ဖြစ်နေမယ်။ လူများလေလေ အာရုံများရလေလေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာ ပေါ်မယ်။ ဆက်ဆံရေး အေးမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၈ နဲ့ ၃၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းဖန့်ဖန့်နဲ့ ကတ္တီပါရောင် ဖြစ်တယ်။
ကောင်း
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - သူတပါးအကျိုးဆောင်လို့ ကိုယ့်အကျိုးပါ အောင်မြင်တတ်တယ်။ ဘေးပတ်ဝန်းကျင်ကနေ ကိုယ့်ကို အကျိုးပြုမယ့် အဆက်အသွယ်ကောင်းတွေ ရမယ်။ သတင်းကောင်းတွေလည်း ကြားရတတ်တယ်။ လိုချင်တဲ့ စောင့်မျှော်နေတဲ့ကိစ္စတွေ အဆက်အသွယ် ရမယ်။ သိလာရမယ်။ အလုပ်မှာ စိတ်ညစ်ညစ်နဲ့ လုပ်ရင်းကိုင်ရင်း အဆင်ပြေမှုတွေ ကြုံရမယ်။ ငွေဝင်ပေမယ့် မမြဲဘဲ ဖြစ်မယ်။ မေတ္တာရေးမှာ အတိုက်အခိုက်တွေ များနေမယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မျက်နှာသစ်တော်ရေ ကပ်ရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၄၄ နဲ့ ၂၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ ငွေရောင်ပဲ ဖြစ်တယ်။
သင့်
ရာဟု - တစ်နေ့တာ အစီအစဉ်လေးတွေ ကြံဖန် လွဲချော်တတ်တယ်။ လုပ်မယ်လို့ ကြံစည်ထားတာတွေလည်း တကယ်တမ်းကျ မလုပ်ဖြစ်ဘဲ ပစ်ထားရတတ်တယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ မမျှော်လင့်ဘဲ ညံ့နိုင်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ မတည်မငြိမ်တွေ ဖြစ်တတ်တယ်။ အရင်က ပြဿနာတွေကို ပြန်ရှင်းရတတ်တယ်။ ငွေဝင်ဖို့ အတော်လေး ကြိုးစားရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘေးပယောဂတွေ များတတ်တယ်။ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာတစ်ပါးကို အအေး ကပ်လှူ ဆုတောင်းရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၈၉ နဲ့ ၄၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ခဲရောင်နဲ့ မီးခိုးရောင်တွေ ဖြစ်တယ်။
သင့်
ကြာသပတေး - အလုပ်ကိစ္စ၊ ငွေကြေးကိစ္စအတွက် တွေးစရာတွေ၊ ပူစရာတွေ ပေါ်လာနိုင်တယ်။ ငွေကြေးတွေ အဝင်နောက်ကျတာ၊ ရစရာပေးစရာတွေ အဆင်မပြေတာမျိုး ဖြစ်မယ်။ တစ်နေ့လုံးမှာ အတွေးအခေါ်တွေက မှားယွင်းတတ်လို့ ဆုံးဖြတ်ချက်တိုင်းကိုလည်း သတိထား ချရမယ်။ အလုပ်တွေက ဟိုမရောက်ဒီမရောက်နဲ့ ဖြစ်မယ်။ ငွေဝင်ခါနီးမှ ဝေ့လည်သလို ဖြစ်နေတတ်တယ်။ မေတ္တာရေးမှာတော့ ကံဇာတာ တက်လာနိုင်တယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို ပေါင်မုန့်ကျွေးပေးရမယ်။ ဒီနေ့ အကျိုးပေးဂဏန်းက ၄၆ နဲ့ ၃၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်ကတော့ ကြက်သွေးရောင် ဖြစ်တယ်။
ညံ့
သောကြာ - ဒီနေ့ကတော့ တောင်တွေးမြောက်တွေးနဲ့ အတွေးတွေ လွန်တတ်တဲ့နေ့ ဖြစ်တယ်။ ဘာလုပ်လုပ် တခါတည်း အဆင်မချောဘဲ ခဏခဏ ပြန်လှည့်လုပ်ရလိမ့်မယ်။ ဟိုဟိုဒီဒီတွေလည်း အသွားအလာ များမယ်။ အိမ်မှာ မကပ်ဘဲ စိတ်လေသလိုလည်း ဖြစ်နေတတ်တယ်။ အလုပ်အကိုင်တွေ ကောင်းမယ်။ ငွေကြေးကံလည်း အသင့်အတင့် ကောင်းနိုင်တယ်။ ဒါပေမယ့် ဘာမှန်းမသိ စိတ်ရှုပ်နေမယ်။ နှလုံးသားရေးမှာ စိတ်ညစ်ရမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၄ နဲ့ ၃၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းပြာရောင်နဲ့ အနက်ပဲ ဖြစ်တယ်။
သင့်
စနေ - မျှော်လင့်ထားတဲ့အလုပ်တွေ အဆင်ပြေတတ်တယ်။ ငွေကြေးကိစ္စတွေလည်း ပြောဆိုအောင်မြင်မယ်။ လက်ဆောင် (သို့) အခွင့်အရေးတွေ ဝင်လာတတ်တယ်။ မိတ်ကောင်းဆွေကောင်းတွေက ကူညီလာကြမယ်။ အဆက်အသွယ်ကောင်းတွေလည်း ပေါ်လာနိုင်တယ်။ ဘာသာရေးကိစ္စတွေ ဆောင်ရွက်ရင် ထူးခြားနိုင်တယ်။ ရပ်ဝေးကနေ အကျိုးရှိမယ့်ကိစ္စတွေ ကြားသိရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ အညံ့တွေ များနေမယ်။ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေးမုန့် လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၄ နဲ့ သုညအပူး ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အပြာနုနဲ့ အစိမ်းပဲ ဖြစ်တယ်။
သင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope