ဈေးဆိုင်တွေအတွက် မိမိရဲ့ ပစ္စည်းများ ရောင်းအားကောင်းစေမယ့် ယတြာ
lotaya.mpt.com.mm
|
2023-09-01

အခုတင်ပြမှာကတော့ ဈေးရောင်းတဲ့သူတွေ အရောင်းအဝယ်လုပ်တဲ့သူတွေ အထူးသဖြင့် ဈေးဆိုင်တွေအတွက် လွယ်ကူပြီးတော့ မိမိရဲ့ ရောင်းတဲ့ဝယ်တဲ့နေရာမှာ အထောက်အကူဖြစ်မယ့်ယတြာကို တင်ပြပေးချင်ပါတယ်။

ဒီကာလမှာ အများအားဖြင့် ဈေးနှုန်းကြီးမားတဲ့ ပြဿနာတွေ အခက်အခဲတွေကြောင့် တော်တော်များများ ခက်ခဲကြတဲ့အတွက် အရောင်းအဝယ်ကျဆင်းတာတွေလည်း ရှိပါတယ်။ အဲဒီအတွက်ကြောင့် တဖက်တလှမ်းကနေပြီးတော့ ရောင်းတဲ့ဝယ်တဲ့အခါမှာ အထောက်အပံ့ဖြစ်စေမယ့် နည်းလမ်းကိုလည်း တင်ပြပေးပါမယ်။

အရောင်းအဝယ်ကောင်းအောင် ပြုလုပ်တဲ့နေရာတွေမှာလည်း နည်းလမ်းက အများကြီးရှိပါတယ်။ တစ်ချို့နည်းတွေက လွယ်လွယ်ကူကူနဲ့ လုပ်လို့မရတာလေးတွေ ရှိပါတယ်။ အခုတင်ပြမယ့်နည်းလေးကတော့ ကိုယ်ရောင်းနေတဲ့ကုန်ပစ္စည်းတွေကို အရောင်းအဝယ်ဖြစ်အောင် ၊ ကောင်းအောင် တဖက်တလှမ်းကနေပြီးတော့ အထောက်အကူဖြစ်အောင် လွယ်လွယ်လေးနဲ့ ပြုလုပ်ရတဲ့နည်းလေးကို တင်ပြပေးပါမယ်။

အရောင်းအဝယ်ကောင်း ၊ ဈေးရောင်းကောင်းတဲ့နေရာမှာ အထောက်အကူဖြစ်အောင် နောက်ကနေ တွန်းအားတစ်ခုအနေနဲ့ လုပ်ရမယ့်ယတြာနည်းလေးကတော့ -

မိမိရောင်းတဲ့ကုန်ပစ္စည်းဟာ ဘာနံလည်းဆိုတာကို သိဖို့လိုပါတယ်။

ဥပမာ ။ ။ တနင်္ဂနွေနံဆိုလို့ချင်ရင် အ ၊ အာ ၊ အိ ၊ အီ ၊ အု ၊ အေ ၊ အော်

              တနင်္လာနံဆိုရင်            က ၊ ခ ၊ ဂ ၊ ဃ ၊ င

              အင်္ဂါနံဆိုရင်                 စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည

              ဗုဒ္ဓဟူးနံဆိုရင်              ယ ၊ ရ ၊ ထ၊ လ ၊ ဝ

              ကြာသပတေးနံဆိုရင်    ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ

              သောကြာနံဆိုရင်         သ ၊ ဟ

              စနေနံဆိုရင်                 တ ၊ ထ ၊ ဒ ၊ ဓ ၊ န

သူရဲ့အက္ခရာအလိုက် နေ့နံတွေကို သိထားလို့ချင်ရင် (ဥပမာအားဖြင့် ဆန်ရောင်းမယ်ဆိုရင် ဘာနံလည်းဆိုတာ စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည က အင်္ဂါနံဖြစ်တဲ့အတွက် အင်္ဂါနံပစ္စည်းဆိုပြီး သိရမှာ ဖြစ်ပါတယ်။) အခြေခံအားဖြင့် နေ့၇နေ့ရဲ့အက္ခရာတွေ သိထားမှ ပစ္စည်းပေါင်းသောင်းခြောက်ထောင်ကို ဘာဘဲရောင်းရောင်း ဘယ်ပစ္စည်းဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို အကုန်လုံးသိမှာဖြစ်ပါတယ်။

ကိုယ်က တနင်္ဂနွေနံကို ရောင်းချင်တယ်ဆိုလို့ချင်ရင် တနင်္ဂနွေနံက အိုး ၊ အိမ် ၊ အင် တို့ အဲလိုပစ္စည်းတွေ ရောင်းမယ်ဆိုရင်တော့ အဲဒီပစ္စည်းတွေအောက်မှာ ထားရမယ့် အညွန့်တွေ ၊ အရွက်တွေကို အဓိကဆိုလိုတာဖြစ်ပါတယ်။ အဲဒီတော့ ကိုယ်ရောင်းမယ့်ပစ္စည်းရဲ့ နေ့နံရဲ့စတုရန်းကျတဲ့အရွက်ကို အဲဒီပစ္စည်းအောက်မှာ အဓိကထားရမှာ ဖြစ်ပါတယ်။ အဲဒီတော့  တနင်္ဂနွေနံပစ္စည်း အိုး ၊ အိမ် ၊ အင်  ပစ္စည်းတွေ ရောင်းမယ်ဆိုရင် သူရဲ့စတုရန်းကျတဲ့ပစ္စည်းဆိုတာ တနင်္ဂနွေ ၊ တနလာၤ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး (ဗုဒ္ဓဟူးနံအရွက်တွေကို အဓိကအားဖြင့် အဲဒီပစ္စည်းအောက်မှာ ထားရမှာ ဖြစ်ပါတယ်)

အိုးရောင်းမယ်ဆိုရင် အိုးအောက်မှာ ဝါးရွက်တွေ ၊လဲဖြူရွက်တွေ၊ ရဲယိုရွက်တွေ ထားရမှာ ဖြစ်ပါတယ်။ ကိုယ်ရောင်းမယ့်ပစ္စည်းအောက်မှာ နေ့စဉ်ထားပေးရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက တနင်္လာနံဖြစ်တဲ့ ကား ၊ ငွေ ၊ ခဲ ၊ ကြက် ၊ ကြက်သား ဒါတွေရောင်းမယ်ဆိုရင် သူရဲ့စတုရန်းဖြစ်တဲ့ ကြာသပတေး (ကြာသပတေးနံ) ပေါက်ပန်း ၊ ပိန်းပန်း ၊ ပဲညွန့် ဒီအရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက အင်္ဂါနံဖြစ်တဲ့ စိန် ၊ ဆန် ၊ ဆီ ၊ ဆား ၊ ဆေး ဒါတွေရောင်းမယ်ဆိုရင်တော့ သီးညွန့် ၊ သီဟိုဌ်ညွန့်တို့ ဒီအရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက ဗုဒ္ဓဟူးနံဖြစ်တဲ့ ရေ ၊ ဝက် ၊ လှေ ၊ လှည်း ၊ ရွှေတို့ ဒါတွေရောင်းမယ်ဆိုရင်တော့ စနေနံပစ္စည်းဖြစ်တဲ့ ဒန်းညွန့် ၊ ထန်းညွန့် ၊ ဓနှောင်းညွန့် ဒီနေ့နံပါတဲ့ အရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။ နေ့စဉ် အောက်ကနေ ခင်းထားရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက ကြာသပတေးနံဖြစ်တဲ့ မြေ ၊ မြင်း ၊ ပဲ ၊ မြ ၊ ပတ္တမြား ၊ မျက်မှန် ဒါတွေရောင်းမယ်ဆိုရင်တော့ အုန်းညွန့် ၊ အင်ညွန့် ဒီအရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက သောကြာနံဖြစ်တဲ့ သံ ၊ သွပ် ၊ သစ် ၊ ဟင်းတို့ ဒါတွေရောင်းမယ်ဆိုရင်တော့ ကံ့ကော်ညွန့် တနင်္လာနံအညွန့် ဒီအရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။

ကိုယ်ရောင်းမယ့်ပစ္စည်းတွေက စနေနံဖြစ်တဲ့ ထီး ၊ ဓား ၊ နွား  ဒါတွေရောင်းမယ်ဆိုရင်တော့ သူရဲ့စတုရန်းဖြစ်တဲ့ ဇီးညွန့် ၊ ဇီးရွက်တွေကို ခုနက ပစ္စည်းတွေအောက်မှာ ထားရမှာ ဖြစ်ပါတယ်။

မိမိရောင်းတဲ့ပစ္စည်းတွေ အောက်မှာ သူနဲ့သက်ဆိုင်တဲ့ကုန်ပစ္စည်းရဲ့ စတုရန်းအညွန့်တွေကို ထားပေးမယ်ဆိုရင် မိမိရောင်းဝယ်ဖောက်ကားတဲ့နေရာမှာ အထောက်အပံ့တွေဖြစ်ပြီး မိမိကို အကျိုးပြုမှာဘဲ ဖြစ်ပါတယ်။ စီးပွားလာဘ်လာဘတွေ တိုးတက်မှာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ အရောင်းအဝယ်တွေ ကောင်းအောင် ဒီနည်းလေးကို တဖက်တလှမ်းက သုံးမယ်ဆိုရင်လည်းဘဲ အထောက်အပံ့တွေဖြစ်ပြီးတော့  မိမိလုပ်ငန်းမှာ အဆင်ပြေမှုတွေ ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ယတြာ
#တနင်္ဂနွေ
#ဗုဒ္ဓဟူး
#ကြာသပတေး
#သောကြာ

Some text some message..