
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကိစ္စနဲ့ ပတ်သက်ရင် အတော်လေး သတိထားရလိမ့်မယ်။ နေ့စဉ် ပုံမှန် အလုပ်တွေမှာတောင် မမျှော်လင့်တဲ့ အခက်အခဲ၊ ပြဿနာမျိုးစုံ ဝင်လာတတ်တယ်။ လုပ်ငန်းခွင်မှာလည်း အတိုက်အခိုက်၊ အနှောင့်အယှက်တွေ များလာမယ်။ လုပ်စရာတွေ ဆက်တိုက် များပြီး ပင်ပန်းရတတ်တယ်။
ကျန်းမာရေး - လူရောစိတ်ပါ ပင်ပန်းနွမ်းနယ်မှု များမယ်။ ကျန်းမာရေးအထိပါ ရိုက်ခတ်နိုင်တယ်။
လူမှုအိမ်ထောင် - ချစ်မေတ္တာရေးကိစ္စမှာ သွေးအေးသွားတာ၊ မယုံသင်္ကာတွေ ဖြစ်တာ၊ မကျေမနပ်တွေ များလာတာမျိုး ဖြစ်တတ်တယ်။ အချင်းချင်း ပွင့်လင်းရိုးသားနိုင်မှ အဆင်ပြေလိမ့်မယ်။ လူငယ်တွေဆိုရင်လည်း နှလုံးသားရေးမှာ တစ်ဦးမကတဲ့အရှုပ်အရှင်းတွေ ဖြစ်ပေါ်တတ်တယ်။ လူမှုရေးမှာ စိတ်ရှုပ်စရာတွေ ရှိလာမယ်။
ကံကောင်းစေတဲ့ အရောင် - အနက် ၊ အရောင်မှိုင်းများ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး
ယတြာ - မကျန်းမာတဲ့သက်ကြီးရွယ်အိုတစ်ဦးကို ဆေးဝါး၊ ဓာတ်စာ လှူဒါန်းပေးရမယ်။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်တွေ အခြေအနေ ကောင်းမယ်။ ငွေကြေးစီးပွားလည်း ဖြစ်ထွန်းလာမယ်။ ခါတိုင်းထက် လုပ်သာကိုင်သာ ပိုရှိလာမယ်။ လုပ်ငန်းမှာလည်း ကိုယ့်ကို တကူးတက နေရာအခွင့်အရေးတွေ ပေးလာတတ်တယ်။ စိတ်ပူပန်စရာတွေ ရှိပေမယ့် ကိုယ်လုပ်စရာရှိတာ လုပ်ပါ။ အောင်မြင်မှု ရသွားလိမ့်မယ်။
ကျန်းမာရေး - ကူးစက်ရောဂါ သတိထားရမယ်။ ဦးနှောက်၊ အာရုံကြော အားနည်းတတ်တယ်။
လူမှုအိမ်ထောင် - ပျိုရွယ်သူတွေ စန်းပွင့်ပြီး အချစ်သစ်နဲ့ ဆုံရလိမ့်မယ်။ နားလည်ဖေးမသူမျိုး ရတတ်တယ်။ ချစ်သူရည်းစား၊ အိမ်ထောင်ရှင်တွေလည်း စိတ်ချမ်းသာမယ့်ကာလ ဖြစ်တယ်။ လူမှုဆက်ဆံရေးအပိုင်းမှာလည်း အပြန်အလှန် ကူညီမယ့် မိတ်ဆွေတွေ ရှိနေမယ်။ ကိုယ်ကလည်း သူတပါးအကျိုးကို ဆောင်ရွက်ရတတ်တယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ ကြက်သွေးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ
ယတြာ - သံဃာတော်တွေကို ကြာဆံကြော် ဆွမ်းလောင်းလှူပေးပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းစီးပွားတွေ အဘက်ဘက်က တိုးတက်ပြည့်စုံလာမယ်။ အခွင့်အလမ်းကောင်းတွေပါ ကိုယ့်လက်ထဲ ရောက်လာမယ်။ သြဇာအာဏာရှိသူတွေက ကူညီမစမယ်။ အလုပ်သစ် စတင်ချင်သူတွေလည်း ကြိုးစားအောင်မြင်နိုင်တဲ့ကာလ ဖြစ်တယ်။ ငွေကြေးအရလည်း ကံကောင်းချိန် ဖြစ်လို့ လုပ်ရဲဖို့သာ လိုမယ်။
ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေး ဒေါင်ဒေါင်မြည် ဖြစ်မယ်။ ဖျားနာနေရင် ပြန်ကောင်းလိမ့်မယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံအားနည်းတတ်တဲ့ကာလ ဖြစ်တယ်။ တစ်ဦးအပေါ်တစ်ဦး အလွန်အကျွံ ဖိအားပေးတာတွေ၊ ပြဿနာ ရှာတာတွေကြောင့် စိတ်ပျက်ဝမ်းနည်းရတတ်တယ်။ အဆင်မပြေမှု များမယ့်ကာလ ဖြစ်လို့ စိတ်လျှော့သည်းခံပေးရလိမ့်မယ်။ မိတ်ဆွေကဏ္ဍမှာတော့ ပုံမှန်အတိုင်းပဲ ရှိလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - ဖက်ဖူးစိမ်းရောင် ၊ အနီရင့်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄ ၊ ၈
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ တနင်္လာ
ယတြာ - မွေးနေ့ (အင်္ဂါ) မနက်ပိုင်း အိမ်ကဘုရားမှာ ဇီးဖျော်ရည် ၃ ခွက် ကပ်လှူပေးပါ။
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - အလုပ်တွေက ပုံမှန်လမ်းရိုးဟောင်းအတိုင်း ဆက်သွားဖို့ ခက်လာမယ်။ လုပ်နေကျ မဟုတ်တဲ့ နည်းလမ်းသစ်နဲ့ စမ်းသပ်ကြည့်ရမယ့်အချိန် ဖြစ်တယ်။ တစ်ပတ်လုံးမှာ အခက်အခဲတွေနဲ့လည်း လုံးပန်းနေရပြီး ကောင်းလိုက်၊ဆိုးလိုက်အခြေအနေအမျိုးမျိုး ကြုံရလိမ့်မယ်။ ငွေကြေးကလည်း ရလိုက်ကုန်လိုက် ဖြစ်နေမယ်။
ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာမယ်။ အစားအသောက်တော့ ထိန်းရမယ်။
လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးကဏ္ဍမှာ အတ္တ၊ မာန်မာနတွေကြောင့် စိတ်ညစ်စရာ ဖြစ်လာမယ်။ အချင်းချင်းတွေ အပြစ်မြင်လွယ်နေသလို ကြားလူကလည်း အနှောင့်အယှက် ပေးလာနိုင်တယ်။ ဒါကိုတော့ သတိပြုရမယ်။ လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ့်ကို လာယှဉ်သူ၊ မနာလိုတိုက်ခိုက်သူတွေ ရှိလာနိုင်တယ်။
ကံကောင်းစေတဲ့ အရောင် - စိမ်းပြာ၊ နို့နှစ်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၃
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ အင်္ဂါ
ယတြာ - နေ့စဉ်မနက်တိုင်း အိမ်ကဘုရားမှာ မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ ကပ်ပါ။
ရာဟုဖွား
အလုပ်အကိုင် - ငွေရေးကြေးရေးကံ ထူးခြားလာနိုင်တဲ့ကာလ ဖြစ်တယ်။ မရတော့ဘူးထင်ခဲ့တဲ့ ငွေတွေလည်း ပြန်ဝင်လာနိုင်သလို ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတွေကနေလည်း ငွေဝင်တတ်တယ်။ အလုပ်မှာ အခက်အခဲ တချို့ ဖြစ်ပေါ်လာနိုင်ပေမယ့် အရည်အချင်းနဲ့ ဖြတ်ကျော်နိုင်မယ်။ ငွေကြေးကိစ္စမှာ အခွင့်အလမ်း ရလိမ့်မယ်။
ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေးနဲ့ပတ်သက်လို့ သတိပြုရမယ်။ ဂရုမစိုက်မိရင် ပိုဆိုးတတ်တယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးကဏ္ဍမှာ နှစ်ဦးကြား သည်းမခံ၊ စိတ်မရှည်ချင်စရာကိစ္စတွေ ဖြစ်ပြီး အချင်းချင်း ခွန်းကြီးခွန်းငယ် စကားများရတတ်တယ်။ တစ်ယောက်အတွက်နဲ့ တစ်ယောက်က စိတ်ပူပန်နေပြီး အကျိုးမဲ့အချိန်ကုန်တတ်တယ်။ လူမှုရေး၊ ဆက်ဆံရေးမှာတော့ တည်ကြည်အားကိုးရသူတွေနဲ့ ကြုံရမယ်။
ကံကောင်းစေတဲ့ အရောင် - အညိုရောင်၊ မီးခိုးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၃ ၊ ၄
ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း
ယတြာ - ဗုဒ္ဓဟူးနေ့ညနေစောင်း နီးစပ်ရာဘုရားစေတီ ဂြိုဟ်ခွင်အားလုံးမှာ အမွှေးတိုင် ပူဇော်ပေးပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်အကိုင်၊ အကြံအစည်တွေ ရည်ရွယ်သလို မဖြစ်ဘဲ လွဲချော်သွားနိုင်တယ်။ အကောင်း၊ အဆိုးတွေလည်း အမျိုးမျိုး ဖြစ်လာတတ်တယ်။ လုပ်ငန်းအတက်အကျ မတည်မငြိမ် ဖြစ်မယ်။ လုပ်သာလုပ်ပြီး သိပ်မထူးခြားသလို ခံစားရလိမ့်မယ်။ ငွေရေးကြေးရေးမှာ တခါမက ပြောဆိုနိုင်မှ ရလိမ့်မယ်။
ကျန်းမာရေး - ထိခိုက်ဒဏ်ရာတွေ၊ မတော်တဆမှုတွေ ဖြစ်ပွားတတ်တယ်။ မပေါ့ဆသင့်ပါ။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကျေနပ်ဝမ်းမြောက်စရာတွေ ဖြစ်မယ်။ ချစ်သူ၊ လက်တွဲဖော်ရဲ့ ကူညီဖေးမမှုလည်း ရလိမ့်မယ်။ ခေါင်းမာချင်တာလေးတော့ ရှောင်ရမယ်။ အပြန်အလှန်နားလည်မှုတွေ ရမယ်။ မိတ်ဆွေအပေါင်းအသင်းရေးမှာတော့ ကိုယ့်ဘက်က အနာခံပေါင်းရတာ၊ စိတ်ညစ်ရတာတွေ ဖြစ်လာနိုင်တယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ အဖြူဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၉
ကံကောင်းစေတဲ့ အရပ် - အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ
ယတြာ - ဘုရားမှာ ကောက်ညှင်းပေါင်း မကြာခဏ ကပ်လှူပြီး ဆုတောင်းပေးရမယ်။
သောကြာနေ့ဖွား
အလုပ်အကိုင် - တစ်ပတ်အတွင်း စီစဉ်ထားတာတွေ ပျက်လွယ်တတ်တယ်။ သေချာ စီစဉ်ထားကာမှ ကြံဖန်ပြီး လွဲသွားတတ်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာ လွယ်လင့်တကူ အဆင်ပြေမယ်။ လုပ်ရကိုင်ရတာလည်း သက်တောင့်သက်သာ ဖြစ်မယ်။ ဒါပေမယ့် ကိုယ်တိုင်က အလုပ်တွေဘက်ကို အာရုံမစိုက်နိုင်ဘဲ ဖြစ်နေမယ်။
ကျန်းမာရေး - ဒီအပတ်မှာ နေထိုင်မကောင်း၊ မကျန်းမမာဖြစ်လွယ်တတ်တယ်။ ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - မေတ္တာရေးကဏ္ဍမှာ အချင်းချင်းကြား ညှိနှိုင်းမရတာတွေ များလာနိုင်တယ်။ အလိုမကျစရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာတွေကြောင့် စကားတွေလည်း များလာရလိမ့်မယ်။ ပြဿနာမဖြစ်ချင်ရင် ခဏ ရှောင်နေ ဝေးနေတာက ကောင်းမယ်။ လူမှုရေးကဏ္ဍမှာလည်း အားကိုးအားထားရတဲ့မိတ်ဆွေတွေက ကူညီလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ နက်ပြာ ၊ အနက်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အနောက်တောင် ၊ မြောက်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ သောကြာ
ယတြာ - အင်္ဂါနေ့ မနက်စောစော အိမ်ကဘုရားမှာ ဆီထမင်း ကပ်လှူပြီး ဆုတောင်းပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် - လုပ်နေတဲ့ အလုပ်တာဝန်တွေအပေါ် စိတ်မပါသလို ဖြစ်လာတတ်တယ်။ အလုပ်နဲ့ပတ်သက်လို့ ခြေကုန်လက်ပန်းကျသလိုလည်း ခံစားရတတ်တယ်။ လက်ရှိအလုပ်ကနေ အနားယူချင်စိတ် ဖြစ်တတ်တယ်။ လုပ်ကိုင်နေတာတွေကလည်း အခက်အခဲ များလာမယ်။ ရပ်ဝေးမြေခြားအလုပ်တွေတော့ ကံကောင်းနိုင်တယ်။
ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး မညံ့ပေမယ့် နေလို့ထိုင်လို့ သိပ်မကောင်းဘဲဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ အထင်လွဲအမြင်လွဲစရာတွေကို ဖြေရှင်းရတတ်တယ်။ ကိုယ် မကြိုက်တာ၊ သဘောမကျတာတွေကို နှစ်ဦးကြား နားလည်မှု ယူနိုင်မှ ရမယ်။ မဟုတ်ရင် ခဏခဏကို ပြဿနာ တက်နိုင်တယ်။ လူမှုရေးကဏ္ဍမှာတော့ ကိုယ်နဲ့ တွဲဖက်ညီတဲ့၊ အကူအညီရမယ့်သူတွေနဲ့ ဆုံမယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း ၊ အနက်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၇
ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်
ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ
ယတြာ - ဗုဒ္ဓဟူးနေ့ မနက်စောစော အိမ်ကဘုရားမှာ အုန်း ၆ ညွှန့် ကပ်လှူပေးရမယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope