
တနင်္ဂနွေ - ဒီနေ့မှာ အတူနေမိသားစုချင်းတွေနဲ့ ဖြစ်စေ၊ အကြီးအကဲနဲ့ ဖြစ်စေ အချင်းများစရာတွေ ဖြစ်တတ်ပြီး အိမ်ပူအိမ်ဆူ ဖြစ်ရတတ်တယ်။ အဆူပူခံရ၊ အငေါက်ခံရတာတွေ ဖြစ်တတ်ပြီး လူရင်းတွေနဲ့လည်း စကားများရ ငြင်းခုံရတတ်တယ်။ အလုပ်အကိုင်ကံလေး မဆိုးပေမယ့် လုပ်ရကိုင်ရတာ ခက်ခဲပြီး တာဝန်ပိုတွေ ထမ်းရမယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ကိစ္စတွေမှာ အမှားအယွင်း ဖြစ်တတ်တယ်။ ချစ်မေတ္တာကံတော့ ကောင်းမွန်နေလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ မီးအလင်း ပူဇော်ပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၂ နဲ့ ၅၉ ဖြစ်ပြီး အပြာနဲ့ အဖြူရောင်တွေကို အဆောင်အဖြစ် အသုံးပြုဝတ်ဆင်နိုင်တယ်။
သင့်
တနင်္လာ - စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာတွေ ကြုံရတတ်တဲ့နေ့ ဖြစ်တယ်။ အရင်က ကိုယ့်အပေါ် အမြင်မကြည်သူတွေက ဖက်လှဲတကင်း ဖြစ်လာတတ်တယ်။ အများကြားမှာ စန်းပွင့်နေတတ်ပြီး ဘာလုပ်လုပ် တင့်တယ်နေမယ်။ အလုပ်အကိုင်တွေလည်း အဆင်ပြေမယ့်နေ့ ဖြစ်တယ်။ ငွေကြေးကိစ္စမှာ စိတ်ချမ်းသာမယ်။ သူတပါးကြောင့် အာရုံနောက်ရလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ နားလည်မှု လွဲတာလေးတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ မိခင် (သို့) အဒေါ်ကို စားချင်တာ ကျွေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၆၆ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ ပန်းရောင်ဖြစ်တယ်။
ကောင်း
အင်္ဂါ - အကောင်းအဆိုးလေးတွေ ရောထွေးတတ်တဲ့နေ့ ဖြစ်တယ်။ ကိုယ်တိုင်က အေးအေးလူလူ နေပေမယ့် မပတ်သက်လို့ မရတဲ့အပူသောကတွေက ကိုယ့်ဆီ လာကူးစက်တတ်တယ်။ တစ်နေ့တာ အစီအစဉ်တွေလည်း ကမောက်ကမ ဖြစ်တတ်တယ်။ အလုပ်နဲ့ ငွေကြေးပိုင်းမှာ ရည်ရွယ်သလို မဖြစ်ဘဲ ထစ်ငေ့ါကြန့်ကြာလိမ့်မယ်။ ငွေကုန်ပေါက်တွေလည်း အရမ်း များလာနိုင်တယ်။ ချစ်ရေးချစ်ရာပိုင်းမှာ မကြာခဏ စိတ်ရှုပ်နေရတတ်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့တစ်ခွက် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ နက်ပြာရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၃၀ နဲ့ ၇၇ ပဲ ဖြစ်တယ်။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - နေလို့ထိုင်လို့ မကောင်းသလို ခံစားရမယ်။ ခေါင်းထဲ မကြည်၊ စိတ်ကလည်း လေးနေတာမျိုး ဖြစ်မယ်။ ဒီနေ့ အလုပ်အကိုင်ကိစ္စမှာ အတိုက်အခံ များမယ်။ အများနဲ့ တစ်ယောက် ကန့်လန့်တိုက်ရတာတွေ ရှိလာမယ်။ စီးပွားရေးမှာ အရဲစွန့် လုပ်ကြည့်တာတွေ ဒီနေ့မှာ ရှောင်ပါ။ ကိုယ့်ဘက်က အဆုံးအရှုံး များနိုင်တယ်။ ငွေကြေး အဆင်ပြေဖို့ ရှိပေမယ့် စိတ်ညစ်ပြီးမှ ရမယ်။ မေတ္တာရေးမှာ ကံကောင်းပေမယ့် မပြတ်မသားနဲ့ တွေးရခက်မယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးတွေ လုပ်ပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၉ နဲ့ ၃၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါရောင်ပဲ ဖြစ်တယ်။
ညံ့
ရာဟု - နောက်ကြောင်းမအေးစရာတွေ ပြန်ပေါ်လာတတ်တယ်။ လိုအင်ဆန္ဒတွေက တေ့လွဲတွေ ဖြစ်လာမယ်။ ပြဿနာဟောင်းတွေ ပြန်ရှင်းရတတ်ပြီး အမှုကိစ္စဟောင်းတွေကြောင့် ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းလိမ့်မယ်။ အလုပ်မှာ ကိုယ့်လုပ်ကွက်ကို သူများက ဝင်ယူတတ်တယ်။ လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်တွေ များမယ်။ ငွေလည်း အရနည်းပြီး စကားပါ များရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံကောင်းတတ်တယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို ရွှေရင်အေးမုန့် ကျွေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဝါနဲ့ အဖြူတွေ ဖြစ်ပြီး အကျိုးပေးဂဏန်းတွေကတော့ ၅၅ နဲ့ ၉၉ ဖြစ်တယ်။
ညံ့
ကြာသပတေး - အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးမှာ ကံတွေ ကောင်းနေတတ်တယ်။ တစ်နေ့တာအတွင်းမှာ လုပ်ငန်းစီးပွားအတွက် အာရုံစိုက်၊ ကြိုးစားရတာမျိုး ဖြစ်လာမယ်။ ရပ်ဝေးကနေ အဆက်အသွယ်ကောင်းတွေပါ ရရှိတတ်တယ်။ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်မယ်။ မိသားစုထဲမှာလည်း ဝမ်းသာစရာတွေ ကြားရမယ်။ သူများကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်ရတာတွေ ဖြစ်မယ်။ ချစ်မေတ္တာရေးမှာ စန်းပွင့်ပြီး ပျော်ရွှင်ရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ စပယ်ပန်းလေးတွေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၆ နဲ့ ၃၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ပန်းရောင်နဲ့ ခရမ်းရောင် ဖြစ်တယ်။
ကောင်း
သောကြာ - မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတတ်တယ်။ အများနဲ့ကိုယ်နဲ့ကြား အမြင်မတူတာတွေ များနေတတ်တယ်။ ဒါပေမယ့် အလုပ်အကိုင်ကံလေးတော့ ကောင်းမယ်။ လုပ်ငန်းခွင်မှာ သူများထက် နှာတစ်ဖျားမက သာလိမ့်မယ်။ အလုပ်သစ် လျှောက်တာ၊ ရှာတာတွေမှာလည်း ကံကောင်းမယ်။ ငွေဝင်ပေမယ့် ပြန်ကုန်လွယ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အချင်းချင်း စိတ်ဝမ်းကွဲတတ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နန်းကြီးသုပ်တစ်ပွဲ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၀ နဲ့ ၅၇ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အပြာဖျော့နဲ့ အပြာရင့်ရောင် ဖြစ်တယ်။
သင့်
စနေ - တစ်နေ့တာအတွင်း ကိုယ့်ဖာသာ တစ်ကိုယ်တော် နေနိုင်သမျှ နေတာ ကောင်းမယ်။ အစုအဖွဲ့တွေကြား သွားရောမိရင် စိတ်တိုင်းမကျ ဖြစ်ရတတ်တယ်။ ကိုယ့်ကိုမှ ကွက်ပြီး အမြင်မကြည်တာလည်း ခံရတတ်တယ်။ အလုပ်တွေက ကြံစည်လိုက် ပျက်လိုက် ဖြစ်နေမယ်။ အခက်အခဲတွေ ရှိပေမယ့် သည်းခံကြိုးစားလိုက်ရင်တော့ အဆင်ပြေသွားမယ်။ ငွေအဝင်အထွက် မြန်ဆန်နေတတ်တယ်။ မေတ္တာရေးမှာ ဘေးလူတွေ သတိထားရမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒိန်ချဉ်တစ်ခွက် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ကော်ဖီရောင်နဲ့ မဲနယ်ရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၉၇ နဲ့ ၂၀ ဖြစ်တယ်။
သင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope