လိုရာဆန္ဒတွေ ပြည့်ပြီး ကောင်းကျိုးတွေရရှိစေမယ့် ယတြာ
lotaya.mpt.com.mm
|
2023-11-10

မိမိတို့ရဲ့ ဘ၀တစ်လျှောက်ဖြတ်သန်းတဲ့အခါမှာ အဖက်ဖက်ကနေပြီး အဆင်ပြေအောင် လိုရာဆန္ဒတွေ ပြည့်ပြီး ကောင်းကျိုးတွေ ရရှိအောင် ဆောင်ရွက်ရမယ့် လစဉ် ကောင်းကျိုးဝေဖြာ ယတြာကို ပြောပြပေးမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကတော့ လစဉ်တစ်လတာမှာ မိမိတို့အိမ်တွင် ဆွမ်းတော်ကပ်တယ် ၊ ပန်းကပ်တယ် ၊ ရေချမ်းကပ်တယ် နေ့စဉ်ဘုရားရှိခိုးတယ် စသဖြင့် ဒီလိုနေ့စဉ် ဆောင်ရွက်ကြပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ တဖက်တလှမ်းကနေပြီး လောကီကိစ္စအတွက် ပြီးစီးအောင် လောကီယတြာအနေနဲ့လည်းပါအောင် လုပ်ကိုင်မယ့် ဆောင်ရွက်မယ့်ကိစ္စလေးတွေကို တင်ပြပေးခြင်း ဖြစ်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုရင် ဥပ္ပါတသန္တိ ဘုရားမှာ မြောက်အရပ်ကို မျက်နှာမူပြီး ပူတင်းဆွမ်းကပ်ပြီးတော့ ပထဝီဇယ မန္တာန်ကို (၉) ရွတ်ရမှာ ဖြစ်ပါတယ်။ တချို့ကျတော့လည်း ဥပ္ပါတသန္တိ ဘုရားနဲ့ မနီးဘူး ၊ မရှိဘူး ၊ ဝေးနေတယ်ဆိုရင်တော့ ဓာတ်ပုံကိုရည်မှန်းပြီးတော့လည်းဘဲ ကပ်လှူနိုင်ပါတယ်။ ဒါမှမဟုတ် ဓာတ်ပုံလည်း မရှိဘူးဆိုရင် ဥပ္ပါတသန္တိ ဘုရားကို ရည်မှန်းပြီးတော့ ကပ်လှူနိုင်ပါတယ်။

ပထဝီဇယ မန္တာန်ဂါထာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ပထဝီဇယ မန္တာန်ဂါထာတော်

၁။ ပထဝီ ဇယံ သဗ္ဗံ ၊ အနေက အန္တရာယိကံ။

ဇယံ ပစ္စေကဗုဒ္ဓါ စ ၊ ဇယံ ပရိ မဟေသယော။

၂။ ဇယံ ဟရော ဟရိဒေဝေါ ၊ ဇယံ ဗြဟ္မာ ဓတရဋ္ဌော။

ဇယံ နာဂေါ စ ဝိရူဠော ၊ ဝိရုပက္ခော စ စန္ဒိမာ။

၃။ ဝိဣန္ဒော ဝေနေယျော စ ၊ ကုဝေရော ဝရုဏော ပိစ။

အဂ္ဂိ ဝါရဏော ပဇ္ဇုန္နော ၊ ကုမာရော စတုပါလကော။

၄။ အဋ္ဌာရသ မဟာဒေဝါ ၊ သုခီတာ စ ပသိဒ္ဓိယော။

အသီတိ မဟာသာဝကာ ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။

၅။ ဇေယျာ ဓမ္မော စ သံဃော စ ၊ ဒသဗလော စ ဇေယျကော။

ဧတေန သစ္စဝဇ္ဇေန ၊ ဇေယျာ သုခီ ဘဝန္တု မေ။

၆။ နရာ ဒေဝါ စ ဗြဟ္မာနော ၊ ယက္ခာ နာဂါ စ ဂရုဠာ။

တေပိ ဒိသွာ ပိယာ မယံှ ၊ ပုတ္တံ မမေ၀ သိနေဟာ။

၇။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ ၊ အရဟာ အဂ္ဂသာဝကာ။

သမ္ဗေ ကရောန္တု မေ မေတ္တံ ၊ သဗ္ဗေ တိဋ္ဌန္တု မတ္ထကေ။

၈။ တေသံ မေတ္တာနုဘာဝေန ၊ သဗ္ဗေ ရောဂါ သုသီတလာ။

သဗ္ဗေ ဘယာ ဝိနဿန္တု ၊ သဗ္ဗေ နဿန္တု ပဒ္ဒဝါ။

၉။ ဣမသ္မိံ စက္ကဝါဠေ စ ၊ ဗဟူ အနန္တ ပါဏိနော။

အနန္တ စက္ကဝါဠေ စ ၊ ဗဟူ အနန္တ ပါဏိနော။

၁၀။ ဣမေ သတ္တာ အဝေရာ စ ၊ အညမညံ ပိယာ ဟောန္တု။

ဣမေ သတ္တာ အဝေရာ စ ၊ အညမညံ သုခါ ဟောန္တု။

၁၁။ နေရယိကာ တိရစ္ဆာနာ ၊ ပေတာ အသုရကာ ယမာ။

ဣမေ သဗ္ဗေ ယထာ သတ္တာ ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။

၁၂။ ဒသကောဋိ ဒကဇာ စ ၊ ထ လဇာ နဝကောဋိယော။

သံသေဒဇောပပါတိကာ ၊ ဒီဃာယုကာ ဘဝန္တုတေ။

၁၃။ ဥဒ္ဓံ ယာ၀ ဘဝဂ္ဂါ စ ၊ အဓော ယာ၀ အဝီစိတော။

သမန္တာ စက္ကဝါဠောသု ၊ ယေ သတ္တာ ပထဝီစရာ။

၁၄။ အဗျာပဇ္ဇာ နိဝေရာ စ ၊ နိဒ္ဒုက္ခာ စ နုပ္ပဒ္ဒဝါ။

သဗ္ဗေ သတ္တာ အဝေရာ စ ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပထဝီဇယံမန္တံ နိဋ္ဌိတံ။

ပထဝီဇယံမန္တံ ဂါထာကို (၉) ခေါက်ရွတ်ဖတ်ပြီးတော့ ပူဇော်ရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ပါက မိမိတို့ လစဉ်လစဉ် ပြုလုပ်တဲ့ ယတြာအစီအစဉ်မှာ တစ်လတာကာလအတွင်း အဖက်ဖက်ကနေပြီးတော့ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ ပညာရေး စသဖြင့် လိုရာဆန္ဒတွေပြည့်ပြီးတော့ ကောင်းကျိုးအဖြာဖြာ ပြည့်စုံနိုင်ရန်အတွက် အခုလိုကျပ်တည်းတဲ့ကာလမှာ ကောင်းကျိုးဝေဖြာ ယတြာအစီအစဉ်လေးတွေကို တင်ပြပေးလိုက်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ကျန်းမာရေး
#ယတြာ
#လူမှုရေး
#စီးပွားရေး
#ဘုရား

Some text some message..