
အများအားဖြင့် သမီးရည်းစားတွေပဲဖြစ်ဖြစ် ၊ လင်မယားတွေပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့ တစ်ယောက် ကတောက်တစ ဖြစ်ပြီးတော့ ကွဲသွားတာမျိုးတွေ ၊ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုလေးတွေ ၊ နားလည်မှုလွဲတာလေးတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါတစ်ခါမှာ အထင်မှားလေးတွေကြောင့် ကွဲကွာသွားတာမျိုးတွေ (ဒါမှမဟုတ်) ဝေးကွာသွားတာမျိုးတွေ၊ အိမ်ပေါ်က ဆင်းသွားတာမျိုးတွေ ၊ သမီးရည်းစားတွေဆိုရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားတာမျိုးတွေ ဒီလိုမျိုးတွေ ရှိတတ်ပါတယ်။
အဲဒီလို ဖြစ်လာရင် မိမိက တစ်ကယ်လည်းချစ်တယ် အခြေအနေအရ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်ပြီး စိတ်ဆိုးပြီးတော့ ပြဿနာတက်ပြီးတော့ ခွဲခွာသွားတယ်ဆိုရင် ပြန်ပြီးတော့ ပြေလည်အောင် မိမိအိမ်သို့ ပြန်လာအောင် ဆောင်ရွက်တဲ့ နည်းစနစ်လေးကို တင်ပြပေးချင်ပါတယ်။
ယခုခေတ် အနေအထားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတွေမို့လို့ တဖက်တလှမ်းကနေ အထောက်အကူဖြစ်အောင် ဒီနည်းစနစ်လေးကို တင်ပြပေးခြင်းဖြစ်ပါတယ်။
မိမိရဲ့ သမီးရည်းစားဖြစ်ဖြစ် ၊ အိမ်ထောင်ဘက်ဖြစ်ဖြစ် သူရဲ့နေ့နံကိုတော့ သိရမှာဖြစ်ပါတယ်။
မိမိရဲ့ သမီးရည်းစားဟာ ၊ မိမိရဲ့ အိမ်ထောင်ဘက်ဟာ ကိုယ်နဲ့စိတ်ဆိုးပြီးတော့ ဆင်းသွားတယ် ၊ ကိုယ်နဲ့ အခန့်မသင့်ဖြစ်ပြီးတော့ ကွဲကွာသွားတယ်ဆိုရင် ပြန်ပြီးတော့ အဆင်ပြေအောင် ၊ ပြန်ပြီးတော့ ပေါင်းရအောင် ၊ အိမ်ကို ပြန်လာအောင် ဘယ်လိုလုပ်ရမလဲ ဆိုရင် တြိရန်းသစ်ရွက်ရယ် (မိမိနေ့နံရဲ့ သုံးခုမြောက်နံက တြိရန်းခေါ်ပါတယ်) ၊ ပဉ္စပွတ်သစ်ရွက်ရယ် (ပဉ္စပွတ်ဆိုတာက ငါးခုမြောက်နံကို ခေါ်ပါတယ်)
တနင်္ဂနွေသားသမီးဆိုလို့ရှိရင် (တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ သုံးခုမြောက်ကို တြိရန်း ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး (ကြာသပတေးက ၅ ခုမြောက်ဖြစ်တဲ့အတွက် ပဉ္စပွတ်) အမြစ်ကြတော့ နောက်ဆုံးပိတ် ပြန်ပြီးတော့ ရေတဲ့နေ့နံဖြစ်ပါတယ်။
ဥပမာအားဖြင့် တနင်္ဂနွေဆိုလို့ရှိရင် သူရဲ့ နောက်ကနေဆုံးမှာက စနေနေ့နံ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တြိရန်းရယ် ၊ ပဉ္စပွတ်ရယ် ၊ အမြစ်ရယ် အဲဒီ (၃) ညွန့်ကို ယူရပါမယ်။
တနင်္ဂနွေသားသမီး ထွက်သွားတယ် ပြန်လာချင်တယ်ဆိုရင် ကံ့ကော်ရွက်နဲ့ အဲဒီ (၃) ညွန့်ကို ပေါင်းပြီး စည်းရမှာ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္ဂနွေရဲ့ တြိရန်းအရွက်ဖြစ်တဲ့ ဇီးရွက် ၊ ဇီးညွန့် ၊ တနင်္ဂနွေရဲ့ ပဉ္စပွတ်ဖြစ်တဲ့ ပိန်း ၊ ပေါက်ပန်းတို့ တစ်ခုခု ၊ အမြစ်အရွက်ဖြစ်တဲ့ ထန်း ၊ ဒန်းညွန့် ၊ ဒေါနညွန့်တို့ တစ်ခုခု အဲဒီ (၃) ညွန့်ကို ပေါင်းပြီးတော့မှ ကံ့ကော်ရွက်နဲ့ စည်းရမှာ ဖြစ်ပါတယ်။
အဲလိုစည်းပြီးတော့ ထားရမယ့် အရပ်ကတော့ အရှေ့တောင်အရပ်မှာ ဇောက်ထိုးဆွဲထားရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆွဲထားပြီးတော့ စိတ်ထဲကနေပြီး တနင်္ဂနွေသားသမီးဘယ်သူ ပြန်လာပါ ဆိုပြီး (၇) ကြိမ် စူးစူးစိုက်စိုက်လေးနဲ့ တောင်းဆိုပြီးတော့မှ ဆွဲထားရမှာ ဖြစ်ပါတယ်။
(၃) ရက်ကနေ (၇) ရက်အတွင်း ပြန်လာမှာ ဖြစ်ပါတယ်။ (၃) ရက်ကနေ (၇) ရက်အတွင်း ပြန်မလာဘူးဆိုရင် အဲဒီ (၃) ခုပေါင်းပြီးစည်းထားတဲ့ အရွက်ကို မီးရှို့ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ လုံး၀ နေလို့မရဘဲ မိမိဆီပြန်လာမှာ ဖြစ်ပါတယ်။
အဲဒီတော့ မိမိရဲ့ အိမ်ထောင်ဘက် မိမိရဲ့ သမီးရည်းစားက မိမိနဲ့ ကွဲသွားတယ်၊ ခွာသွားတယ် ၊ ဝေးကွာသွားတယ် ပြန်လာစေချင်တာက တနင်္လာသားသမီးဆိုလို့ရှိရင်တော့ တနင်္လာရဲ့တြိရန်းဆိုတာက ဝါး ၊ တနင်္လာရဲ့ ပဉ္စပွတ်ဆိုတာက သီးညွန့် ၊ တနင်္လာရဲ့ အမြစ်သစ်ရွက်ကတော့ အုန်းညွန့် အဲဒီ (၃) ခုကို ပေါင်းပြီးတော့ ဇီးခက်နဲ့ ပြန်ပြီးတော့ စုစည်းရမှာ ဖြစ်ပါတယ်။ စုစည်းပြီးတော့မှ တောင်အရပ်မှ ဇောက်ထိုးဆွဲထားရမှာ ဖြစ်ပါတယ်။ စိတ်ထဲမှာလည်းဘဲ တနင်္လာသားသမီးဘယ်သူ အမြန်ပြန်လာပါဆိုပြီး စူးစူးစိုက်စိုက်လေးနဲ့ ရည်မှန်းပြီးတော့ ဆုတောင်းပြီးတော့မှ ချိတ်ဆွဲရမှာ ဖြစ်ပါတယ်။ အဲလိုဆွဲလို့မှ (၃) ရက်ကနေ (၇) ရက်အတွင်း ပြန်မလာဘူးဆိုရင် အဲဒီ (၃) ခုပေါင်းပြီးစည်းထားတဲ့ အရွက်ကို မီးရှို့ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပူပြီးတော့ ပြန်လာမှာ ဖြစ်ပါတယ်။ လုံး၀ နေလို့မရဘဲနဲ့ မိမိဆီပြန်လာမှာ ဖြစ်ပါတယ်။
ဒါဆိုလို့ချင်ရင် မိမိပြန်လာစေချင်တဲ့ အိမ်ထောင်ဘက် ၊ သမီးရည်းစား ၊ မိမိရဲ့ ခင်ပွန်း စသဖြင့် မိမိစီပြန်ပြီးရောက်လာမှာ ဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် ကွဲကွာသွားတဲ့ သမီးရည်းစားတွေ ၊ ကွဲကွာသွားတဲ့ အိမ်ထောင်ဘက်တွေ မိမိစီကို ပြန်လာပြီးတော့ မိမိတို့ပြန်ပြီးတော့ အတူတကွ ပူးပေါင်းနေထိုင်သွားရမှာ ဖြစ်ပါတယ်။
ကျန်တဲ့ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ သားသမီးတွေကလည်းဘဲ အဲဒီလိုဘဲ ကိုယ်ရဲ့ အိမ်ထောင်ဘက်ဟာ ဘယ်နေ့သားသမီးလည်းဆိုတာကို သိတယ်ဆိုလို့ရှိရင် နေ့ (၇) နေ့လုံးမှာ ပြုလုပ်ရမယ့် ကိစ္စတွေကို ၊ ပြုလုပ်ရမယ့် နည်းစနစ်လေးတွေကို တြိရန်းတွေ ၊ ပဉ္စပွတ်တွေ ၊ အမြစ်ရဲ့သစ်ရွက်တွေကို စုစည်းရမယ့် အရွက်တွေကအစ ဇယားလေးဖြင့် ဖော်ပြပေးထားပါတယ်။
မိမိအိမ်ရဲ့ ထားရမယ့်အရပ်တွေမှာလည်းဘဲ ဘယ်အရပ်ဆိုတာကို ဇယားထဲမှာ သေချာဖော်ပြထားပြီး ဖြစ်ပါတယ်။ ဒါဆိုရင် နေ့ (၇) နေ့လုံးမှာ ဘယ်နေ့သားသမီးက အိမ်ကနေထွက်သွားတယ် ၊ ပြန်လာစေချင်တယ် ဆိုလို့ရှိရင် အဲဒီနေ့နံရဲ့ သက်ဆိုင်တဲ့အရွက်တွေကို စုစည်းပြီးတော့ သက်ဆိုင်တဲ့အရပ်ကို ထားရမှာ ဖြစ်ပါတယ်။ ဒါဆိုလို့ရှိရင် မိမိတို့ဖြစ်စေချင်တဲ့ မိမိတို့ရဲ့ အိမ်ထောင်ဘက် ၊ မိမိတို့ရဲ့ သမီးရည်းစားတွေ ကွဲကွာသွားတာကို ပြန်ပြီးတော့ မိမိတို့ပေါင်းစည်းရမှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope