နှလုံးလမ်းကြောင်း၏ စတင်ပုံနှင့် အဆုံးသတ်မှုများ
lotaya.mpt.com.mm
|
2023-11-28

နှလုံးလမ်းကြောင်း စတင်ရာတွင် အနောက်တိုင်းအယူအဆအရ လက်ညှိုးဘက်ကြာသပတေးဂြိုဟ်ခုံမှ စတင်သည်ဟု ဖော်ပြကြသည်။ အရှေ့တိုင်းအယူအဆရ လက်ဝါးစောင်းဘက်မှ စတင်သည်ဟု ဖော်ပြကြသည်။

၁။ အိမ်ထောင်ဖက်နှင့် ခိုက်ရန်ဒေါသဖြစ်တတ်သည်။ ကြီးစွာသောရန်သူကို ဖြစ်ပွားစေသည်။ သေကွဲရှင်ကွဲ ကွဲတတ်သည်။

၂။ အချစ်ကြီး အမျက်ကြီးတတ်သည်။ အချစ်ကိစ္စ၊ သံယောဇဉ်ကိစ္စနှင့် ပတ်သက်ပြီး လွန်ကဲတတ်သည်။ ချစ်သူအပေါ် တစ်ယောက်တည်း ချစ်လိုခြင်း၊ အချစ်ကိစ္စ ဆင်ကန်းတောတိုး ကမူးရှူးထိုးလုပ်တတ်သည်။

၃။ မျှတသောအချစ် မေတ္တာတရားကို လက်ကိုင်ထား၍ အချစ်ရေးအိမ်ထောင်ရေး သာယာသော ဘဝရရှိသည်။

၄။ တည်ငြိမ်မှုသမာဓိရှိမှု၊ စိတ်ကူးယဉ်မာနထောင်လွှားမှုရှိမည်။ စနေဂြိုဟ်ခုံအလယ်ပိုမို နည်းကပ်စွာရှိလျှင် အချစ်ကိစ္စ ပွင့်ပွင့်လင်းလင်းမရှိဘဲ လျှို့ဝှက်သိုသိပ်စွာထားမည်။ အချစ်ရေးအနစ်အနာခံတတ်မည်။

၅။ စနေဂြိုဟ်ခုံဘက်သို့ ဆက်နွယ်နေလျှင် တစ်ကိုယ်ကောင်းဆန်၊ မနာလို ဝန်တိုစိတ်ရှိမည်။ မိမိချစ်သူ၊ လုပ်ဖော်ကိုင်ဖက်အပေါ် အပြစ်ရှိပါက ခွင့်မလွှတ်တတ်သူဖြစ်မည်။ သူတစ်ပါးအပေါ်မှာ အပြစ်တင်လွယ်ခြင်း၊ ပွင့်လင်းစွာ မရှိခြင်း၊ ကြင်နာသနားမှုနည်းပါးခြင်း၊ တကိုယ်ကောင်းစိတ်ရှိတတ်ခြင်း၊ အောင်မြင်တိုးတက်မှုအတွက် အနားမနေလုပ်ဆောင်တတ်သူဖြစ်မည်။

လက္ခဏာ ဝါသနာရှင်တွေအနေနဲ့ ကိုယ့်လက်ဖဝါးပေါ်မှာ အထက်ပါလမ်းကြောင်းနဲ့ သင်္ကတွေ ပါလာရင် နှလုံးလမ်းကြောင်းရဲ့ သဘောသဘာ၀တွေကို သိနိုင်မှာ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အချစ်ရေး
#လက္ခဏာ
#အိမ်ထောင်ရေး
#လက်ဖဝါး
#စနေဂြိုဟ်

Some text some message..