အောင်မြင်ရေးလမ်းကြောင်း သို့မဟုတ် တနဂ်နွေ (နေမင်း) လမ်းကြောင်း အပိုင်း (၃)
lotaya.mpt.com.mm
|
2024-02-11

လက်ဖဝါးအောက်ခြေမှ တနဂ်နွေဂြိုလ်ခုံသို့ တက်လျက်ရှိသော လမ်းကြောင်းကို အောင်မြင်ရေးလမ်းကြောင်း သို့မဟုတ် တနဂ်နွေ (နေမင်း) လမ်းကြောင်းဟု ခေါ်ဆိုကြသည်။

       နေမင်း၏ ထွန်းလင်းတောက်ပသလို အောင်မြင်ကျော်ကြားကြွယ်ဝမှု ၊ ချမ်းသာကြွယ်ဝမှု ဖန်တီးနိုင်စွမ်း ရှိပါသည်။ အနုပညာဆန်ခြင်း၊ ငွေကြေးကိစ္စများတွင်လည်း အကျိုးပေးကောင်းစေပါသည်။ စိတ်ဆန္ဒ၊ ရည်မှန်းချက်များ၊ ကြိုးစားလုပ်ဆောင်ချက်များ လွယ်ကူစွာ အောင်မြင်မှုရှိပါမည်။

 (၁၀) အောင်မြင်ရေးလမ်းကြောင်းသည် တနဂ်နွေ ဂြိုလ်ခုံတွင် ကြက်ခြေခတ်ဖြင့် အဆုံးသတ်နေရာ လက္ခဏာ ရှင်သည် ဘဝတွင် အောင်မြင်တိုးတတ်ရန် ခဲယဉ်းခြင်း အောင်မြင်ပါကလည်း ပျက်စီး ရှုံးနိမ့် ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်တတ်ပါသည်။

(၁၁) အောင်မြင်ရေးလမ်းကြောင်းသည် ခရင်းခွသဏ္ဍာန် အဆုံးသတ်နေပါက လက္ခဏာရှင်သည် အထူးအောင်မြင် ကျော်စောမည့် ဝင်ငွေကောင်းမည်။ အတတ်ပညာ၊ အသိပညာ နှစ်ခု ပါရမီ အခံပါရှိသော် တစ်ခုခုကို ဇောက်ချမလုပ်တတ်၍ တောင်မရောက် မြောက်မရောက် ဖြစ်နေတတ်သည်။

(၁၂) အောင်မြင်ရေးလမ်းကြောင်းသည် သုံးခွသဏ္ဍာန်အဆုံးသတ်နေပါက လက္ခဏာရှင်သည် စာပေနှင့်ရုပ်ရှင် အနုပညာလောကတွင် အထူးကျော်စောအောင်မြင်မည်။ ပစ္စည်းဉစ္စာ ချမ်းသာကြွယ်ဝမည်။ စိတ်ကူးဉာဏ် ကောင်းမှုကြောင့်လည်း အောင်မြင်မှု ရမည်။

(၁၃) အောင်မြင်ရေးလမ်းကြောင်းသည် ကြယ်သဏ္ဍာန်အမှတ်အသားနှင့် တနဂ်နွေဂြိုလ်ခုံတွင် အဆုံးသတ်သော် အလွန်ကြွယ်ဝချမ်းသာကျော်ကြားမှု ရှိမည်၊၊ စာပေ၊ အနုပညာ ရှင်တို့ လက်တွင်ပါလျှင် အလွန်ကျော်ကြား အောင်မြင်မည်။ ငွေကြေးအလွယ်တကူ ရှာဖွေနိုင်စွမ်းရှိသည်။

(၁၄) အောင်မြင်ရေးလမ်းကြောင်းသည် နှလုံးလမ်းမှထွက်ပေါ်လာသော်အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းသည်။ အိမ်ထောင်ဖက်၊ ဆန့်ကျင်ဘက်လိင်များ ကူညီပံ့ပိုးပေးမှုကြောင့် ဘဝတွင်ကြီးပွားတိုးတတ်ပြီး ငွေကြေးဉစ္စာ ဓနများရမည်။ ဘဝ၏တတိယအရွယ်တွင် ကံကောင်းမှုများ ဖြစ်ပေါ်လာမည်။

(၁၅) အောင်မြင်ရေးလမ်းကြောင်းသည် ဉာဏ်လမ်းကြောင်းမှ ထွက်ပေါ်လာသော် လက္ခဏာရှင်သည် စိတ်ကူးဉာဏ် အထူးကောင်းမွန်ပြီး အကြံအစည်ကောင်းမှုကြောင့်ဘဝတွင် အောင်မြင်မှုများရမည်။ ရည်မှန်းချက်ကြီးများ ပြီးမြောက်အောင်စိတ်ကောလူပါ ကြိုးစားအားထုတ်မှုရှိမည်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အချစ်ရေး
#လက္ခဏာ
#အိမ်ထောင်ရေး
#လက်ဖဝါး
#ဉာဏ်လမ်းကြောင်း

Some text some message..