
လက်မ နှစ်မျိုးရှိသည်။ ကြီးသောလက်မသည် သန်စွမ်းသောသဘော၊ သင်္ချာ တွက်ချက်မှုသေချာ၊ အကြောင်းတရားနှင့် ဦးဆောင်တတ်သောသူဖြစ်သည်။
ငယ်သောလက်မသည် လေးစားခန့်ညားသောသဘော၊ စိတ်ကူး၊ ကဗျာနှစ်ခြိုက်၊ စိတ်ကူးနှင့် ဦးဆောင်၊ စိတ်ကူးအနုပညာမွမ်းမံပြင်ဆင်မှု။
လက်မအဆစ်သုံးပါရှိပြီး ပထမအဆစ်၊ ဒုတိယအဆစ်ဟူ၍ လွယ်ကူစွာသိနိုင်သည်။ တတိယအဆစ်မှာ သေချာကြည့်မှ သိရသည်။ လက်ချောင်းငါးချောင်းတွင် လက်မသည် အရှည်ဆုံးဖြစ်သည်။ အရွယ်သုံးပါးခွဲရာတွင် ပထမအဆစ်-ပထမအရွယ်၊ ဒုတိယအဆစ်-ဒုတိယအရွယ်၊ တတိယအဆစ်-တတိယအရွယ်ဆိုသည်ကို ရည်ညွှန်းသည်။ ပထမအဆစ်ကျယ်ပြီး ဒုတိယအဆင့်ကျဉ်းလျှင် ဒုတိယအရွယ်တွင် အကျိုးပေးသည်။
လက်မ ပထမအဆစ်ရှည်ပြီး ဒုတိယအဆစ်တိုသော် အသက်၂၀ အထိသာ ဖခင်အရိုက်အရာကို ခံထိုက်သည်။ ၂၀ ကျော်သော် မိမိဘာသာအားကိုးရမည်။ တတိယအဆစ်ကောင်းသော် အသက်၄၀ကျော်ပြီးမှ တိုးတက်မှုရှိမည်။
လက်မသည် လူ့ဘဝ၏ အရေးကြီးသော၊ ထူးခြားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ လူ၏ပင်ကိုစိတ်သဘောထားစွမ်းရည် ရှိ၊မရှိကို အထူးအားဖြင့် သိအပ်ပေသည်။ လူအများနှင့် ဆက်ဆံနေမှုထိုင်မှုများနှင့်လည်း ပတ်သက်မှုရှိသည်။ ဆေးဆရာဝန်များက လက်မသည် ဦးနှောက်နှင့် ဆက်သွယ်မှုရှိပြီး လက်မ၏ဗဟိုလ်ချက်မအဖြစ် ဦးနှောက်၌ရှိနေသည်ဆို၏။
လူတို့၏လက်တွင် လက်ချောင်းငါးချောင်းရှိသည့်ရှိသည့်အနက် လက်မသည် အသုံးဝင်ဆုံး အရေးပါဆုံးဖြစ်သည်။ ဤလက်ချောင်းများအနက် တစ်ခုခုမရှိလျှင် အရေးမကြီးလှသော်လည်း လက်မ မရှိလျှင်ကား လူတို့၏စွမ်းဆောင်မှု၊ ကျွမ်းကျင်မှုမှန်သမျှ အားလုံးကိုပင် ချို့တဲ့ပျက်စီးကုန်ကြပေလိမ့်မည်။ လက်မသည် လက်ချောင်းငါးချောင်းအနက် အားအကြီးဆုံးလည်းဖြစ်သည်။ မည်သည့်အလုပ်တွင်မဆို သူမပါလျှင် မဖြစ်ချေ။
ဦးနှောက်၌ လက်မနှင့်ဆိုင်သော အစိတ်အပိုင်းဌာနတစ်ခု၊ အကြောတစ်ခုရှိသည်။ ထို့ကြောင့် စဉ်းစားတွေးကြံမှု၊ စာပေကြည့်ရှု ရေးသားမှုစသော ဦးနှောက်ပူစေတတ်သော အလုပ်အလွန်အကဲများလျှင် လက်မ၏အရိုး သို့မဟုတ် လက်သည်းခွံကြီးထွား ကျယ်ပြန့်လာသောအမှတ်လက္ခဏာသည် ကြောက်မက်ဖွယ်အနာရောဂါ ရတော့မည်ဟု ညွှန်ပြနေသည်။
လက်မ၏ ဖော်ပြချက်များမှာ လောကတွင် အထူးအရေးကြီးသောသဘာဝများ ဖြစ်သည်။ (ချစ်မေတ္တာ၊ ဆင်ခြင်ဉာဏ်၊ စိတ်တန်ခိုး) တို့ဖြစ်လေသည်။
လက်မရှည်၍ အားရှိလျှင် အသိဉာဏ်စွမ်းရည်ကြီးမား အားကောင်းမည် ဖြစ်မည်။ တိုလျှင် ထူထဲလျှင် ကြမ်းတမ်းရိုင်းစိုင်းခြင်း၊ အယူသည်းခြင်းကို ဖော်ပြ၏။ လက်မသည် သေးကွေး၍ အားနည်းစွာရှိပါက စိတ်တန်ခိုး သတ္တိစွမ်းအားများ နည်းပါးခြင်း၊ ကင်းမဲ့ခြင်းတို့ကို ဖော်ပြသည်။
လက်မ၏ ပထမအဆစ် (အထက်ပိုင်းအဆစ်) သည် စိတ်ပိုင်းနှင့်ပတ်သက်သောအပိုင်းဖြစ်သည်။ အလိုဆန္ဒအာသာများ၏ အစွမ်းကိုလည်းဖော်ပြလေသည်။ ဒုတိယအဆစ် (အလယ်ဆစ်)သည် ဆင်ခြင်တုံဉာဏ်နှင့် ပတ်သက်သည်။ ကြံရည်ဖန်ရည်ကိစ္စများကိုလည်း ဆိုလိုသည်။
တတိယအဆစ်(သောကြာဂြိုလ်ခုံနယ်မြေ) သည် ချစ်မေတ္တာတရားနှင့် ပတ်သက်နေသည်။
ပထမအဆစ်သည် ကျန်အဆစ်များထက် ထူးခြားစွာရှည်လျားနေပါက လက္ခဏာရှင်သည် စိတ်တန်ခိုးအလိုဆန္ဒမျိုးပေါ်တွင်သာ အားကောင်းရပ်တည်သူဖြစ်မည်။
ဒုတိယအဆစ် ထူးကဲစွာရှည်လျားနေပါက လက္ခဏာရှင်သည် တိကျမှန်ကန်သော စဉ်းစားတွေးခေါ်မှု၊ နှိုင်းယှဉ်စံထိုးသိမှုပညာတွင် အထူးကောင်းမွန်သော်လည်း သူ၏အတွေးအခေါ် အကြံအစည်များမှာ စိတ်တန်ခိုး၏ အားနည်းချက်ကြောင့် အကောင်အထည်ပေါ်မလာချေ။ သူ၏အဆုံးအဖြတ်သည်လည်း အားမရှိချေ။ လက်တွေ့အဖြစ် အကောင်အထည်ဖော်ရန် ခဲယဉ်းတတ်လေသည်။
တတိယအဆစ်ဖြစ်သည့် သောကြာဂြိုလ်ခုံ နယ်မြေပိုင်းသည် ရှည်လျားစွာရှိပြီး လက်မသည် သေးငယ်နေမည်ဆိုပါက လက္ခဏာရှင်သည် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အချစ်၊ တဏှာနှင့် ကာမဂုဏ် စိတ်အာရုံတွင်သာ ထက်သန်သောစိတ်ရှိပေသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope