
တချို့ မပြေလည်လို့. တစ်ခြားသူဆီက. အကြွေး ယူထားပြီး မပြေလည်တော့ ပြန်မဆပ်နိူင်ကြဘူး။ အကြွေးပြန်ဆပ်ဖို့ မိမိစားဝတ်နေရေးကြောင့် လတ်တလောပြန်မဆပ်နိုင်တာမျိုးတွေ ငွေကြေးကံမှေးမှိန်နေတာမျိုးတွေမှာ အခုယတြာကို ပြုလုပ်သင့်ပါတယ်။
ဒီလို အကြွေးငွေ ပြန်မဆပ်နိူင်တာဟာ ငွေကံပျက်နေလို့ ငွေကံပျက်တာဟာ အင်္ဂါ၊ ဗုဒ္ဓဟူး သက်ရောက်တွေ မှာ ဖြစ်လေ့ ရှိပါတယ်။ စနေသက်ရောက်တွေမှာလည်း ဖြစ်လေ့ ရှိပါတယ်။
တနင်္ဂနွေ သားသမီးတွေဆို ၂၇. ၂၈. ၃၅. ၃၆. ၄၃. ၄၄. ၅၁. ၅၂. ၅၉. ၆၀
တနင်္လာသားသမီးတွေဆို ၂၆. ၂၇. ၃၄. ၃၅. ၄၂. ၄၃. ၅၀. ၅၁.
အင်္ဂါသားသမီးတွေ ဆို ၂၅. ၂၆. ၃၃. ၃၄. ၄၁. ၄၂. ၄၄. ၄၉. ၅၀. ၅၂.
ဗုဒ္ဓဟူး ၂၄. ၂၅. ၂၇. ၃၂. ၃၃. ၃၅. ၄၀. ၄၁. ၄၃. ၄၈. ၄၉. ၅၀.
ကြာသပတေး သားသမီး ၃၀. ၃၁. ၃၃. ၃၈. ၃၉. ၄၁. ၄၆. ၄၇. ၄၉. ၅၄.
သောကြာသားသမီး တွေဆို ၂၈. ၂၉. ၃၁. ၃၆. ၃၇. ၃၉. ၄၄. ၄၅. ၄၇. ၅၂. ၅၃
စနေသားသမီး ၃၁. ၃၂. ၃၄. ၃၉. ၄၀. ၄၂. ၄၇. ၄၈. ၅၀.
အဲဒီ သက်ရောက် တစ်ခုခုမှာ ငွေကြွေး ဒုက္ခရောက်လေ့ ရှိပါတယ်။ အဲလို ငွေကံ ပျက်နေပြီဆိုရင် အခုပြောပြမယ့် ယတြာတွေကို ပြုလုပ်ခြင်းအားဖြင့် ငွေကြေးကံများ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။
ယတြာပြုလုပ်ရမည့် အချိန်တွေကတော့
****************************
တနင်္ဂနွေနေ့ - နေ့လည် ၁း၃၀ မှ ၃း၀၀ ကြား
တနင်္လာနေ့ - နံနက် ၉း၀၀ မှ ၁၀း၃၀ ကြား
အင်္ဂါနေ့ - နေ့လည် ၃း၀၀ မှ ၄း၃၀ ကြား
ဗုဒ္ဓဟူးနေ့ - နံနက် ၁၀း၃၀ မှ ၁၂း၀၀ ကြား
ကြာသပတေးနေ့ - နံနက် ၆း၀၀ မှ ရး၃၀ ကြား
သောကြာနေ့ - နေ့လည် ၁၂း၃၀ မှ ၁း၃၀ ကြား
စနေနေ့. - နံနက် ရး၃၀ မှ ၉း၀၀ ကြား
ဘုရားစေတီတစ်ဆူးဆူး၏ တနင်္လာထောင့်ကနေစပြီး ဂြိုဟ်၈ ခွင် မှာ တနင်္လာနံ့အညွှန့်ပန်းအဖြစ် ကံ့ကော်ညွှန့် (၃)ညွှန့် (သို့) ဂန္ဓမာပန်း (၃) ပွင့် ၊ ကြာဇံကြော် (၃) ပန်းကန် (သို့) ကော်ဖီ (၃) ခွက်၊ ဖယောင်းတိုင် (၃)တိုင်၊ အမွေးတိုင် (၃) တိုင်စီ ကို ဂြိုဟ်၈ ခွင် မှာလှူဒါန်းပါ။
အဲလိုငွေကံပျက်နေချိန်မှာ လမ်းမှာ တွေ့တဲ့ ခါးမကောင်းသူ၊ ခြေမကောင်းသူတွေကို တက်အားသမျှဒါနပြုပါ။
ငါးစာ ကြွေးရမယ်၊ ခွေးစာ ကြွေးရမယ်၊ ငှက်စာ ကြွေးရမယ်။ ဒါက ငွေကံလာအောင် ပြုလုပ်တာ ဖြစ်ပါတယ်။
အထက်ပါ နည်းများအတိုင်း လုပ်ခြင်းဖြင့် သင့်ငွေ ကံပျက်နေချိန်မှာ ငွေကံကောင်းလာမှာ ဖြစ်ပါတယ်။
ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope