
လိုတရ ဣစ္ဆာသယ ဂါထာတော် ( ခေါ် ) ဓနသိဒ္ဓိ ဂါထာတော်
"အရဟံ ဗဟိ အန္တဇယံ
သုဂတံ အ-မိတံ ဝိရဇံ
လလိတံ အ-တုလံ စရဏံ
တိဘဝူပ သမံ ယမကံ။
သုခဒံ သရဏံ ပဏမာမိ ဇိနံ။"
ပုတီးစိပ်နည်း
၁။ ဂါထာ တစ်ပုဒ် ပုတီး တစ်လုံးချနှင့် ပုတီး တစ်ပတ်စိပ်ပါ။ ၃ လ တိတိ စိပ်ပါ။
၂။ မြတ်စွာဘုရား၏ ဂုဏ်တော် ဆယ့်သုံးပါးဖြစ်ပါသည်။
အနက်ကိုသေခြာစွာဖတ်ပြီး အနုလုံ၊ ပဋိလုံ အဖန်တလဲလဲ ဆင်ခြင်ရင်း ပုတီးစိပ်ရမည်။
၃။ စိတ်ပျံ့လွင့်ပြီး ကြက်တူရွေး စာအံသင် သကဲ့သို့ အရေအတွက် ပြည့်အောင်သာ မစိပ်ရပါ။
၄။ ၅ ပါးသီလ ထိန်းရပါမည်။ ၅ ပါးသီလ မလုံပါက မထူးခြားပါ။
(မြန်မာပြန်)
၁။ အရဟံ – ပူဇော် အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၂။ ဗဟိ-အန္တ-ဇယံ – အတွင်း-အပ ရန်ကို အောင်တော် မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၃။ သုဂတံ – ကောင်းသော စကားကို ဟောပြော တတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုး ဗျာဋိဟာ ရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၅။ ဝိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၇။ အတုလံ – အတု မရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၈။ စရဏံ – အကျင့် စရဏနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး ၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၀။ ယမကံ – ရေမီး အစုံအစုံ တန်ခိုး ဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။
၁၁။ သုခဒံ – ချမ်းသာ ကို ပေးစွမ်းနိုင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၁၂။ သရဏံ – ကိုးကွယ် အားထားရာဖြစ်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
၁၃။ ဇိနံ – မာန်ငါးပါး ကိုအောင်မြင်သော မြတ်စွာဘုရား ကို ပဏာမာမိ-ရှိခိုးပါ၏။
မိမိလိုသော ဆု တစ်ခုကိုသာ မပြောင်းမလွဲ တောင်းပါ ပြည့်စုံပါသည် ဆုတွေအများကြီး မတောင်းပါနဲ့။ ကျင့်ကြံအားထုတ်မှုအပေါ် မူတည်၍ ကျင့်ကြံအားကောင်းလျှင် ကောင်းသလို အကျိုးပေးခံစားရမည် ဖြစ်ပါသည်။
ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝကြပါစေ။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope