
လက်ဖဝါးပြင်ပေါ်က အရေးအကြောင်းတွေ အမှတ်အသားတွေက လူတစ်ယောက်ရဲ့ ဓနကုသိုလ်ကံကို ဖော်ပြနေပါတယ်။ အခုဖော်ပြမယ့် လက္ခဏာ လမ်းကြောင်းတွေ ရှိနေမယ်ဆိုရင် ဘဝမှာ ထီပေါက်ကိန်း၊ ငွေအစုလိုက် ဝင်ကိန်း ရကိန်း ရှိနေတဲ့ သဘော ဖြစ်ပါတယ်။
1. ကံလမ်းကြောင်းထိပ်မှာ ကြယ်ပါရင် ထီပေါက်နိုင်ပါတယ်
2. အသက်လမ်းကြောင်းပေါ်ကနေ ကံလမ်းကြောင်းတို ပါလာခဲ့ရင်လည်း ထီပေါက် ချဲပေါက် ငွေဝင်တတ်ပါတယ်
3. ဗုဒ္ဓဟူးဂြိုလ်ခုံပေါ်မှာ မတ်တပ်မျဥ်းတစ်ကြောင်း ထင်ရှားအားကောင်းစွာပါရင် ထီပေါက် ငွေဝင်နိုင်ပါတယ်
4. ကံလမ်းကြောင်းက ထင်ရှားအားကောင်းစွာ ရှိနေရင်လည်း ထိုသို့ အားကောင်းတဲ့အသက်ပိုင်းခြားမှာပဲ ထီပေါက် ငွေဝင်တတ်ပါတယ်
5. လက်ဖနောင့်ရစ် လက်ကောက်ဝတ်မှာ ကြယ် တြိဂံ တစ်ခုခုပါရင်လည်း ထီပေါက် ချဲပေါက် ငွေဝင်တတ်ပါတယ်

6. ကြာသပတေးဂြိုလ်ခုံပေါ် လက်ညိုးခြေရင်းမှာ လေးထောင့်ကွက်ပါရင်လည်း ထီပေါက် ချဲပေါက် နိုင်ပါတယ်
7. စနေဂြိုလ်ခုံပေါ်မှာ ငါးရုပ်ပါခဲ့ရင်လည်း ထီပေါက်နိုင်ပါတယ်
8. အသက်လမ်းဆုံးမှာ ငါးရုပ်ပါရင်လည်း ထီပေါက်နိုင်သလို ထီပေါက်သကဲ့သို့ ငွေဝင်နိုင်ပါတယ်
9. ဦးခေါင်းလမ်းအဆုံးမှာ ကြာဖူးပုံ နှစ်ခုပါရင်လည်း ထီပေါက်တတ်ပါတယ်
10. တနလ်ာဂြိုလ်ခုံပေါ်မှာ ပတ္တပြားဗွေပါရင် ထီပေါက်တတ်ပါတယ်
လက္ခဏာ ဝါသနာရှင်တွေအနေနဲ့ ကိုယ့်လက်ဖဝါးပေါ်မှာ အထက်ပါလမ်းကြောင်းနဲ့ သင်္ကတွေ ပါလာရင် လစဉ် ထီကံစမ်းဖို့နဲ့ ကုသိုလ်ကောင်းမှု များများလုပ်ရင်း ဆုတောင်းပေးပါ။ သင့်ရဲ့လက်မှာ ဒီအမှတ်သားတွေပါမပါ သေချာလေ့လာတိုက်ဆိုင်စစ်ဆေးကြည့်နိုင်ရန်ဖော်ပြလိုက်ရပါသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope