မေလအတွက် အခါကောင်းရက်မြတ်အဖြာဖြာ
lotaya.mpt.com.mm
|
2023-05-08

နေ့တစ်နေ့ချင်းအလိုက် ကောင်းမကောင်း၊ ဘယ်နေ့ဘယ်ရက်က ဘယ်လိုအလုပ်တွေ လုပ်နိုင်တယ် စသည်ဖြင့် ရွေးချယ်ရာ၌ နေ့, တိထီ, နက္ခတ်, ကရိုဏ်း၊ ယုဂ်တို့အပြင်၊ ကောဇာ  တနင်္ဂနွေ ဂြိုဟ်ရပ်တည်မှု အရ အခါမပေးရသောလများ၊ ကြာသာပတေးဂြိုဟ် ရပ်တည်မှုအရ တစ်နှစ်ပတ်လည် အခါမပေးရသော နှစ်များစသည်ဖြင့်သတ်မှတ်ချက်များစွာရှိပါသည်။ အပြည့်အဝစင်ကြယ်စွာ၊ လုံးဝ သန့်စင်သောအခါအရက် များကိုကားရရှိရန်မလွယ်ပါ သို့သော် သူ့ကိစ္စနှင့်သူ၊ လုပ်ငန်းအလိုက်လုပ်နိုင်သော ကိစ္စများလည်း ရှိပါသည်။

ဉပမာ၊    ၊ နတ်ပြည်ပြဿဒါးဆို၊ လူ့ပြည်မှာပြုလုပ်ရသော လူမှုရေး၊ ဘာသာရေးပွဲများပြုလုပ်နိုင် သည်။ မြေတူးခြင်း၊ ရေတူးခြင်း၊ ကျောက်တူးခြင်း၊ ရွှေတူးခြင်း၊ ရေနံတူးခြင်း ကိစ္စများမှာ တိထီမြေခံကောင်း လျှင်ပြုလုပ်နိုင်သည်။ လက်သမားမြေခံမကောင်းလျှင်သော်မှ တိထီမြေခံကောင်းလျှင်၊ ဆောင်ရွက်က အောင်မြင်နိုင်ပါသည်။ တိထီမြေခံသာမက လက်သမားမြေခံရော၊ အခြားအချက်အလက်များပါ ကောင်း လျှင်တော့ ပို၍အောင်မြင်မှုရရှိနိုင်ပါသည်။ တစ်ခုချင်းကိုအရေးကြီးစွာ လုပ်ကိုင်လိုလျှင်တော့ တတ်ကျွမ်း သောပညာရှင်ထံမှာ သီးသန့်ယူမှ အဆင်ပြေမည်ဖြစ်ပါသည်။

                        ဤအခန်းကဏ္ဍ၊ ဤနေရာမှာတော့ ကိစ္စတိုင်းကိုဆရာသမားများထံ ငွေကုန်ခံ မမေးနိူင်သူ များ၊ ကိစ္စတိုင်းကိုသိပ်အရေးမကြီး၊ ငွေမကုန်ဘဲ မိမိတို့ဆောင်ရွက်သောကိစ္စတိုင်း အောင်မြင်လိုသူများ အတွက် သိပ်အရေးမကြီးတဲ့ကိစ္စလည်းဖြစ် အခါရက်ကောင်း၏အထောက်အကူကိုလည်း ရယူပြီး လုပ်ငန်း အောင်မြင်အောင်ဆောင်ရွက်လိုသူတိုင်း ဤအခါရက်များကို အလွယ်တကူ ရယူဆောင် ရွက်နိူင်ရန် စီစဉ်တင် ပြပေးထားခြင်းဖြစ်ပါသည်။

၂၀၂၃-ခုနှစ်၊ မေလအတွက် ကိစ္စအလိုက်ပြုလုပ်နိုင်သော မင်္ဂလာအခါကောင်းရက်များမှာ

၁။        ရေတွင်းရေကန်တူးရန်၊ အင်းအိုင်၊ ရေကန်၊ ဆည်၊ တာတမံများ စတင်တူးဖော်ရန်

ကောင်းသောရက် များ

၁-၂-၅-၆-၈-၉-၁၀-၁၁-၁၂-၁၃-၁၅-၁၆-၁၇-၁၈-၂၀-၂၄-၂၅-၂၇-၃၀-၃၁

၂။         ယာဉ်ကားစက်လှေ မော်တော် ဝယ်ရန် ကောင်းသောရက်များ

၅-၁၀-၁၂-၁၃-၁၄-၂၄-၂၃-၂၀

၃။        မြေသန့်၊ တိုင်ထူ၊ ပန္နက်တင်၊ အုတ်မြစ်စီ၊ အိမ်သစ်တက်ရန် ကောင်းသောရက်များ

၁-၂-၃-၅-၆-၇-၁၀-၁၁-၁၂-၁၅-၁၆-၂၀-၂၁-၂၉

၄။        အချစ်ရေးကိစ္စစတင်ရန်၊ ကြင်သူသက်ထား ရွေးချယ်ရန် လက်ထပ်ရန် ကောင်းသော ရက်များ

၃-၄-၇-၁၆-၁၇-၃၀

၅။        ပညာရေးဝန်ဆောင်မှုများ၊ စာတမ်းဖတ်ပွဲများ၊ ပညာသင်ခြင်းများ စတင်ရန် ကောင်းသော ရက်များ

၃-၅-၁၀-၁၁-၁၂-၁၄-၁၅-၁၆-၁၇-၁၉-၂၀-၂၂-၂၄-၂၅-၂၆-၃၀-၃၁

၆။        ကုမ္ပဏီလုပ်ဖို့ စတင်ရန်၊ ဆိုင်စဖွင့်ရန် စာချုပ်ချုပ်ဆိုခြင်းများ စတင်ရန် ကောင်းသော ရက်များ

၃-၇-၁၆-၁၇-၂၁-၂၂-၃၁

၇။        အိမ်ခြံ မြေတိုက်ခန်း အရောင်းအဝယ်လုပ်ရန် ကောင်းသောရက်များ

၁-၁၀-၁၉-၂၂-၃၀-၃၁

၈။        အရောင်းအဝယ်စတင်လုပ်ဆောင်ရန် ငွေကြေးကိစ္စများ၊ ဘဏ်လုပ်ငန်းများ၊ ချေးငွေလုပ်ငန်းများ၊

အာမခံ လုပ်ငန်းများ စတင်ရန် ကောင်းသောရက်များ

၁-၅-၇-၈-၉-၁၇-၂၁-၂၂-၂၃-၂၄-၂၅-၂၆-၂၇-၂၈

၉။        ကျောင်း၊ အိမ် ဆောက်ရန် ကောင်းသောရက်များ

၁-၂-၃-၄-၆-၈-၁၀-၁၁-၁၂-၁၃-၁၅-၁၇-၂၀-၂၁-၂၃-၂၄-၂၉-၃၀-၃၁

၁၀။      ပဉ္ဇင်းခံ၊ ရှင်ပြုရန်ကောင်းသောရက်များ

၂-၆-၁၀-၁၁-၁၅-၁၆-၁၉-၂၀-၂၄-၂၅-၃၀

၁၁။      အမည်ပေးဆိုင်းဘုတ်တင်ရန် ကောင်းသောက်ရက်များ

၁-၇-၈-၁၀-၁၂-၁၄-၁၅-၂၀-၂၁-၂၆-၂၇-၂၈-၂၉-၃၀

၁၂။       လက်ထပ်ရန်ကောင်းသောရက်များ

၁-၂-၄-၈-၁၀-၁၅-၂၀-၂၁-၂၆-၂၇-၂၈-၂၉-၃၀

ဆရာဉီးစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အချစ်ရေး
#တနင်္ဂနွေ
#ဘာသာရေး
#နက္ခတ်
#တိုက်ခန်း

Some text some message..