လည်ပင်းအလယ်တည့်တည့်၌ မှဲ့ပါရှိသူများ၏ ဘ၀ကံကြမ္မာ
lotaya.mpt.com.mm
|
2023-11-06

(က)     အမျိုးသားများမှာ လည်ပင်းအလယ်တည့်တည့်၌ မှဲ့ပါရှိပါက ထိုအမျိုးသားများမှာ ဉာဏ်ပညာ စွမ်းအား ကြီးမားသူဖြစ်သည်။ ချမ်းသာကြွယ်ဝစွာနေထိုင်ရတတ်သည်။ လည်ရစ်သုံးရစ်ပါရှိပါက ထင်ပေါ်ကျော်ကြားစွာ နေရတတ်ပါသည်။ အကြီးအကဲတို့၏ မြောက်စားခြင်းကို ခံရတတ်သည်။

(ခ)       အမျိုးသမီးများမှာတော့ ထိုကဲ့သို့လည်ပင်းအလည်တည့်တည့်မှာ မှဲ့ပါရှိပါက ဉာဏ်အစွမ်းအစရှိသူ ဖြစ်သည်။ လုပ်ငန်းများလုပ်ကိုင်ရာတွင် အောင်မြင်အောင်လုပ်ကိုင်နိုင်ပြီး၊ ဝင်ငွေကောင်းသူ ဖြစ်ပါသည်။ ကျန်းမာရေးတော့ညံ့သူဖြစ်တတ်သည်။ စိတ်ဓာတ်ခိုင်မာခြင်း ဆင်ခြင်တုံတရားရှိခြင်းတို့ကြောင့် ဘဝအခက်အခဲ များကို ဖြေရှင်းနိုင်ပြီး၊ ဘဝကိုခိုင်မာစွာရပ်တည်နိုင်တတ်သည်။ လူချစ်လူခင်ပေါ်များခြင်းကြောင့် စီးပွားရေး၊ လူမှုရေးတို့တွင် အောင်မြင်စွာရပ်တည်နိုင်တတ်သည်။ အိမ်ထောင်ရေးတွင် တစ်ခုလပ်၊ အပျိုကြီးဘဝဖြင့် နေရ  တတ်သည်။

မှတ်ချက်။         ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်း

  ဆိုးခြင်းကို ကျိန်းသေ ပြော၍မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။

၁။        မှဲ့အဖြူ

            မှဲ့ဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးပေးတတ်သည်ဟုမှတ်ယူရပါမည်။

၂။         မှဲ့အနီ

            မှဲ့နီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်း ကျိုးပေးသည့်နေရာဆိုပါက အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။

၃။        မှဲ့အညို

            မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။

၄။        မှဲ့အနက်

            မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။

၅။        မှဲ့အဝါ

မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင့်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါသည်။

၆။        မှဲ့အစိမ်း

            မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပုဂိ္ဂုလ်များ၌သာ ပါလေ့ရှိတတ်ပါသည်။

၇။        မှဲ့ရှင်

            မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲ့စွာ ပေးတတ်ပါသည်။ အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။

            ထို့ကြောင့် မိမိမှာ အထက်ပါအတိုင်း ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက် ဖြည့်စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ် နေရာမှာ ပါသည့်မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန် မည်သာ ဖြစ်ပါသည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#မှဲ့အညို
#မှဲ့ရှင်
#မှဲ့အစိမ်း
#မှဲ့အဝါ
#မှဲ့အနက်

Some text some message..