ထူးဆန်းသော ဂမ္ဘီရပညာရပ်များနဲ့ ဆက်စပ်နေတဲ့ ဆော်လမွန်လက်စွပ် အမှတ်အသား
lotaya.mpt.com.mm
|
2024-04-16

ဆော်လမွန်လက်စွပ်ကို လက်ညိုး၏ အခြေဘက်၊ ကြာသပတေးဂြိုဟ်ခုံကို ဗဟိုပြုပြီးဖြစ်တည်နေသည့် ကွေးညွတ်သော မျဉ်းတစ်ကြောင်းဖြစ်ပြီး ထိုလမ်းကြောင်းကို ကြာသပတေး လက်စွပ် (သို့) ဆော်လမွန်လက်စွပ်ဟု ခေါ်တာပါ။ ဆော်လမွန်လက်စွပ်ကို အနာအဆာမရှိဘဲ ကြာသာပတေးဂြိုဟ်ခုံမှာ လေးကိုင်းသဖွယ်တွေ့ရသည်ကတော့ အလွန်ရှားပါးလှပြီး အပိုင်းအစများအဖြစ်လည်းကောင်း၊ မျဉ်းဖျောင့်မကျတကျ ပုံဖြင့်လည်းကောင်း၊ အပိုင်းဖြတ်များဆက် နေသည့်ပုံစံဖြင့်လည်းကောင်း တွေ့ရသည်ကများပါတယ်။

ဆော်လမွန်လက်စွပ်ဟာ ဝိဇ္ဇာပညာရပ်များ၊ ထူးဆန်းသော ဂမ္ဘီရပညာရပ်များနဲ့ ဆက်စပ်နေသလို တရားသဖြင့် စီရင်ခြင်း၊ဆောင်ရွက်ခြင်းတို့နှင့်လည်း ပါတ်သက်လို့နေပါတယ်။ လက္ခဏာမှာ ဆော်လမွန်လက်စွပ်ပါရှိခဲ့ရင် ထိူပုဂ္ဂိုလ်ဟာ ညဏ်ကောင်းသောသူ၊ ဖြတ်ထိူးညဏ်ရှိသူ၊ တစ်ခုခုကိုကြိုတင်သိနေတတ်သောသူ၊ လျှို့ဝှက်ဆန်းကျယ်သော၊ နက်နဲသိမ်မွေ့ သော ပုဂ္ဂိုလ် ဖြစ်ဖို့များတယ်။ ယဉ်ကျေးပြီး အလိုက်သိတတ်သူဖြစ်ပြီး သိတတ်သူ၊ ကိုယ်ချင်းစာတတ်သူလို့ပြောရင်လည်း မမှားပါဘူး။


၀ယ်ယူရန် နှိပ်ပါ သိပ္ပံပညာရပ်များ၊ ဝိဇ္ဇာပညာရပ်များမှာလည်း ထူးချွန်လို့ လူအများရဲ့ အထင်ကြီးလေးစားခံရသူဖြစ်ပါလိမ့်မယ်။ ဆော်လမွန်လက်စွပ် ထင်ရှားစွာပါရှိပြီး အားကောင်းတဲ့အခြေအနေမှာရှိမယ်၊ လက်ပုံစံ၊ လက်မအနေအထားတွေ ကောင်းမယ်ဆိုရင် ဆဌမအာရုံရှိသူဖြစ်ပြီး အရာရာကို ကြိုတင်ချိန်ဆနိုင်တာ၊ ကြိုတင်သိမြင်တာမျိုးတွေအထိ အာရုံခံစားနိုင်မှု့၊ စိတ်ကို စူးစိုက်နိုင်မှု့ကောင်းမွန်သူလို့ ပြောရမှာပါ။

ဒီအမှတ်အသားပါတဲ့သူဟာ လူ့သဘော လူ့မနောကို ထုံးလိုကြေ၊ရေလိုနှောက်သိမြင်ထားတဲ့သူဖြစ်လို့ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဖြစ်တယ်။ ဒါတင်မက အနုပညာနယ်ပါယ်မှာလည်း အနုပညာနဲ့ပါတ်သက်ပြီး အကောင်းဆုံးအနုပညာရပ်တွေကို ဖန်တီးနိုင်ပါတယ်၊ တေးဂီတတွေကို ဖန်တီးနိုင်တာ၊ ပန်းချီ၊ ပန်းပု စတဲ့ ပန်း(၁၀)မျိုးအနုပညာရပ်တွေမှာလည်း စိတ်အာရုံကိုနစ်ပြီး လုပ်ဆောင်စွမ်းတာဖြစ်လို့ လက်ရာတွေက သူမတူတဲ့ လက်ရာတွေနဲ့ ကျော်ကြားတတ်ပါတယ်။

ထူးခြားချက်အနေနဲ့ ပြောရရင် ဒီဆော်လမွန်လက်စွတ်ပါရှိတဲ့သူတွေဟာ ကံကောင်းခြင်းအမှတ်အသားဖြစ်လို့ ကံကောင်းခြင်းတွေက ကာကွယ်ပေးနေတတ်တယ်။ ဒုက္ခရောက်တော့မယ်ဆိုရင်လည်း အကောင်းဆုံး ကာကွယ်ပေးပြီး ကူသူ၊ ကယ်သူပေါ်လာမြဲဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope


#လက္ခဏာ
#ကြာသပတေး

Some text some message..