
လက်ဝါးပြင်မှာ လက္ခဏာအမှတ်အသားတွေအပြင် တစ်ချို့လက္ခဏာပိုင်ရှင်တွေရဲ့ ဂြိုလ်ခုံတွေ လမ်းကြောင်းတွေမှာ မှဲ့ပါနေတတ်ပါသည်။ လက်ဝါးပြင်မှာမှဲ့ပါနေရင် မကောင်းတာကပိုများပါတယ်။ အသက်လမ်းကြောင်းမှာ မှဲ့ပါခဲ့မယ်ဆိုရင် မိမိတို့အတွက်မကောင်းပါဘူး။ များသောအားဖြင့် ဘဝမှာ ကျန်းမာရေးအားနည်းရတတ်သည်။ ကျန်းမာရေးခဏခဏညံ့တတ်ပါသည်။ ကျန်းမာရေးအားနည်းပြီး ရုတ်တရက်အညံ့တွေပိုခံစားရနိုင်ပါတယ်။ ကျန်းမာရေးအပိုင်းမှာ ဘာမဟုတ်လဲညံ့နေပါတယ်။ ရောဂါဝေဒနါကြီးကြီးမားမားဖြစ်ရနိုင်ပြီး ဒီလိုမှဲ့ပါလာရင် မိမိတို့အနေနဲ့ သတိပြုနေထိုင်နိုင်ဖို့ အကြံပြုလိုက်ပါသည်။
ဦးခေါင်းလမ်းမှာ မှဲ့ပါနေမယ်ဆိုရင် အများအားဖြင့် အညံ့ဘက်ကိုပဲအဓိကပြပါသည်။ လက္ခဏာရှင်အနေနဲ့ အတွေးအခေါ်အယူဆတွေမှာ အားနည်းချက်ရှိသူဖြစ်ပြီး ဉာဏ်အားနည်းတတ်ပါသည်။ မေ့လွယ်တတ်သည်။ ဘဝမှာ ပညာရေးပိုင်းလဲ အားနည်းစေပါတယ်။ မှတ်ဉာဏ်အားနည်းမှုနဲ့အာရုံကြော ရောဂါများ ခံစားရလွယ်စေပါသည်။စိတ်ဓာတ်ကျလွယ်ပြီး စိတ်ဆင်းရဲစရာများစွာတွေးတောနေမယ်ဆိုရင် ပိုပြီးအညံ့ပိုစေပါသည်။
အဓိက ဦးခေါင်းလမ်းမှာပါတဲ့မှဲ့ဟာ ဂြိုဟ်ခုံအလယ်တွေရဲ့အောက်မှာရှိနေတာကြောင့် ရည်မှန်းချက်ပျောက်ဆုံးနေရတတ်ပါသည်။ ကိုယ်ရဲ့လုပ်ငန်းအလုပ်အကိုင်တွေမှာလဲ အဆင်မပြေမှုတွေကြုံရနိုင်ပါသည်။
ကံလမ်းကြောင်းမှာမှဲ့ပါနေရင်တော့ ငွေကြေးပိုင်းနဲ့ပက်သက်ပြီး မတည်မြဲတတ်ဘူး။ ငွေရရှိပြီးအထွက်များရတတ်ပါတယ်။ အကြောင်းအရာအမျိုးမျိုးကြောင့် ရရှိပိုင်ဆိုင်ထားမှုတွေ ဆုံးရှုံးရမယ်လို့ပြပါသည်။
ဒီလိုကံလမ်းကြောင်းမှာမှဲ့ပါနေရင် သူတို့ဘဝတစ်လျှောက်လုံးမှာ ကိုယ်ရရှိပိုင်ဆိုင်ထားမှုနဲ့ငွေကြေးများအကြောင်းအမျိုးမျိုးကြောင့်ဆုံးရှုံးပြီး ပြန်ကုန်ရနိုင်ပါသည်။ ငွေကြေးနဲ့ပတ်သတ်ပြီး အသက်အလယ်ပိုင်းမှာဆုံးရှုံးမှုများနိုင်ပါသည်။အဓိက ပိုင်ဆိုင်မှုတွေလျော့ကျနိုင်တယ်လို့ပြပါတယ်။ ဒီလိုပါနေရင်တော့ မိမိတို့အနေနဲ့အရာရာကိုသတိထားလုပ်ဆောင်ပါ။ လက္ခဏာမှာ မှဲ့အမှတ်အသားတွေက လက္ခဏာရှင်၏ မူလစိတ်နေစိတ်ထား၊ အကျင့်စာရိတ္တနှင့်ဆိုင်သော အပိုင်းများ၊ ကံတရားပိုင်းအနေနှင့် ဘဝတွင် ကြုံတွေ့နိုင်သော ကောင်းခြင်း၊ဆိုးခြင်း၊ ဘဝအဆင့်အတန်းနှင့် အောင်မြင်ခြင်းများကို အသေးစိတ်ဖော်ကျူးနိုင်ပါသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope