အသွားမမှန်တဲ့ မာကျူရီနဲ့ ရာသီခွင်ဗေဒင်အဟော
lotaya.mpt.com.mm
|
2023-08-16

Mercury (ခေါ်) ဗုဒ္ဓဟူးဂြိုဟ်ဟာ ဒီလ သြဂုတ် ၂၄ ကနေ စက်တင်ဘာ ၁၆ အထိ အသွားနှုန်း မမှန်ဘဲ နောက်ပြန်လှည့်နေမှာ ဖြစ်ပါတယ်။ တစ်နှစ်မှာ အနည်းဆုံး သုံးကြိမ်လောက် အသွားမမှန် နောက်ပြန် လှည့်တတ်တဲ့ မာကျူရီဂြိုဟ်ဟာ ဒီတစ်ခေါက် ကန်ရာသီထဲ တည်ရှိတုန်းမှာ နောက်ပြန်လှည့်မှာ ဖြစ်လို့ ဘယ်ရာသီဖွားတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာမလဲ လိုတိုရှင်း ဖော်ပြလိုက်ပါတယ်။

သြဂုတ် ၂၄ - စက်တင်ဘာ ၁၆ အတွင်း

မိဿရာသီဖွားဆိုရင် ကျန်းမာရေး ညံ့တတ်တယ်။ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ ကမောက်ကမ ဖြစ်မယ်။

ပြိဿရာသီဖွားဆိုရင် ချစ်သူရည်းစား ပြဿနာ တက်မယ်။ လောင်းကစား လုပ်ရင် အရှုံးပြလိမ့်မယ်။

မေထုန်ရာသီဖွားဆိုရင် မိသားစု၊ အိမ်တွင်းရေး ပူပန်စရာတွေ ဖြစ်မယ်။ အိုးအိမ်ကိစ္စ စိတ်ညစ်ရမယ်။

ကရကဋ်ရာသီဖွားက နားလည်မှု လွဲ၊ အထင်လွဲတာတွေ ဖြစ်မယ်။ ဖုန်း၊ ကွန်ပျူတာတွေ ပျက်မယ်။

သိဟ်ရာသီဖွားဆို ငွေကြေးကိစ္စ အရှုပ်အရှင်း ဖြစ်မယ်။ ပုံမှန်မဟုတ်တဲ့နည်းနဲ့ ငွေဝင်လာတတ်တယ်။

ကန်ရာသီဖွားက ကိုယ့်အမှားကို ပြန်ပြင်ရတတ်ချိန် ဖြစ်တယ်။ အတွေးအမြင် လွဲချော်နေတတ်တယ်။

တူရာသီဖွားဆိုရင် အကြံကုန်တာ၊ စိတ်ပျက်အားလျော့တာတွေ ဖြစ်မယ်။ ငွေကုန်ကြေးကျ များမယ်။

ဗြိစ္ဆာရာသီဖွားက မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ပြန်ချိတ်မိမယ်။ ငွေဝင်ခါနီးမှ ဝေ့လည်နေလိမ့်မယ်။

ဓနုရာသီဖွားဆိုရင် လုပ်ငန်းအခြေအနေကို ပြန်သုံးသပ်ရမယ်။ အားနည်းချက်တွေ ပြန်ပြင်ရလိမ့်မယ်။

မကာရရာသီဖွားက ခရီးကိစ္စတွေ၊ သင်တန်းကိစ္စတွေ ပျက်တတ်တယ်။ အစီအစဉ်တွေ လွဲကုန်မယ်။

ကုမ်ရာသီဖွားက အဆိုးအကောင်း သိပ်မထင်ရှားပေမယ့် ငွေရေးကြေးရေးမှာ အာရုံနောက်လိမ့်မယ်။

မိန်ရာသီဖွားဆိုရင် လူမှုရေး၊ မေတ္တာရေးမှာ အထင်လွဲခံရတာ၊ ပြဿနာဟောင်းပေါ်တာမျိုး ဖြစ်မယ်။

ဒီအချက်တွေက ရာသီဖွားအလိုက် မာကျူရီ အသွားမမှန်ချိန်မှာ ကြုံရတတ်တဲ့ကိစ္စတွေကို လိုတိုရှင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒဏ္ဍာရီအရ ဆက်သွယ်ရေးဂြိုဟ်လို့ တင်စားရတဲ့ ဗုဒ္ဓဟူးဂြိုဟ် အသွားနှုန်း မမှန်ချိန်မှာ နေရာအနှံ့ ကောဟာလဟတွေ ဖြစ်ပေါ်တတ်တာ၊ နည်းပညာပစ္စည်းတွေ ချို့ယွင်းတာ၊ စာချုပ်စာတမ်းကိစ္စ ပြဿနာပေါ်တာ၊ ကတိပျက်တာ၊ အပြောအဆို မှားတာတွေ ဖြစ်တတ်သလိုပဲ …

ဈေးကွက်တွေ မတည်ငြိမ်တာ၊ ကုန်ဈေးနှုန်း အပြောင်းအလဲ မြန်တာတွေလည်း ဖြစ်တတ်တဲ့အတွက် ဒီကာလမှာ ဘယ်သူမဆို ၊ ဘယ်ရာသီဖွားမဆို ဖော်ပြပါအချက်တွေကို ဂရုစိုက်ကြဖို့ ဗေဒင်ပညာအရ အကြံပြုလိုက်ရပါတယ်။

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#စက်တင်ဘာ
#သြဂုတ်
#ဗုဒ္ဓဟူး
#မာကျူရီ

Some text some message..