ဒီနှစ် ငွေဝင်ကိန်း ရှိ၊ မရှိ ကိုယ်တိုင် တွက်ကြည့်နိုင်တဲ့နည်း
lotaya.mpt.com.mm
|
2023-08-23

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ကိန်းတွေထဲမှာ ဒီနှစ်ထဲ စုတ် (သို့) လာဘ် ရ ၊ မရ တွက်ကြည့်နိုင်တဲ့ ကိန်းခန်းလေးတွေ ရှိပါတယ်။ ဒီထဲကမှ လူအများ လိုက်တွက်ကြည့်ပြီး ဒီနှစ် ငွေဝင်ကိန်း ရှိ၊ မရှိ ကိုယ်တိုင် သိနိုင်မယ့် ဗေဒင်ကိန်းတစ်ခုကို တင်ပြပေးချင်ပါတယ်။

တွက်နည်းကတော့ လွယ်ပါတယ်။ မိမိရဲ့ မြန်မာမွေးနှစ်ကို လက်ရှိ ရောက်ဆဲ မြန်မာခုနှစ်နဲ့ ပေါင်းပါ။ ပေါင်းရကိန်းကို ရောက်ဆဲအသက်နဲ့ စားပါ။ ရလာတဲ့အကြွင်းကို (၄) ထပ်ပေါင်းပြီး ပေါင်းရကိန်းကိုမှ (၈) နဲ့ ထပ်စားပါ။

အကြွင်းဟာ () သို့မဟုတ် () ရတယ်ဆိုရင် ဒီနှစ်အတွင်း စုတ် (သို့) လာဘ်လာဘ ငွေဝင်ကိန်း ရှိနေပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။  ဥပမာတစ်ခု တွက်ပြပါမယ်။

မြန်မာနှစ် ၁၃၄၆ ၊ တန်ခူးလမှာ မွေးဖွားသူဆိုရင် အဲဒါကို လက်ရှိ မြန်မာကောဇာနှစ် ၁၃၈၅ နဲ့ ပေါင်းလိုက်ပါ။

၁၃၄၆ + ၁၃၈၅ = ၂၇၃၁

ရောက်ဆဲအသက် ၃၉ နှစ် ဆိုတော့ ခုနက ပေါင်းကိန်း ၂၇၃၁ ကို ၃၉ နဲ့ စားတဲ့အခါ အကြွင်းက (၁) ရပါတယ်။ အကြွင်း (၁) ကို (၄) နဲ့ ပေါင်းရမှာ ဖြစ်လို့ ၁ + ၄ = ၅ ရပါတယ်။ အဲဒီ ၅ ကို (၈) နဲ့ ထပ် စားလို့ မရတဲ့အတွက် ဒီနှစ်ဟာ အကြွင်း (၅) ရတဲ့နှစ် ဖြစ်ပါတယ်။

အကြွင်း (၅) ရတဲ့နှစ် ဖြစ်လို့ လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်ထဲမှာ ငွေကြေးအစုလိုက်အပုံလိုက် ဝင်ကိန်း ရှိတယ်လို့ ဟောဆိုနိုင်ပါတယ်။

ဒီနေရာမှာ သတိထားရမှာက ကိုယ်ဟာ စုတ် ဆိုတဲ့ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းတာကို လိုချင်တာလား၊ လာဘ် ဆိုတဲ့ ငွေကြေးစီးပွားကံဇာတာ အားကောင်းတာကို လိုချင်သူလား ဆိုတာ ခွဲခြားရပါမယ်။

ပျိုရွယ်သူ၊ ငယ်သူတွေအဖို့ စုတ် ဆိုတဲ့ နှလုံးသားရေး ကံကောင်းတာကိုသာ လိုချင်ရင်တော့ ဒီနှစ်မှာ အချစ်ရေး စန်းပွင့်တာ၊ အိမ်ထောင်ကျတာတွေကို ကြုံရတတ်ပြီး ငွေကြေးစီးပွား လာဘ်လာဘကိုသာ လိုလားတဲ့လူကြီးလူရွယ်တွေဆိုရင်တော့ ဒီနှစ်ထဲမှာ စီးပွားရှာလို့ ကောင်းပြီး ငွေတွေ အထုပ်အထည်နဲ့ ဝင်ကိန်း ရှိတယ်လို့ မှတ်ယူရမှာပါ။

နောက် လက်တွေ့ဥပမာ ထပ်ပြရရင် ပြီးခဲ့တဲ့ ၁၃၈၄ ခုနှစ်မှာ ၁၃၄၅ ခုနှစ်ဖွားတဲ့ အသက် ၄၀ အရွယ် လူတစ်ဦးဟာ ငွေအမြောက်အများ ဝင်ခဲ့ပါတယ်။ တွက်ကြည့်ရင် …

၁၃၄၅ + ၁၃၈၄ = ၂၇၂၉

၂၇၂၉ ကို အသက် ၄၀ နဲ့ စားတဲ့အခါ ၉ ကြွင်းပါတယ်။ ၉ ကို ၄ နဲ့ပေါင်းပြီး ၈ နဲ့ စားတဲ့အခါ (၅) ကြွင်း ပါတယ်။ ဒါကြောင့် မနှစ်က ၁၃၈၄ ခုနှစ်ထဲမှာ ၁၃၄၅ ခုဖွား အသက် ၄၀ အရွယ် အဲဒီလူလတ်ပိုင်းဟာ ပုံမှန်ထက် ထူးကဲတဲ့ ဝင်ငွေအမြောက်အများ ရှာဖွေ ရရှိခဲ့ပါတယ်။

မိမိကောင်းမှု အကြောင်းပြု၍ ကံကောင်းနိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ဗေဒင်
#အချစ်ရေး
#အိမ်ထောင်ရေး
#ကံဇာတာ
#စန်းပွင့်

Some text some message..