
အညံ့တွေ သက်သာချင်တယ်။ လူမုန်းများနေတယ်။ တခုပြီးတခု ဖြစ်နေတာ ချူချာလိုက်တာဗျာ။ အမှုက တန်းလန်းကြီး မပြီးသေးဘူး စိတ်ညစ်တယ်။ အိပ်မက်တွေ မကောင်းဘူး။ အိမ်သူအိမ်သားတွေ မတည့်ကြဘူး။ အကြွေးက လည်ပင်း ခိုက်နေတယ် ဘာလုပ်လုပ် အဆင်မပြေဘူး။ ဒီနှစ်ထဲ မတော်တဆ ဖြစ်တာ နှစ်ခါရှိပြီ။
မိတ်ဆွေတွေ ဒုက္ခ ပေးလို့။ စသည်ဖြင့် အညံ့တွေ ကြုံနေရတယ် ဆိုပါက ဒီယတြာကိုလုပ်ပါ။
မိမိတို့ နီးရာ ဘုရား တစ်ဆူကို သွားပါ။ မွေးနံ ထောင့်ကနေ စပြီး လုပ်ရပါတယ်။ ဥပမာ။ တနင်္လါ သား ဆိုပါစို့။
တနင်္လါ ထောင့်က ဘုရား မှာ ရေ ၂ ခွက် သပ်ပါယ်ပါ။ တနင်္လါ ဂြိုဟ်မင်း ကျားရုပ်ကို ရေ ၁၅ ခွက် ပက်ဖျန်းပါ။
တနင်္လါသား --- သည် ယနေ့မှစပြီး တနင်္လါနံ ငွေရေးကြေးရေး ၊ အချစ်ရေး ၊ ကားကိစ္စများ အစစအရာရာ အဆင်ပြေဖို့ ဆုတောင်း ပါ။
ပြီးရင် အင်္ဂါနံထောင့် ဘုရားမှာရေ ၃ ခွက်သပ်ပါယ်ပါ။ အင်္ဂါ ဂြိုဟ်မင်း ခြင်္သေ့ရုပ်ကို ရေ ၈ ခွက်ပက်ဖျန်းပါ။ တနင်္လါသား.... အင်္ဂါ နံ စက်ပစ္စည်း လုပ်ငန်း ၊ စက်ချုပ်ဆိုင်၊ စျေးဆိုင်၊ ဆေးဝါးကုသရေး၊ ကိစ္စ များ အဆင်ပြေဖို့ဆုတောင်းပါ။
ပြီးရင် ဗုဒ္ဓဟူးနံ ထောင့် ဘုရားမှာ ရေ ၄ ခွက်သပ်ပါယ်ပါ။ ဗုဒ္ဓဟူး ဂြိုဟ်မင်း ဆင်ရုပ်ကို ရေ ၁၇ ခွက်ပက်ဖျန်းပါ။ ဗုဒ္ဓဟူး နံ လူ လူချင်း ပေါင်းသင်းဆက်ဆံရေး၊ ရွှေကိစ္စ၊ အစစအရာရာအဆင်ပြေဖို့ဆုတောင်းပါ။
ပြီးရင် စနေနံ ထောင့်ဘုရားမှာ ရေ ၇ ခွက်သပ်ပါယ်ပါ။ စနေ ဂြိုဟ်မင်း နဂါးရုပ်ကို ရေ ၁၀ ခွက်ပက်ဖျန်းပါ။ စနေနံ အမှုအခင်း၊ ပြဿနာ ၊ ထင်ပေါ်ကျော်ကြားမှု တို့နဲ့ ပတ်သက်လို့ အဆင်ပြေဖို့ဆုတောင်းပါ။
ကြာသပတေး နံထောင့်ဘုရားမှာရေ ၅ ခွက်သပ်ပါယ်ပါ။ ကြာသပတေး ဂြိုဟ်မင်း ကြွက်ရုပ်ကို ရေ ၁၉ ခွက်ပက်ဖျန်းပါ။ ကြာသပတေး နံ မိတ်ဆွေ၊ ဆရာသမားတို့ရဲ့ ကူညီဆောင်မမှု ရဖို့ ဆုတောင်းပါ။
သောကြာနံ နံထောင့်ဘုရားမှာရေ ၆ ခွက်သပ်ပါယ်ပါ။ သောကြာ ဂြိုဟ် မင်း ပူးရုပ်ကို ရေ ၂၁ ခွက်ပက်ဖျန်းပါ။ သောကြာနံ အလုပ်အကိုင် ၊ သင်္ဘောတက်ရမည့်ကိစ္စများ၊ ဟိုက်ဝေးခရီးသွားဝန်ဆောင်မှုကိစ္စများ အဆင်ပြေဖို့ဆုတောင်းပါ။
ရာဟုနံထောင့် ဘုရားမှာရေ ၈ ခွက်သပ်ပါယ်ပါ။ ရာဟု ဂြိုဟ်မင်း ဟိုင်းဆင်ရုပ်ကို ရေ ၁၂ ခွက်ပက်ဖျန်းပါ။ ရာဟုနံသင့် ရောဂါ ၊ ရန်သူ ကိစ္စများ ကောင်းမွန်အောင် ဆုတောင်းပါ။
တနင်္ဂနွေ နံထောင့်ဘုရားမှာရေ ၁ ခွက်သပ်ပါယ်ပါ။ တနင်္ဂနွေ ဂြိုဟ် မင်း ဂဠုန်ရုပ်ကို ရေ ၆ ခွက်ပက်ဖျန်းပါ။ တနင်္ဂနွေနံ အလုပ်အကိုင် ၊ အိုးအိမ်ကိစ္စ၊ အိမ်ထောင်ရေး ၊ အကြီးအကဲ ကိစ္စများ အဆင်ပြေဖို့ဆုတောင်းပါ။
တနင်္လါနံ ထောင့်မှာ အဆုံးသတ် တစ်ကြိမ် ထပ်လုပ်ပါ။
ပြီးလျှင် ဂြိုဟ်နံထောင့် များတွင် ရှိနေတတ်သော အမှိုက်သရိုက်များ ရှင်းလင်းရေးလုပ် စေတိယင်္ဂဏဝတ်ပြု၍ သန့်ရှင်းရေးကုသိုလ်ယူပါ။ မွေးနေ့တိုင်း ၃ ပတ် လုပ်ရုံဖြင့် အဆင်ပြေကြသလို အချို့မှာ ၆ ကြိမ်လောက် လုပ်မှ ထိရောက်တာ လည်း ရှိပါတယ်။ အချိန်ပေးနိုင်ပါက နေ့စဥ် လုပ်လို့လည်း ရပါတယ်။
အစစအရာရာအဆင်ပြေကြပါစေ။
ဆရာထွန်းလင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope