
တန်ခူးလဟာ လအားဖြင့် တေဇောဓာတ်လ ဖြစ်ပါတယ်။ မြန်မာလ တစ်လရဲ့ နှစ်သစ်လ နှစ်ဆန်းလလဲ ဖြစ်ပါတယ်။
ဂါထာ မန္တန်များထဲမှာဆိုရင် တေဇောဓာတ် မိတဲ့ ဂါထာဟာ သမ္ဗုဒ္ဓေဂါထာတော် ဖြစ်ပါတယ်။ လောကီဂါထာများ အနေဖြင့်လဲ အလွန် အစွမ်းထက် လှသော ဂါထာလို့ ဆိုပါတယ်။
သင်္ကြန်အကြိုနေ့ကစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ နေ့လည် (၁၂:၀၀) မှ (၃:၀၀) နာရီ အတွင်း ( သို့မဟုတ် )
ည (၉:၀၀) မှ (၁၂:၀၀) အတွင်း မြတ်စွာဘုရားရှင်အား ဆီမီး (၄) တိုင် ကပ်လှုပြီး သမ္ဗုဒ္ဓေဂါထာတော် ဂါထာတော်မြတ်ကြီးကို (၃၆) ခေါက်ဖြစ်စေ (သို့) ပုတီး (၄) ပတ် ဖြစ်စေ ပွားများအားထုတ်ပါ။ လိုချင်စိတ်နဲ့ မဟုတ်ပဲ ကြည်ညို ယုံကြည်စိတ် နဲ့ အဓိဌာန်ပြုပါ။ မိမိ ရဲ့ ကုသိုလ်ကံ အရ ကံတူ အကျိူးပေး တွေ့ကြုံ ရပါမယ်။
အစွမ်းထက်လှတဲ့ သမ္ဗုဒ္ဓေ ဂါထာတော်ကို လိုရာပြီးစီးနိုင်သော အန္တရာယ်ကင်းမန္တန်တော်ကြီး အဖြစ် အသုံးပြုကြပါတယ်။ ရွတ်ဖတ်ပွားများသည့်အတွက် အသက်ဘေးအန္တရာယ်ဘေးမှ လွတ်မြောက်ခြင်း၊ အနှောင့်အယှက်ကင်းခြင်း၊ ဘေးဥပါဒ်မကျရောက်ခြင်း၊ ရန်သူတို့မနှိပ်စက်နိုင်ခြင်း စသည့် ကိုယ်တိုင်တွေ့ကြုံခဲ့ကြသူများစွာ ရှိကြပါတယ်။
၀ယ်ယူရန် နှိပ်ပါ
သမ္ဗုဒ္ဓေဂါထာတော်
*********************
၁။ သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ
ဒှါ ဒသ ဉစှ သဟဿကေ
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာ မဟံ။
၂။ အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာ မဟံ ။
၃။ နမက္ကာရာ နုဘာဝနေ
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော ။
ဤကဲ့သို့ သင်္ကြန်ကာလအတွင်း နေ့စဉ် ရက်မပျက်စေဘဲ ကျင့်ဆောင် သွားပါလျှင် ပြောတိုင်း ဆိုတိုင်းအောင်မြင်စေ၏။ ဘေးရန်အန္တရာယ် ကင်းဝေးစေ၏။ သြဇာအာဏာ တည်စေ၏။ သမ္မာဒေဝနတ်များ၊ လောကပါလ နတ်ဒေဝါများ အမြဲ စောင့်ရှောက်ရ၏။ အားလုံးသော မိတ်ဆွေများ ကျန်းမာချမ်းသာ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ ...
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope