မိမိအပါအ၀င်အခြားသူတွေရဲ့ အကျင့်စရိုက်တွေကို ပြောပြနေတဲ့ လက်ချောင်းများ အပိုင်း (၂)
lotaya.mpt.com.mm
|
2024-03-12

လက်ညှိုးလက်ချောင်း - (Jupiter) ကြာသပတေးလက်ချောင်း

            ၎င်းသည် ရည်ရွယ်ချက်နှင့် ဇွဲနပဲကြီးမှုကို ဖော်ပြနေပေသည်။ ဖြောင့်တန်းသောလက်ညှိုးသည် စိတ်ဓာတ်ရေးရာခိုင်မာမှုရှိခြင်းကို ဖော်ပြနေပေသည်။ အလွန်ရှည်လွန်းသော လက်ညှိုးသည် မာနကြီးမှုကို ဖော်ပြသည်။ တိုသောလက်ညှိုးသည် ကြောက်ရွံ့ခြင်းနှင့် အလိုလိုသံသယဖြစ်တတ်ခြင်းတို့ကို ဖော်ပြနေလေသည်။ ရှည်လျားသောလက်ညှိုးပိုင်ရှင်သည် မာန်မာနရှိတတ်သည်။ အလှအပ၊ လက်မှုပညာ ကောင်းမွန်သော အဝတ်တန်ဆာကို နှစ်သက်တတ်သည်။ လက်ညှိုးလက်ချောင်းဆစ်များသည် မညီမညာ ဖောက်ပြန်အရုပ်ဆိုးအကျည်းတန်နေမှု အလွန်ကြောက်မက်ဖွယ် မကောင်းကျိုးကို ပေးနိုင်သည်။ လက်ချောင်းများ၏ အပေါ်ဆစ်သည် လုံးလုံးဝန်းဝန်း အချိုးကျကျပြေပြေပြစ်ပြစ်ရှိမူ ထိုသူသည် ပညာရှိမည်။ဆင်ခြင်စဉ်းစားတတ်မည်။ ဝေးဝေးမျှော်မြင်ဉာဏ်ရှိမည်။ လက်ချောင်းကလေးချွန်နေမှု မျှော်မြင်ဉာဏ်ရှိသည်။ လျှပ်ပေါ်လော်လီမည်။ စိတ်တည်ကြည်ခိုင်မာမည်။ စဉ်းစားဆင်ခြင်မှုမရှိ။ ဉာဏ်ပညာနည်းပါးမည်။ လက်ညှိုးအဆစ်ရှည်မှု အမျှော်အမြင်ရှိမည်။  များသောအားဖြင့် ငယ်ရွယ်သောမိန်းမများကိုသာ နှစ်သက်သည်။ ဇွဲရှိမည်။။စွန့်စားကြိုးပမ်းမှု အလွန်အကဲရှိမည်။ လိမ္မာပါးနပ်စွာ မိန်းမကို လှည့်ပတ်သွေးဆောင်တတ်သည်။ ဤသူများ၏လက်၌ အခြားမကောင်းသော အမှတ်အသားပါမူ သူခိုး၊ ဓားမြ၊ အလောင်းကစား၊ ကြာခိုသမား၊ လူလိမ် စသည်ဖြစ်တတ်သည်။

လက်ခလယ်လက်ချောင်း - (Saturn) စနေလက်ချောင်း

            တာဝန်ယူမှုနှင့် လေးလေးနက်နက် တွေးခေါ်တတ်မှုကို ဖွင့်ဆိုသလို လူ၏စိတ်နေသဘောထားကိုလည်း ဖွင့်ဆိုတတ်သည်။ ကံကောင်းခြင်း၊ မကောင်းခြင်းကိုလည်း သိနိုင်သည်။ လက်ချောင်းရှည်လျှင် ဇွဲရှိပြီး တာဝန်ယူတတ်မှုရှိသည်။ လက်ချောင်းတိုလျှင် ကံမကောင်းတတ်။ တာဝန်မယူတတ်၊ စိတ်မရှည်ပါ။

            လက်ခလယ်လက်ချောင်းရှည်လျားမူ သူတစ်ပါး၏လေးစားမှုကို ခံရမည်။ အတတ်ပညာကို လေ့လာဆည်းပူးဖြစ်မည်။ မိမိကိုယ်ကိုယ် မိမိဝေဖန်လေ့လာမည်။ တစ်ကိုယ်တည်းအေးချမ်းစွာနေမည်။ ပညာရှိမည်။ နက်နဲသော သဘောရှိမည်။ သတိရှိမည်။ အမြဲတမ်းစိတ်ကူးကြံစည်မှုရှိမည်။ ပျောက်ကွယ်တိမ်မြုပ်နေသော ပညာရပ်များကို လေ့လာလိုမည်။ စိုးရိမ်ကြောင့်ကြများမည်။ ကျန်းမာရေး ချွတ်ယွင်းမည်။ ကံကိုသာအားကိုးသည့် ကမ္မဝါဒီသမားဖြစ်သည်။

            တစ်စုံတစ်ခုထူးခြားကောင်းမွန်သော လက္ခဏာအမှတ်အသားမပါမူ မျှော်မှန်းချက် အာသာဆန္ဒ စွမ်းအားနည်းမည်။ လုံ့လဝီရိယနည်းမည်။ စနေ၏အစွမ်းသတ္တိကို စွန့်စားမှုလုံးဝသော်လည်း မရှိဖြစ်တတ်၏။ အမှုကိစ္စဟူသမျှမှာ စိတ်ဓာတ်ကျဆင်းမြန်တတ်သည်။ အားနည်းနုံးချည့် အစွမ်းမရှိသောသူတို့၏ဥစ္စာ စည်းစိမ်အပိုင်စီး၍ စီးပွားဥစ္စာရှာတတ်သည်။

            လက်ညှိုးသည်လည်း လက်ခလယ်နှင့် အညီအမျှရှည်လျားမှု ခြေလေးချောင်းတိရစ္ဆာန်တို့ကြောင့် သေတတ်၏။


၀ယ်ယူရန် နှိပ်ပါ လက်သူကြွယ်လက်ချောင်း ( The Ring Finger)

            တနင်္ဂနွေအပိုလို(Apollo)သည် စာပေ၊ အနုပညာ၊ တေးဂီတ၊ ကဗျာတို့နှင့် ပတ်သက်သည်။ ဖန်တီးတတ်မှုနှင့် အာရုံခံကောင်းမှုတို့ကို ဖော်ညွှန်းသည်။ အခြွေအရံ၊ တန်ခိုး၊ ကျော်စော်မှုနှင့် ဘုန်းကံ တိုးတက်မှုဖော်ညွှန်းသည်။ လူ၏အသိဉာဏ်နှင့် အသိအလိမ္မာကိုလည်း သိနိုင်သည်။ ကောင်းမွန်သောလက်သူကြွယ်အနေအထားရှိသူသည် အနုပညာသမားတစ်ယောက်ဖြစ်နိုင်သည့် အနေအထားကို ဖော်ပြသည်။ အားနည်းသော လက်သူကြွယ်လက်ချောင်းသည် ဖန်တီးနိုင်သော ပင်ကိုဗီဇအားနည်းမှုကို ဖော်ပြ၍ အလွန်ရှည်လျားသော လက်သူကြွယ်လက်ချောင်းသည် အလောင်းကစားဝါသနာပါမှုကို ဖော်ပြသည်။

            လက်သူကြွယ်သည် လက်သည်း၏အနီးအစိတ်အပိုင်းသည် သေးငယ်၍ အဖျားချွန်မှု လက်မှုပညာတတ်မြောက်မည်။ မည်သည့်ကိစ္စမဆို ‌အောင်မြင်မှုကိုရသဖြင့် စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ဥစ္စာပစ္စည်းများ သုံးစွဲရမည်။ ဘာသာရေး ကုသိုလ်ကောင်းမှုနှင့်ပတ်သက်၍ နှမြောတွန့်တိုမှုမရှိဘဲ ပစ္စည်းဥစ္စာကို ရက်ရောစွာ သုံးစွဲလိမ့်မည်။ လက်သူကြွယ်သည် လက်ညှိုးအောက်သေးငယ်လျှင် သို့မဟုတ် တိုမူ အိမ်ထောင်ရေးကိစ္စအဆင်ပြေမည်။ အ‌ရောင်းအဝယ်အောင်မြင်မည်။

လက်သန်းလက်ချောင်း(Mercury) ဗုဒ္ဓဟူးလက်ချောင်း

            ဗုဒ္ဓဟူးသည် ဆက်သွယ်ရေးပိုင်း၊ နှုတ်မှုပညာပိုင်းကို အစိုးရသည်။ စိတ်တန်ခိုးဆင်ခြင်ဉာဏ် အကြံအဆ အလိုဆန္ဒနှင့်လည်း ဆိုင်သည်။ လက်သန်းအနေတော်ရှည် ဖို့တော့လိုပါမည်။ လက်သန်းလက်ချောင်းတိုနေပါက အတွေးအခေါ်ညံ့ဖျင်းပြီး ဆက်ဆံရေးလည်း ညံ့ဖျင်းတတ်သည်။ မွေးရာပါကွေးကောက်နေသော လက်သန်းသည် အကင်းပါးမှုကို ဖော်ပြသည်။ သို့သော် တစ်ခါတစ်ရံ တုပပြုလုပ်တတ်ခြင်းနှင့် ကောက်ကျစ်စဉ်းလဲတတ်မှုကို ဖော်ပြတတ်သည်။

            လက်သန်းရှည်လျားမှု လေးနက်သောဉာဏ်၊ ပြောင်မြောက်ထင်ရှားသော အကြံအစည် အမျှော်အမြင်ရှိမည်။ အဓိပ္ပာယ်လေးနက်သော တန်ခိုးသတ္တိရှိသောစကားကို ပြောဆိုတတ်မည်။ ဘာသာစကားအမျိုးမျိုးကို တတ်မြောက်ကျွမ်းကျင်မည်။ လက်သန်းအလွန်ရှည်သော် ပါးနပ်၍ နိုင်ငံရေးကောက်ကျစ်စဉ်းလဲမှု၌ အထူးကျွမ်းကျင်သည်။ ထက်မြက်သောပညာရှိမည်။ မိမိအပေါ်၌ သူတစ်ပါးသို့ ယုံကြည်မှုကင်းမဲ့အောင် ပြုလုပ်တတ်သည်။ မိမိရန်သူကို သွေးဆောင်ဖြားယောင်း၍ ဘေးဥပါဒ် ဖြစ်စေတတ်သည်။ မိမိအပြစ်မှ လွတ်အောင်ကြံဆောင်နိုင်သောစွမ်းရှိသည်။ ပြေးလွှားပုန်းအောင်းနေသော ရာဇဝတ်ကောင်များကို ရှာဖွေဖမ်းဆီးနိုင်သော အစွမ်းသတ္တိရှိမည်။ မိမိအကျိုးပြီးစီးရန် မည်သူ့ကိုမဆို ပရိယာယ်မယာဉာဏ်ဖြင့် နှိပ်စက်ညှဉ်းပန်းပြုလုပ်ရန် သူ့အတွက်လွယ်ကူသောကိစ္စတစ်ခုပင် ဖြစ်သည်။ အရောင်းအဝယ် တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မည်။ ကိုယ်ကျိုးအတွက် ဆွေမျိုး၊ သူတော်ကောင်း၊ ရင်းနှီးသူများကို ဖိနှိပ်ချုပ်ခြယ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ရာ၌ လက်မနှေးပေ။ သူခိုး၊ ဓားမြ၊ လူဆိုး လူမိုက်တို့နှင့် ပေါင်းသင်း၍ မိတ်ဆွေ၊ လူမျိုး၊ တိုင်းပြည်ပါမကျန် ဖျက်ဆီးပစ်တတ်သည်။ ယင်းတို့သည် လက်သန်းအလွန်ရှည်၍ လက်သည် အရုပ်ဆိုးအကျည်းတန်မှုကြောင့်ပင်ဖြစ်သည်။    

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#ကျန်းမာရေး
#လက္ခဏာ
#အိမ်ထောင်ရေး
#ဗုဒ္ဓဟူး
#လက်သန်း

Some text some message..