(အလုပ်မရသေးသူများ) အလုပ်ရအောင်လို့ အထောက်အကူပြုစေတဲ့ ဂါထာ
lotaya.mpt.com.mm
|
2024-03-15

အခုတင်ပြမှာကတော့ အလုပ်မရှိသေးတဲ့သူ (အလုပ်မရသေးသူများ) အလုပ်ရအောင်လို့ အထောက်အကူပြုစေတဲ့ ဂါထာလေးအကြောင်းကို တင်ပြပေးချင်ပါတယ်။

ဒီဘက်ခေတ်မှာ များသောအားဖြင့် အခုဆိုအခြေအနေအရ အလုပ်အကိုင်ရှားကြတယ် ။ အလုပ်အကိုင်ရဖို့ရာလည်း ခက်ခဲကြတယ်။ ဒါကြောင့်မို့လို့ ဒီလိုအခက်အခဲတွေ ဒီလိုလိုအပ်ချက်တွေကို တဖက်တလှမ်းကနေပြီး အထောက်အပံ့ဖြစ်အောင်လို့ ဒီဂါထာလေးအကြောင်းကို တင်ပြပေးခြင်းဖြစ်ပါတယ်။

မိမိက အလုပ်လျှောက်တဲ့အခါမှာ အလုပ်ရှာတဲ့အခါမှာ ပြည်တွင်းမှာဖြစ်ဖြစ် ပြည်ပမှာဖြစ်ဖြစ် ကိုယ်က လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ လောကရဲ့ထုံးစံအရ တာဝန်ဝတ္တရားတွေ လုပ်ရမယ့်ကိစ္စတွေကတော့ မိမိတို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အဲလိုဆောင်ရွက်တဲ့အခါမှာ တစ်ချို့ကျတော့လည်း အလုပ်ရဖို့ရန် ခက်ခဲနေတယ် ၊ အလုပ်က အဆင်မပြေဖြစ်နေတယ်။ ဒါကြောင့်မို့လို့ တဖက်တလှမ်းကနေပြီး ဖြည့်တဲ့အနေနဲ့ အလုပ်အကိုင်တွေမှာ အဆင်ပြေအောင် ၊ တဖက်တလှမ်းက အထောက်အပံ့ဖြစ်အောင်လို့ ဒီဂါထာလေးကို တင်ပြပေးခြင်းဖြစ်ပါတယ်။

ဂါထာ ဘယ်လိုရွတ်ရမလဲဆိုရင် ည ၊ မနက် ၊ မိမိရဲ့ သက်စေ့ကို ရွတ်ရမှာ ဖြစ်ပါတယ်။ မိမိက နိုင်ငံခြားမှာဆိုရင်အလုပ်အကိုင်ရှာရင်း ၊ အလုပ်အကိုင်သွားရင်း ၊ အလုပ်အကိုင်လုပ်ရင်း (ဒါမှမဟုတ်) ဒီအလုပ်နဲ့ ပတ်သက်ပြီး ကြိုးစားရင်းနဲ့ ည မနက် သက်စေ့ ဒီဂါထာကို စိတ်ပါလက်ပါနဲ့ တကယ့်ကို သမ္မာဓိရှိရှိလေးနဲ့ ရွတ်မယ်ဆိုရင် မိမိတို့အတွက် အလုပ်အကိုင် အခက်အခဲတွေ ပြေလည်သွားပါလိမ့်မယ်။ အလုပ်မရှိသေးရင်လည်း အလုပ်ရပါလိမ့်မယ်။ အလုပ်ရှာတဲ့အခါလည်း လွယ်လွယ်ကူကူနဲ့ မိမိက အလုပ်တွေရလာပါလိမ့်မယ်။

ကိုယ်က စာမေးပွဲဖြေရင်တောင်မှ ဒီဂါထာလေးကို ရွတ်ပြီးဖြေမယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေလာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အလုပ်အကိုင် အင်တာဗျူးတွေ ဖြေတာတွေ ၊ အလုပ်အကိုင်နဲ့ ပတ်သက်ပြီးတော့မှ စာမေးပွဲဖြေတာတွေက အဆင်ပြေလာပါလိမ့်မယ်။ အလုပ်မရှိလို့ အလုပ်ရှာတဲ့အခါမှာလည်း ဒီဂါထာလေးကို ရွတ်ပြီးတော့ သွားလာလုပ်ကိုင်မယ်ဆိုရင် အဆင်ပြေမှုတွေ လွယ်ကူမှုတွေ ရရှိလာမှာ ဖြစ်ပါတယ်။


၀ယ်ယူရန် နှိပ်ပါ “ ဥုံ တာပုန္န ဂဗ္ဘိမာတာတော ကတွာ

ဟေတွာ ဗလံ ဝိဇ္ဇာရိတံ ပုတ္တံ သုခေန စ။”

ဒီဂါထာကို မိမိရဲ့ သက်စေ့ ကိုယ်က အသက် (၂၀) ရှိတဲ့လူဆိုပါက မနက် (၂၀) ၊ ည (၂၀) ရွတ်ရမှာ ဖြစ်ပါတယ်။ အဲလိုရွတ်ပြီးတော့မှ ကိုယ်က အလုပ်သွားမယ် (ဒါမှမဟုတ်)  အလုပ်ရှာမယ် ၊ အလုပ်ကိစ္စ အင်တာဗျူးဖြေမယ် ၊ အလုပ်ကိစ္စကြိုးစားမယ်ဆိုရင် အထောက်အပံ့ဖြစ်ပြီးတော့မှ မိမိတို့ လိုချင်သောအလုပ်ကို ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီဘက်ခေတ်မှာ လိုအပ်နေတဲ့ကွက်လပ်လေးကို ဖြည့် တဲ့အနေနဲ့ ဂါထာလေးကို တင်ပြပေးခြင်း ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#အလုပ်အကိုင်
#ဂါထာ
#နိုင်ငံခြား
#စာမေးပွဲ
#အထောက်အကူ

Some text some message..