
တနင်္ဂနွေ - ကိစ္စအတော်များများ အဆင်ပြေအောင်မြင်မယ့်နေ့ ဖြစ်တယ်။ ဘာပဲလုပ်လုပ် ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ့်အတွေးနဲ့သာ လုပ်ပါ။ အဆင်ပြေတာ များလိမ့်မယ်။ အကြီးအကဲတွေကလည်း ကူညီစောင့်ရှောက်မယ်။ နာမည်ရမယ့်၊ လူသိများမယ့်ကိစ္စတွေ လုပ်ရင် ကောင်းတယ်။ တစ်နေ့တာ ငွေကြေးနဲ့ အလုပ်အကိုင်မှာတော့ လုံးလည်ချာလည်လို ဖြစ်တတ်တယ်။ အတိုက်အခိုက် များမယ်။ မေတ္တာရေးမှာလည်း သောက ဖြစ်ရလိမ့်မယ်။ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အိုဗာတင်းတစ်ခွက် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၁ နဲ့ ၁၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်ကတော့ အနီနဲ့ ရွှေရောင်ပဲ ဖြစ်တယ်။
ကောင်း
တနင်္လာ - ကျန်းမာရေးရော ကိုယ်ရေးကိုယ်တာကိစ္စတွေမှာပါ အားနည်းတတ်တယ်။ လုပ်ကိုင်ကြံစည်သမျှ မဖြစ်ထွန်းသေးဘဲ ခက်ခဲပင်ပန်းလိမ့်မယ်။ စိတ်ရှုပ်စရာ သူများပြဿနာတွေထဲ ဝင်ပါမိတတ်တယ်။ ယာဉ်၊ ကား စတာတွေ သတိထား စီးနင်း၊ မောင်းနှင်ရမယ်။ ခရီးတွေဘာတွေ သွားရင် စိတ်ညစ်ရတတ်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာ လိုရင်းမရောက်ဘဲ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကူအညီတွေ ရလိမ့်မယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို အစာကျွေးပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၇ နဲ့ ၆၇ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနက်နဲ့ ခရမ်းပြာရောင်တွေ ဖြစ်တယ်။
ညံ့
အင်္ဂါ - ဒီနေ့မှာ ကြီးကဲသူတွေရဲ့အငြိုအငြင်ခံရမယ်။ အချင်းများစရာနဲ့ အငြင်းပွားစရာတွေ ပေါ်လာလိမ့်မယ်။ စိတ်တွေ ရှုပ်ထွေးပြီး ဘာကိုမှ ယတိပြတ် မဆုံးဖြတ်နိုင် ဖြစ်မယ်။ အလုပ်တွေက ပုံမှန် လည်ပတ်နိုင်ပေမယ့် ကိုယ့်အတွက် အကျိုးမရှိသလို ခံစားရမယ်။ အစိုးရကိစ္စတွေ လုပ်နေသူဆိုရင် သတိထား လုပ်ကိုင်သင့်တယ်။ အိမ်တွင်းရေးမှာ စိတ်ညစ်စရာတွေ ပေါ်လာတတ်တယ်။ မေတ္တာရေးမှာလည်း သဘောကွဲလွဲမှုတွေ ဖြစ်နေမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ဖက်ဖူးရောင်၊ အနက်ရောင် ဖြစ်ပြီး ၄၀ နဲ့ ၄၇ က အကျိုးပေးဂဏန်း ဖြစ်တယ်။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ကိုယ်စိတ်နှလုံး ရွှင်ပြုံးစရာတွေ ပေါ်လာမယ်။ အပျော်အပါးကိစ္စတွေ ကြုံရတတ်တယ်။ အဝေးကနေ အဆက်အသွယ်တွေ ရတတ်တယ်။ ကိုယ့်အတွက် အကျိုးဖြစ်စေမယ့်ကိစ္စတွေ ကြားသိရမယ်။ လာဘ်လာဘ၊ အစားအသောက်တွေ ဝင်လာတတ်တယ်။ မိတ်ဆွေတွေက ကောင်းကျိုးပေးမယ်။ အစိုးရကိစ္စနဲ့ ဆက်စပ်တာ၊ လူကြီးနဲ့တွေ့ရတာတွေမှာ အဆင်ပြေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာတော့ စိတ်ညစ်စရာ ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာတော်ကို အချိုရည် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၁ နဲ့ ၄၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အဝါရင့်ရောင် ဖြစ်တယ်။
ကောင်း
ရာဟု - အသင်းအဖွဲ့၊ စုပေါင်းစပ်ပေါင်းအလုပ်တွေနဲ့ အကျိုးပေးမယ်။ ကိုယ်တစ်ယောက်တည်း အဆင်မပြေတဲ့ အလုပ်တွေ အများနဲ့ဆို အောင်မြင်သွားလိမ့်မယ်။ အကျိုးတူ တွဲဖက်လုပ်ကိုင်လို့ ကောင်းမယ်။ ဒါပေမယ့် စီးပွား အလုပ်ကိစ္စတွေမှာ အလွယ်တကူ မပြီးဘဲ ခက်ခဲကြန့်ကြာတတ်တယ်။ အတော်လေး ကြိုးစားနိုင်မှ အဆင်ပြေရုံ ရှိမယ်။ ငွေကြေးကိစ္စတွေ မရေမရာ ဖြစ်မယ်။ စိတ်ညစ်ရမယ်။ နှလုံးသားရေးမှာတော့ ကောင်းဆိုး ဒွန်တွဲမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေး ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၈၈ နဲ့ ၁၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အညိုရောင်၊ ခဲရောင်တွေ ဖြစ်တယ်။
သင့်
ကြာသပတေး - နေရထိုင်ရတာ မအီမသာနဲ့ စိတ်ထဲ မရွှင်လန်းဘဲ ထိုင်းမှိုင်းနေတတ်တယ်။ တစ်နေ့တာလုံးမှာ ကျန်းမာရေးလည်း ချူချာချင်သလို၊ ဖျားချင်နာချင်သလိုတွေ ခံစားရတတ်တယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင် အဆင်မပြေမှုတွေ များတတ်လို့ ကိုယ့်ဘက်က ကြိုပြင်ထားရမယ်။ ငွေရေးကြေးရေးမှာလည်း စကားများရတာ၊ ငြင်းခုံရတာတွေ ဖြစ်တတ်တယ်။ မိတ်ဆွေတွေကတော့ အားကိုးရမယ်။ မေတ္တာရေးမှာ စိတ်ရှုပ်နေရလိမ့်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ လိုအပ်သူတစ်ဦးကို ဖုန်းဘေလ် လှူရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၃၆ နဲ့ ၆၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အပြာရောင်နဲ့ အနီရင့်ပဲ ဖြစ်တယ်။
ညံ့
သောကြာ - တစ်နေ့လုံးမှာ စိတ်အနှောင့်အယှက် ဖြစ်ရတာတွေ များနေမယ်။ ကိုယ့်ဖာသာ နေနေရင်းနဲ့တောင် ပြဿနာက ကိုယ့်ဆီတည့်တည့် ဝင်လာတတ်တယ်။ တပါးသူရဲ့အပူက ကိုယ့်ဆီလာပြီး ကူးစက်တတ်တယ်။ စိတ်တိုစိတ်ဆတ်ပြီး ဒေါသထွက်ရတာတွေ ဖြစ်မယ်။ အလုပ်တွေတော့ ကောင်းမယ်။ ငွေလည်း ဝင်လိမ့်မယ်။ မိသားစုထဲမှာ အကူအညီ ရမယ်။ နေရာကိစ္စ စိတ်ညစ်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းနိုင်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒူးရင်းယို ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၀ နဲ့ ၆၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က စိမ်းပြာနဲ့ အနက်ရောင်ပဲ ဖြစ်တယ်။
သင့်
စနေ - ဒီနေ့မှာတော့ ဘယ်ကိစ္စမဆို နှစ်ခါပြန် လုပ်ကိုင်မှ အဆင်ပြေသွားတာမျိုး ဖြစ်မယ်။ ငွေကြေးစီးပွားကံ၊ အလုပ်အကိုင်ကံဇာတာတွေ ကောင်းတတ်တယ်။ အရောင်းအဝယ်သမားဆို အမြတ်အစွန်း များတတ်တယ်။ ငွေဝင်လမ်း ဖြောင့်မယ်။ အစိုးရ၊ အာဏာပိုင်နဲ့ ပတ်သက်တာတွေမှာလည်း အဆင်ပြေပြေ လုပ်သွားနိုင်မယ်။ မိတ်ဆွေအသိုင်းအဝိုင်းကပါ ကူညီပေးလာလိမ့်မယ်။ မေတ္တာရေးကံတော့ ညံ့မယ်။ စိတ်ပျက်စရာတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဖယောင်းတိုင်အနီ ၁၀ တိုင် ပူဇော်ပေးရမယ်။ ကံကောင်းစေမယ့်အရောင်က အဝါရင့်နဲ့ နက်ပြာ ဖြစ်ပြီး အကျိုးပေးဂဏန်းကတော့ ၁၀ နဲ့ ၁၇ တွေ ဖြစ်တယ်။
ကောင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope