
တနင်္ဂနွေ - ဒီနေ့ကတော့ စိတ်သောကဖြစ်စရာလေး တချို့က လွဲရင် အားလုံး အဆင်ပြေလွယ်ကူမယ့်နေ့မျိုး ဖြစ်တယ်။ ဘယ်ကိစ္စမဆို ကိုယ်တိုင်ကြိုးစားဆောင်ရွက်ရင် အောင်မြင်တာ များမယ်။ အကြီးအကဲတွေဆီက ကူညီပံ့ပိုးမှုတွေ ရတတ်တယ်။ ဒါပေမယ့် အောက်လက်ငယ်သား (သို့) အတိုက်အခိုက်တွေကြောင့် စိတ်ညစ်ရ ဒေါသထွက်ရတာတော့ ရှိမယ်။ လုပ်ငန်းစီးပွားကံ သင့်တယ်။ ချစ်မေတ္တာရေးမှာ တကျက်ကျက် ဖြစ်လိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန်ဖြစ်တယ်။ ဘုရားမှာ အုန်းထမင်း ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အနီရောင်နဲ့ အဝါရင့်ရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၁၁ နဲ့ ၁၆ ဖြစ်တယ်။
သင့်
တနင်္လာ - တစ်နေ့တာအတွင်း မကြာခဏ စိတ်ဓာတ် တက်လွယ်၊ ကျလွယ် ဖြစ်နေမယ်။ စိတ်အပြောင်းအလဲ မြန်ဆန်နေတတ်တယ်။ အခုအကောင်း၊ တော်ကြာနေအဆိုး အမျိုးမျိုး ဖြစ်နေလိမ့်မယ်။ ခရီးအသွားအလာတွေ ပျက်တတ်တယ်။ ယာဉ်၊ ကားကိစ္စနဲ့ စိတ်ညစ်ရတတ်တယ်။ သူများပြဿနာတွေထဲ အချောင်ပါမိတတ်တယ်။ အလုပ်ကိစ္စမှာ စိတ်ပူပန်စရာ ဖြစ်မယ်။ ကြီးကဲသူက ငြိုငြင်မယ်။ မေတ္တာရေးကံလေးတော့ ကောင်းလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို အစာကျွေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၆ နဲ့ ၁၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်ကတော့ အနက်နဲ့ ပန်းရောင် ဖြစ်တယ်။
သင့်
အင်္ဂါ - ဒီတစ်နေ့တာမှာ အလိုမကျစရာတွေ ခဏခဏ ဖြစ်တတ်တယ်။ ဘယ်အရာကိုမှ စိတ်တိုင်းမကျသလိုပဲ ဘာလုပ်လုပ် အနှောင့်အသွား မလွတ်တာ၊ လက်စမသတ်နိုင်တာတွေ ဖြစ်နေမယ်။ စိတ်ကူးအကြံအစည်တွေ များသလောက် လက်တွေ့ လုပ်ဖြစ်တာ နည်းမယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာ အခက်အခဲတွေ ဖြစ်ပြီးမှသာ အဆင်ပြေသွားတတ်တယ်။ ကြီးကဲသူနဲ့ အတိုက်အခံ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အညံ့ ရှိနိုင်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ထန်းလျက်ခဲအချိုပွဲ ကပ်လှူရမယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနုရောင်နဲ့ အဝါရင့်ရင့် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၃၈ နဲ့ ၇၄ ပဲ ဖြစ်တယ်။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - တစ်နေ့လုံးမှာ စိတ်ရှုပ်စရာ၊ စိတ်ကျဉ်းကျပ်စရာတွေ မကြာခဏ ခံစားရတတ်တယ်။ လူမှုရေးပိုင်းမှာ ကိုယ့်အပေါ် ကောင်းတဲ့သူတွေနဲ့ချည်း ကြုံရတတ်တယ်။ မိတ်ဆွေ၊ အဆက်အသွယ်တွေကြောင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရတတ်တယ်။ အလုပ်အကိုင်၊ ငွေကြေးပိုင်းမှာတော့ စိတ်ပျက်စရာတွေ ဖြစ်ပွားတတ်တယ်။ ငွေရဖို့ အတော်လေး ကြိုးစားရတတ်တယ်။ အလုပ် ပျက်တတ်တယ်။ မေတ္တာရေးမှာလည်း ကံခေတတ်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၄ နဲ့ ၄၈ ဖြစ်ပြီး အနီရောင်နဲ့ အစိမ်းတောက်တောက်ကို အဆောင်အဖြစ် ပြုနိုင်တယ်။
သင့်
ရာဟု - မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကောင်းကျိုးကို ခံစားရမယ်။ စောင့်မျှော်နေတဲ့ကိစ္စတွေ ဖြစ်မြောက်လာမယ်။ ရပ်နီးရပ်ဝေးက သတင်းကောင်းတွေ ကြားသိရလိမ့်မယ်။ အလုပ်ကိစ္စတွေကတော့ ထင်သလို ဖြစ်မလာသေးဘဲ သည်းခံ စောင့်ဆိုင်းရမယ်။ ငွေကြေးအတွက် ရတက်မအေး ဖြစ်မယ်။ အလုပ်ပြောင်းချင်စိတ်တွေ ဖြစ်နေမယ်။ ပြဿနဟောင်းတချို့ ပြန်ရှင်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘေးလူတွေကို သတိထားရမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ပေးရမယ်။ ဒီနေ့ ကံကောင်းစေမယ့်အရောင်က စိမ်းပြာရောင်နဲ့ မီးခိုးရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၈၁ နဲ့ ၈၄ ဖြစ်တယ်။
သင့်
ကြာသပတေး - ကံသိပ်မကောင်းတတ်တဲ့နေ့ ဖြစ်လို့ တစ်နေကုန် လုပ်ကိုင်သမျှတွေကို သတိထားသင့်တယ်။ အတွေးမှားအကြံမှားတွေကြောင့် အမှားအယွင်းတွေ လုပ်မိတတ်တယ်။ အပျော်အပါးကိစ္စတွေ ရှောင်ရမယ်။ မဟုတ်ရင် ကိုယ့်ကို နစ်နာစေတတ်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာလည်း အတိုက်အခိုက်တွေ ပေါမယ်။ စိတ်သောကတွေ ရောက်ရလိမ့်မယ်။ မိတ်ဆွေတွေကတော့ ကူညီမယ်။ နှလုံးသားရေးမှာ အာရုံများနေရမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သီလရှင်ဆရာလေးတွေကို ငွေလှူပေးရမယ်။ အကျိုးပေးဂဏန်းက ၆၃ နဲ့ ၅၅ ဖြစ်ပြီး အနီဖျော့နဲ့ ခရမ်းပြာရောင်တွေကို အဆောင်အဖြစ် ဝတ်ဆင်နိုင်တယ်။
ညံ့
သောကြာ - လုပ်စရာတွေ များပြီး ပျာယာခတ်တတ်တဲ့နေ့ ဖြစ်တယ်။ ကိုယ်အကျိုးစီးပွားထက် သူများကိစ္စတွေ ဝင်လုပ်ပေးနေရတာ များမယ်။ ကိုယ့်အတွက်သာမကဘဲ သူတပါးအတွက်ပါ ပူပန်ရတတ်တယ်။ စိတ်ရောလူပါ အနားမနေရဘဲ အသည်းအသန် အပြေးအလွှားတွေ ဖြစ်တတ်တယ်။ အလုပ်အကိုင်တွေတော့ ကောင်းမယ်။ ငွေလည်း ဝင်လိမ့်မယ်။ လာဘ်လာဘ ရွှင်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်စရာ ဖြစ်နေမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နန်းကြီးသုပ် ကပ်လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အပြာနုနဲ့ အနက်ရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းကတော့ ၆၀ နဲ့ ၇၇ ဖြစ်တယ်။
သင့်
စနေ - ကာလအတော်ကြာ စောင့်စားနေတဲ့ကိစ္စလေးတွေ အောင်မြင်တတ်တယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း ဖြစ်ထွန်းမယ်။ ငွေကြေးစီးပွားကံတွေ တက်လာမယ့်နေ့ ဖြစ်တယ်။ ငွေပေးငွေယူကိစ္စတွေ လွယ်ကူလာမယ်။ ကြီးကဲသူ၊ သြဇာရှိသူတွေက ကူညီမစမယ်။ ကိုယ့်ကိုလည်း မျက်နှာသာပေးလာတတ်တယ်။ နိုင်ငံရပ်ခြားနဲ့ ရပ်ဝေးကိစ္စတွေ အဆင်ပြေသွားမယ်။ နာမည်ကောင်းရတတ်တယ်။ မေတ္တာရေးမှာတော့ စိတ်ညစ်ရလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေထီးအသေးတစ်လက် လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၁ နဲ့ ၀၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနီရောင်နဲ့ နက်ပြာတွေ ဖြစ်တယ်။
ကောင်း
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope