
အရဟံ အစ ဘဂဝါ အဆုံး ဂုဏ်တော် ၉ ပါး တွင် စတုတ္ထ မြောက်ဖြစ်သော သုဂတော ဂုဏ်တော်၏ " ထူးခြားသော သုဂတော ငါး ချက် " ပုတီး စိပ်နည်း ကျင့်စဉ် ကို ဖော်ပြပေးပါမည်။
ရွှေပေါ်ကျွန်း ဆရာတော်ကြီး ချီးမြှင့်ခဲ့သော သုဂတော ငါးချက်သည် စာတစ်ကြောင်း လျှင် စာလုံး (၈) လုံး ဖြစ်ပြီး သုဂတောဟူသော စာလုံး ၅ ကြိမ်ပါ ၍ သုဂတော ငါးချက်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
သုဂတော ငါး ချက် ၏ အနက် မှာ ....
သုဂတော .... ကောင်းသောစကား ကို ဆိုတက်သော မြတ်စွာဘုရား သည်
သုတဌာနံ .....ကောင်းသော နိဗ္ဗာန် ကို ပို့ဆောင်တော် မူတက်၏။
သုဂတော ..... ရှေး ဘုရား တို့ကဲ့ သို့ လာခြင်းကောင်းတော်မူသော
သုဂတော .... မြတ်စွာဘုရား သည်
သုန္ဒရံကောင်းမြတ်သော နိဗ္ဗာနံ ပိစ .. နိဗ္ဗာန်သို့ လည်း
ယာတိ... ကြွသွားတော်မူတက်၏ ။
သုဂတော .....နိဗ္ဗာန် ၌ အမြဲ အနိစ္စအင်္ခတ ဖြစ်တည် တော်မူသော မြတ်စွာဘုရား
တေတဝ .... မဘဿရ ရောင်စုံ ကြွ ၍ .. မီညာဏဓာတ် နိဗ္ဗာန် မြတ်၌ တည်တော်မူသော မြတ်စွာဘုရားအား
နမော ...ဦးနှိမ်ညွှတ်ကျိူးလက်ဆယ်မိုး ဖြင့်
အဟံ ... ကျွနုပ်သည် နမာနမာမိ ... ရှိခိုးပါ၏ ဘုရား .... ဟူ ၍ ဖြစ်သည်။
သုဂတော သုဂတဋ္ဌာနံ
သုဂတော သုန္ဒဂမ္ပိစ။
နိဗ္ဗာနံ သုဂတောယာတိ
သုဂတော တေ နမောနမော ။ ဟု ဖြစ်ပါသည်။
၀ယ်ယူရန် နှိပ်ပါ
သုဂတော ငါးချက် ဂုဏ်တော် ပုတီးစိပ်နည်း ကျင့်စဉ်သည် သုဂတောဂါထာကို တစ်ခေါက်ဆုံး မှ ပုတီးတစ်လုံးချ၍ ပုတီး တစ်ပတ်ရလျှင် သုဂတော ပေါင်း ၅၄၀ ရရှိပါသည်။ သုဂတော ငါး ချက် ပါနေသောကြောင့် ဖြစ်သည်။
သုဂတော ဂုဏ်တော် အား ပုတီးစိပ်ရာတွင် ဓမ္မာခန္ဓာ ပေါင်း ၈၄၀၀၀ ရှိသည့်အတွက် သုဂတော ပေါင်း ၈၄၀၀၀ ရရှိအောင် ပွားများရပါမည် ဟု အဓိဋ္ဌာန် ဖြင့် ဆောက်တည်ရန် ဖြစ်သည်။ ပုတီး အပတ် ၁၅၆ ပတ်ရလျှင် ဂုဏ်တော် ပေါင်း ၈၄၀၀၀ ရရှိပါသည်။
အဓိဋ္ဌာန်စသောနေ့ သည် မိမိမွေးနေ့ နံနက် ၉ နာရီ မှ (၁၀:၃၀) မိနစ် အချိန်တွင်း ဖြစ်ပါသည်။ တစ်နေ့လျှင် ပုတီး ၉ ပတ် ရအောင် ပွားများ ရပေမည်။ (၁၇) ရက်စေ့ သော အခါ ပုတီး ၁၅၃ ပတ် ရပါသည်။ ကျန်သော ပုတီး (၃) ပတ်ကို (၁၈) ရက် ပြည့်သောနေ့တွင် စိပ်ရပါမည်။ အဓိဋ္ဌာန်ဝင်သောနေ့ များတွင် ဆွမ်းတော် (၉) ပွဲ ရေတော် (၉) ခွက် အလင်းတိုင် (၉) တိုင် ဆက်ကပ်လှုပါ။ ငါးပါး သီလ ခံယူစောင့်ထိန်းပြီး လိုသောဆုတောင်းပါ။
ရရှိစေနိုင်သော အကျိူးတရား များ ... ဘုန်းတန်ခိုး အာနုဘော် ကြီးခြင်း၊ စကားပြောဆိုရာတွင် ခက်ခဲမှု့ မရှိ ပဲ ပြီးစီးအောင်မြင်ခြင်း၊ ပိဋ္ဋကတ် စာပေ တို့ကိုတတ်ကျွမ်း နားလည်ခြင်း၊ နေရာ ဋ္ဌာန တည်တံ ခိုင်မြဲ ခြင်း၊ ရန်သူ ကို အောင်မြင်ခြင်း၊ စွမ်းအားကြီးခြင်း ဟူသော အကျိူး များ ရရှိစေနိုင်သည်။
ထို့ကြောင့် .." သုဂတမဂ္ဂဒီပနီကျမ်း " အရ သုဂတော ငါးချက် ဂုဏ်တော် ကို ရွတ်ဆို ပွားများနိုင်ရန် နှင့် ကျေးဇူးရှင် ရွှေပေါ်ကျွန်းဆရာတော်ကြီး ချီးမြှင့် ခဲ့သည် " သုဂတောငါးချက် ပုတီးစိပ်နည်းကျင့်စဉ်" ကို ဆရာတော်ကြီး
၏ မူရင်း အတိုင်း ရေး သား ဖော်ပြအပ်ပါသည်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope