မိမိအပါအ၀င်အခြားသူတွေရဲ့ အကျင့်စရိုက်တွေကို ပြောပြနေတဲ့ လက်ချောင်းများ
lotaya.mpt.com.mm
|
2024-03-05

လက်မနှင့် လိုက်လျောညီထွေရှိသောလက်ချောင်းများသည် လက်ဝါး၏အဓိကကျသော အပိုင်းပင်ဖြစ်သည်။ လက်ချောင်းများက လူ၏အကျင့်စရိုက်ကို ဖော်ပြနေသည်။ လက်ချောင်းတို့၏အဖျား၌ များသောအားဖြင့် ဦးနှောက်ကြောများ အဆုံးသတ်၌ တည်ရှိ၏။ လက်ချောင်းများ၏ အကောင်းအဆိုးသည် ဦးနှောက်၏ စွမ်းရည်သတ္တိကို ဖော်ပြနေသည်။

လက်ချောင်း၏ပုံသဏ္ဌာန်အခြေအနေသည် ဦးနှောက်၏ အခြေအနေပင်ဖြစ်သည်။ ဦးနှောက်ဉာဏ်ကောင်း မကောင်း၊ သန့်ရှင်း မရှင်းကို လက်ချောင်းများ၏အနေအထားဖြင့် ထင်ရှားစွာ သိနိုင်သည်။ ထို့ကြောင့် လက်ချောင်းများက လောကကို ဖန်တီးနေကြလေသည်။ လက်ချောင်း လေးချောင်းတို့တွင် တစ်ချောင်း ချောင်း၌ ထိုလက်ချောင်းပိုင်ရှင်၏ ဘဝသက်တမ်းတွင် လျှို့ဝှက်ဆန်းကြယ်သော အတိုင်းအရှည်ကို ထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။

            လက်ချောင်းများ၏ အရှည်ကို တိကျစွာတိုင်းတာပါ။ အကယ်၍ လက်ခလယ် လက်ချောင်း၏ အရှည်သည် လက်ဝါးပြင်အရှည်နှင့် ကိုက်ညီမှုရှိသော် ထိုလက်ချောင်းများသည် ရှည်သောအမျိုးအစားရှိသည်ဟု သိရှိရမည်။ လက်ဝါးပြင်အရှည်၏ သုံးပုံတစ်ပုံသာရှိခဲ့သော် တိုသော လက်ချောင်းပိုင်ရှင်ဟူ၍ ဆိုရမည်။


၀ယ်ယူရန် နှိပ်ပါ              ရှည်သောလက်ချောင်းပိုင်ရှင်များသည် အသေးစိတ်ဖော်ထုတ်ခြင်းကိုပြုတတ်၍ တိုသော လက်ချောင်းပိုင်ရှင်များသည် လျှပ်တစ်ပြက်အတွင်း တွေးခေါ်တတ်သည့်အပြင် အရာဝတ္ထုများကို တစေ့တစောင်းသာ ရှု့မြင်တတ်ကြသည်။

            ရှည်သောလက်ချောင်းများသည် တိုသောလက်ချောင်းများထက် ပိုမိုစွမ်းအားရှိသည်။ စေ့စပ်မှုအသေးစိတ် ရှု့မြင်ခံစားတတ်မှုရှိသည်။ သေသေသပ်သပ်လုပ်ကိုင်တတ်သည်။ အတွေးအခေါ် ကောင်းသည်။ လူသူဝေးရာတစ်ဦးတည်း နေထိုင်တတ်မည်။ စိတ်ကူးယဉ်ပြီး တွေဝေစဉ်းစားတတ်သည်။

            တိုသောလက်ချောင်းများသည် အတွေးအခေါ်ရောင့်ရဲမှု ရှိတတ်သည်။ သေးနုပ်သော၊ အသေးစိတ်အလုပ်များကို မုန်းတီး၏။ ဗရမ်းဗတာလုပ်တတ်၏။ စိတ်သွားရာချက်ချင်းလုပ်တတ်၏။ တိုသောလက်ချောင်းများဖြစ်ပြီး ပြေပြစ်မှုမရှိဘဲ အရုပ်ဆိုးအောင်ဖြစ်နေလျှင် ယဉ်ကျေးသိမ်မွေ့ခြင်းကင်းတတ်ပြီး ရုန့်ရင်းကြမ်းတမ်းခြင်း သဘာဝရှိတတ်သည်။ လက်ချောင်းများသည် အတွင်းဘက်ကွေးနေလျှင် တောင့်တင်း၍နေလျှင် ကိုယ်စွမ်းကိုယ်စကို စိတ်ချလက်ချ ယုံကြည်ချက်မရှိတတ်ချေ။

            လက်ချောင်းများသည် အပြင်ဘက်လှန်၍နေပါက လျင်မြန်စွာစဉ်းစားတွေးခေါ် ဆုံးဖြတ်ထားသည်။ ကြောင်းကျိုးရှင်းပြချက်ကို သဘောပေါက်လွယ်မည်။ တယူသန်စိတ်မရှိတတ်ချေ။

            လက်ချောင်းများ၏ အထက်ပိုင်း၌ ဂြိုဟ်တို့အုပ်စိုးတည်ရှိနေသည်ကို ရှေးရသေ့တို့ သတ်မှတ်ခဲ့ကြသည်။

၁။ လက်ညှိုးအဖျား၌ ကြာသပတေးဂြိုဟ်တည်ရှိနေ၏။

၂။ လက်ခလယ်အဖျား၌ စနေဂြိုဟ်တည်ရှိနေ၏။

၃။ လက်သူကြွယ်အဖျား၌ တနင်္ဂနွေဂြိုဟ်တည်ရှိနေ၏။

၄။ လက်သန်းအဖျား၌ ဗုဒ္ဓဟူးဂြိုဟ်ဟူ၍ ဂြိုဟ်တို့အုပ်စိုးတည်ရှိနေလေသည်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#လက္ခဏာ
#တနင်္ဂနွေ
#ဗုဒ္ဓဟူး
#ကြာသပတေး
#လက်ဝါး

Some text some message..