
တနင်္ဂနွေ - ဒီနေ့ကတော့ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာ အဆင်မပြေမှုတွေ များလာနိုင်တယ်။ တစ်နေ့တာ ကံဇာတာက အညံ့ကြီး မဟုတ်ပေမယ့် ကိုယ့်စိတ်တိုင်းကျ မဟုတ်ဘဲ အခြေအနေ၊ အချိန်အခါနဲ့ လုပ်ရတာမျိုး ဖြစ်နေမယ်။ ကျန်းမာရေး သတိပြုရမယ်။ ရောဂါ၊ ဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ မိတ်ဆွေတွေနဲ့ အထင်လွဲပြီး စကားများရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကောင်းအဆိုးတွေ ဖြစ်ပေါ်လိမ့်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို ဆန်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၆ နဲ့ ၁၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ အပြာရောင်တွေ ဖြစ်တယ်။
ညံ့
တနင်္လာ - တစ်နေ့လုံးမှာ စိတ်ထင်ရာ လျှောက်လုပ်မိတတ်ပြီး ထစ်ခနဲရှိ ဒေါသထွက်လွယ်၊ ပေါက်ကွဲလွယ်တာ ဖြစ်နေလိမ့်မယ်။ အကြီးအကဲတွေနဲ့ နားလည်မှု လွဲတတ်ပြီး ပြဿနာဟောင်းတွေက ပြန်ပေါ်လာတတ်တယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာ၊ ငွေကြေးကိစ္စတွေကတော့ အတော်အသင့် အဆင်ပြေမယ်။ ငွေဝင်လမ်းပါ ပေါ်လာတတ်တယ်။ ဥပဒေပြင်ပကိစ္စတွေတော့ ရှောင်ရမယ်။ မေတ္တာရေးမှာ စန်းပွင့်ပြီး ဇာတာတက်နေမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကန်စွန်းညွှန့်တွေ ကပ်ရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ ကြက်သွေးရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၉၃ နဲ့ ၂၂ ဖြစ်တယ်။
သင့်
အင်္ဂါ - ဒီနေ့မှာတော့ အလုပ်အကိုင်ရေး၊ ငွေရေးကြေးရေးမှာ စိတ်ချမ်းသာမှု ရမယ်။ အလုပ်ရှာနေသူတွေဆို အလုပ်ရလွယ်တတ်တယ်။ အလုပ်ထဲကလူတွေဆိုရင် အခွင့်အလမ်းကောင်းတွေ မြင်ရမယ်။ ဒီထက်ကောင်းတဲ့ လမ်းစတွေ ပေါ်လာနိုင်တယ်။ အကူအညီကောင်းတွေလည်း ရရှိလိမ့်မယ်။ ကိုယ်ကြိုးစားထားတာတွေလည်း ဖြစ်မြောက်ခွင့် ရှိမယ်။ မိသားစုထဲမှာ စိတ်ညစ်စရာ များမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာပါ စိတ်ညစ်ရမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ စမူဆာ ၇ ခု ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၁ နဲ့ ၃၄ ဖြစ်ပြီး စိမ်းပြာနဲ့ အနီရင့်ရင့်တွေကို အဆောင်အဖြစ် ဝတ်ဆင်ပေးသင့်တယ်။
ကောင်း
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ကိုယ့်အလုပ်၊ ကိုယ့်အသက်မွေးဝမ်းကျောင်းအတွက် အလေးထားရမယ့်နေ့ ဖြစ်တယ်။ အလုပ်တချို့ မပြေမလည် ဖြစ်တတ်ပြီး ရည်ရွယ်သလို မဖြစ်ဘဲ ပျက်သွားတတ်တယ်။ အများနဲ့ ပတ်သက်တဲ့အလုပ်တွေပါ ကမောက်ကမ ဖြစ်ကုန်တတ်တယ်။ ငွေကြေးပိုင်းမှာ ဟိုလိုလို၊ ဒီလိုလိုတွေ ဖြစ်နေမယ်။ အပျောက်အရှတွေ သတိထားရမယ်။ မိသားစုဆီက အကူအညီတော့ ရလိမ့်မယ်။ ချစ်ရေးချစ်ရာကိစ္စမှာ ဆူဆူပူပူတွေ ဖြစ်နေမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်ရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အစိမ်းနုနဲ့ အဖြူဆွတ်ဆွတ် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၄၄ နဲ့ ၃၅ ဖြစ်တယ်။
ကောင်း
ရာဟု - အလုပ်အကိုင်၊ စီးပွားရေးမှာ ကျောက်ခဲရေပေါ်သလို အခြေအနေကောင်းတွေ ဖြစ်ပေါ်လာတတ်တယ်။ ရင်းနှီးမြှုပ်နှံထားတဲ့၊ ကြိုးစားထားတဲ့ အလုပ်တွေ အကောင်အထည် ပေါ်လာလိမ့်မယ်။ လုပ်ချင်တာ ဖြစ်ချင်တာ အတော်များများကိုလည်း စိတ်တိုင်းကျ လုပ်လာနိုင်မယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ဆုံပြီး အကျိုးရှိမယ့် အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်မယ်။ နှလုံးသားရေးမှာ စိတ်ညစ်လိုက် ပျော်ရလိုက်နဲ့ ဖြစ်မယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့ကလေးတွေကို ရေခဲမုန့် ကျွေးရမယ်။ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၈၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ ငွေရောင်တွေ ဖြစ်တယ်။
ကောင်း
ကြာသပတေး - ကံခေတတ်တဲ့နေ့ ဖြစ်လို့ တစ်နေ့တာကြံစည်အားထုတ်သမျှတွေ အလဟဿ ဖြစ်တတ်တယ်။ ဘာမဆို ကိုယ့်ဘက်က ဘယ်လောက်ပဲ ကြိုးစားပါစေ၊ ရလဒ်အဖြေက မကောင်းဘဲ ဖြစ်နေမယ်။ သူများကိစ္စ၊ သူများအပူတွေထဲ ကြားဝင်ပါမိတတ်တယ်။ အထင်လွဲအမြင်လွဲတာတွေလည်း ခံရတတ်တယ်။ အလုပ်ကိစ္စနဲ့ ငွေကြေးကိစ္စတွေမှာ လိုရင်းမရောက်ဘဲ ဝေ့လည်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ ကံကောင်းမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားကျောင်းဆောင်ကို သန့်ရှင်းပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ငွေရောင်နဲ့ နီညိုရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းတွေက ၆၉ နဲ့ ၂၆ ဖြစ်တယ်။
ညံ့
သောကြာ - စိတ်ထဲ မတင်မကျတွေ များပြီး ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘဲ ဖြစ်နေတတ်တယ်။ တစ်နေ့တာလုံးမှာ လုပ်စရာကိုင်စရာတွေက တစ်ပိုင်းတစ်စနဲ့ ဖြစ်ကျန်တတ်ပြီး ကြံစည်လုပ်ဆောင်သမျှတွေ လွဲချော်မှားယွင်းတတ်တယ်။ ကိုယ်တိုင်က မပြတ်မသားနဲ့ အတွေးများနေတတ်တယ်။ အလုပ်အကိုင်ကံဇာတာ အတော်အသင့် ကောင်းမယ်။ ငွေလည်း ဝင်လိမ့်မယ်။ မေတ္တာရေးမှာတော့ ကတောက်ကဆတွေ ဖြစ်နေမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒိန်ချဉ် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၃, ၄၀ ဖြစ်ပြီး ကတ္တီပါရောင်နဲ့ ကျောက်စိမ်းရောင်ကို အဆောင်အဖြစ် သုံးနိုင်တယ်။
သင့်
စနေ - မိတ်ဆွေ၊ အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်မိမယ်။ ဝေးကွာနေသူတွေလည်း ပြန်ဆုံရတတ်တယ်။ ဘာသာရေး၊ အလှူအတန်းကိစ္စတွေမှာ ပါဝင်ရတတ်တယ်။ လုပ်ချင်တာတချို့ကိုတော့ မလုပ်ဖြစ်ဘဲ အချိန်တွေ ကုန်သွားတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးတွေ နည်းနည်း ကျပ်မယ်။ တချို့ကိစ္စတွေလည်း သူ့ဟာနဲ့သူ အဆင်ပြေမှု ရသွားတတ်တယ်။ ငွေဝင်ပေမယ့် စောင့်ရမယ်။ မေတ္တာရေးမှာ ဘေးလူတွေကို သတိထားရမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ထောပတ်သီးဖျော်ရည် ကပ်ရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၄၇ နဲ့ ၄၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်ကတော့ အနက်နဲ့ စိမ်းနုရောင် ဖြစ်တယ်။
သင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope