
ချမ်းသာသူတွေရဲ့လက်မှာသာ တွေ့ရများတတ်သော လက်ဝါးပြင်ပေါ်မှ ငွေဝင်လမ်းကြောင်း အမှတ်အသား လက္ခဏာများက ငွေကြေးရှာဖွေရလွယ်ကူခြင်း စီးစိမ်ဥစ္စာပြည့်စုံခြင်းကိုဖော်ပြပြီး ဒီအမှတ်သားလေးများ သင့်ရဲ့လက်မှာပါမပါ သေချာလေ့လာကြည့်လို့ရပါသည်။
အကယ်၍ သင့်ရဲ့လက်မှာသာ ဒီအမှတ်သားတခုမဟုက် တခုပါလာခဲ့မယ်ဆိုရင် သင်သည်လည်း ငွေကြေးဥစ္စာပြည့်စုံပြီး ချမ်းသာသူတယောက်ဖြစ်လာမယ်ဆိုတာအသေချာပါပဲ ။
၁။ လက်သူကြွယ်ခြေရင်း တနင်္ဂနွေဂြိုဟ်ခုံလို့ခေါ်တဲ့နေရာမှာ အလံပုံစံ( B )လေးပေါ်လာခဲ့မယ်ဆိုရင် ဒီအမှတ်သားကိုအောင်လံအမှတ်သားလို့ခေါ်ပါတယ် ။ ဒီအောင်လံအမှတ်သားပါလာတဲ့လက္ခဏာရှင်ဟာ မိဘမျိုးရိုးစဉ်ဆက် ချမ်းသာကြွယ်ဝတတ်ပြီးငွေကိုရေလိုသုံးနိုင်တဲ့လူတွေရဲ့လက်မှာသာတွေ့ရတတ်တာကြောင့် ဒီအမှတ်သားသင့်လက်မှာပါလာရင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့အမှတ်သား အဖြစ်မှတ်ယူလို့ ရပါသည်။
၂။ လက်သူကြွယ် လက်ချောင်းခြေရင်း တနင်္ဂနွေဂြိုဟ်ပေါ်တွင် ကြယ်အမှတ်သား( A ) ပါခဲ့မယ်ဆိုရင် လက္ခဏာရှင်သည် စီးစိမ်ဥစ္စာပြည့်စုံခြင်း ငွေကြေးရှာဖွေရလွယ်ကူခြင်း ဘွဲ့ထူးဂုဏ်ထူးရရှိခြင်း အစိုးရဝန်ထမ်းများ ရာထူးတတ်ခြင်း အနုပညာရှင်များ အကယ်ဒမီရလွယ်ခြင်း တို့ကိုပေးစွမ်းပြီးသာမာန်လူတွေမှာပါခဲပြီး အောင်မြင်ချမ်းသာသူတွေရဲ့ လက်မှာသာ တွေ့ရများသော အမှတ်သားဖြစ်သည် ။ လက်သူကြွယ်လက်ချောင်းနှင့်လက်ချောင်းခြေရင်းဖြစ်သော တနင်္ဂနွေဂြိုဟ်ခုံသည် ချမ်းသာကြွယ်ဝခြင်း အနုပညာ အောင်မြင်မှုစသည်တို့ကိုဖော်ပြသောလက်ချောင်းဖြစ်သည်။
၃။ ဦးခေါ်င်းလမ်းကြောင်းနဲ့ဉာဏ်လမ်းကြောင်းကြားမှာ အောင်လံအမှတ်သား( C )ပါလာရင်တော့ အချိန်တန်အရွယ်ရောက် ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ဘဝအထွဋ်ထိပ်ရောက်က ငွေကြေးဥစ္စာပြည့်စုံခြင်းနှင့်အတူ ချမ်းသာသုခရရှိနိုင်သူဖြစ်ပါလိမ့်မယ်။
၄။ လက်မ ပထမဆစ်နဲ့ ဒုတိယဆစ်ကြားမှာ ( D )စပါးစေ့ကဲ့သို့ လမ်းကြောင်းတွေဟာ လူအတော်များများမှာ ပါတတ်ပါတယ်။ ဒီစပါးစေ့အမှတ်သားပါသူတွေဟာ စားဝတ်နေရေးပြည့်စုံခြင်း ငွေကြေးရှာဖွေရလွယ်ကူသူတွေ ဖြစ်ပါသည်။ ဒီအမှတ်သားကတော့ လူတစ်ရာမှာ ၇၀%လောက်ပါတတ်ပါတယ် ဒါပေမဲ့ လူအများရဲ့ လက်မှာတွေ့ရတဲ့ စပါးစေ့ပုံကတော့ အတွင်းထဲမှာ ဟနေခြင်း သို့မဟုက် အပြင်ဘက်မှာ ဟနေခြင်း သို့မဟုက် အပေါ်တချမ်းအောက်တချမ်းကွဲနေတတ်ပြီး လမ်းကြောင်းနှစ်ခုဆက်ပြီး လုံနေတဲ့စပါးစေ့ကတော့ ရှားပါတယ်။
လက်မ ပထမဆစ်နဲ့ဒုတိယဆစ်ကြားမှာပါလာတဲ့စပါးစေ့ဟာ ဟခြင်း ကွဲခြင်း မရှိလောက်အောင် လှပပြီးလုံနေမယ်ဆိုရင် ငွေလည်းရှာနိုင်သူ ရှာနိုင်သလောက်လည်းစုဆောင်နိုင်သူ ငွေကြေးဥစ္စာပြည့်စုံပြီ းချမ်းသာသူတယောက်ဖြစ်လာဖို့ရှိပါတယ်။
၅ ။ တနင်္လာဂြိုဟ်ခုံလို့ခေါ်တဲ့ လက်ဝါးစောင်းနားလေးမှာ အလံကဲ့သို့ အမှတ်သားလေးပါလာခဲ့မယ်ဆိုရင် ( E )လက္ခဏာရှင်ဟာ အနုပညာစိတ်ကူးစိတ်သန်းကောင်းမွန်းချင်းကြောင့် အကြံကောင်းတော့ တသက်ကံကောင်းတော့တချက်ဆိုသလို အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းတွေကြောင့် ပွပေါက်တိုးကာငွေကြေးဥစ္စာရရှိပြီး ကြည့်ကြည့်တတ်ချမ်းသာသူတွေဖြစ်လာတတ်ပါတယ် ။
သင့်ရဲ့လက်မှာ ဒီအမှတ်သားတွေပါမပါ သေချာလေ့လာတိုက်ဆိုင်စစ်ဆေးကြည့်နိုင်ရန် ဖော်ပြလိုက်ရပါသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope